ဝင်းကိုကိုလတ်
လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေးကော်မရှင်ဖွဲ့စည်းရာတွင် အမည်စာရင်းတင်သွင်းထားသည့် ပုဂ္ဂိုလ် ငါးဦးအနက်မှ ဥက္ကဋ္ဌအဖြစ် စစ်မှုထမ်းဟောင်း ဦးမြ၀င်းနှင့် အငြိမ်းစား သံအမတ်ကြီး ဦးတင်ဦးတို့ကို အတွင်းရေးမှူးများအဖြစ် တာဝန်ပေးအပ်ရန်လျာထားသည်ဟု သမ္မတ ဦးသိန်းစိန်က ဖေဖော်ဝါရီလ ၂၀ ရက်စွဲဖြင့် ပြည်ထောင်စု လွှတ်တ်ာသို့ ပေးပို့ခဲ့သည်။
လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေးကော်မရှင်အဖွဲ့ဖွဲ့စည်းရန် နိုင်ငံတော်သမ္မတက ငါးဦး၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်ဥက္ကဌများက ငါးဦး စုစုပေါင်း ၁၅ ဦးဖြင့် ဖွဲ့စည်းရန် သမ္မတက ပြည်ထောင်စုလွှတ်တော်သို့ သ၀ဏ်လွှာပေးပို့ရာတွင် ဖော်ပြထားခြင်းဖြစ်သည်။
လာဘ်ပေးလာဘ်ယူမှုပပျောက်ရေးကော်မရှင်အဖွဲ့ဖွဲ့စည်းရန် နိုင်ငံတော်သမ္မတက ငါးဦး၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်ဥက္ကဌများက ငါးဦး စုစုပေါင်း ၁၅ ဦးဖြင့် ဖွဲ့စည်းရန် သမ္မတက ပြည်ထောင်စုလွှတ်တော်သို့ သ၀ဏ်လွှာပေးပို့ရာတွင် ဖော်ပြထားခြင်းဖြစ်သည်။
နိုင်ငံတော်သမ္မတက ဦးမြ၀င်း၊ စစ်မှုထမ်း(အငြိမ်းစား)၊ ဦးတင်ဦး၊ သံအမတ်ကြီး(ငြိမ်း)၊ ဦးကျော်ကျော်၊ ညွှန်ကြားရေးမှူးချုပ်(ငြိမ်း၊ နိုင်ငံခြားရေးဝန်ကြီးဌာန)၊ ဦးစိုးတင့်၊ ညွှန်ကြားရေးမှူး(ငြိမ်း၊ ပြည်ထောင်စုစာ ရင်းစစ်ချုပ်ရုံး)၊ ဦးသန်းအောင်၊ ညွှန်ကြားရေးမှူး(ငြိမ်း၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး)၊ ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းက ဦးမောင်ရှိန်၊ စစ်မှုထမ်း(ငြိမ်း)၊ ဒေါက်တာတိုက်စံ၊ ပါမောက္ခ၊ငြိမ်း( တပ်မတော် နည်းပညာတက္ကသိုလ်)၊ ဦးနေ၀င်း၊ သံအမတ်ကြီး(ငြိမ်း)၊ ဒေါ်မြတ်မြတ်စိုး၊ ညွှန်ကြားရေးမှူးချုပ်၊(ငြိမ်း၊ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန)နှင့် ဦးသင်းမောင်၊ ညွှန်ကြားရေးမှူး(ငြိမ်း၊ အမျိုးသားစီမံကိန်းနှင့် ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန)နှင့် အမျိုးသားလွှတ်တော်ဥက္ကဌ ဦးခင်အောင်မြင့်က ဦးဆွန်ဒုတ်ကျင့်၊ ဒုတိယညွှန်ကြားရေးမှူး၊ (ငြိမ်း၊ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန)၊ ဒေါက်တာညီညီထွန်း၊ တိရစ္ဆာန်ဆေးကုဆရာဝန်၊ (ငြိမ်း၊ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန)၊ ဦးကျော်မြင့်၊ (ငြိမ်း၊ စစ်မှုထမ်း)၊ ဒေါ်သန်းသန်းရီ(ငြိမ်း၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံ)နှင့် ဦးအောင်လှိုင်စိုး(ညွှန်ကြားရေးမှူး၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ငြိမ်း) တို့အား အသီးသီး အမည်စာရင်းတင်သွင်းထားသည်။
အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေကို သြဂုတ်လ ၇ ရက်၊ ၂၀၁၃ ခုနှစ်က ပြဌာန်းခဲ့ပြီး စက်တင်ဘာလ ၁၇ ရက်၊ ၂၀၁၃ ခုနှစ်တွင် စတင်အာဏာတည်ခဲ့သည့် ဥပဒေဖြစ်သည်။
လာဘ်ပေးလာဘ်ယူမှုပပျောက်ရေးကော်မရှင်တွင် တာဝန်ပေးအပ်နိုင်ရေးအတွက် အဂတိလိုက်စားမှု ပပျောက်ရေးကော်မရှင်တွင် တာဝန်ပေးအပ်နိုင်ရန်အတွက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၇၊ ပုဒ်မခွဲ(က)ပါ ပြဌာန်းချက်အရ ပြည်ထောင်စုလွှတ်တော်၏သဘောတူညီချက်ရယူပေးနိုင်ပါရန် ပေးပို့ပါသည်ဟုသမ္မတ၏ သ၀ဏ်လွှာတွင် ဖော်ပြထားသည်။
ပြည်ထောင်စုလွှတ်တော်က နာယက သူရဦးရွှေမန်းက အဆိုပါသ၀ဏ်လွှာနှင့် ပတ်သတ်၍ ဆွေးနွေးလိုသူများ ဖေဖော်ဝါရီလ ၂၄ ရက် နောက်ဆုံးထားကာ ပြည်ထောင်စုလွှတ်တော်၊ ညွှန်ကြားရေးမှူးချုပ်ထံစာရင်းပေးပို့နိုင် သည်ဟု ကြော်ငြာခဲ့သည်။
No comments:
Post a Comment