Thursday, February 20, 2014

၁၅၀၀ ဆင်းမ်ကတ် ပြင်ပပေါက်ဈေး ကျပ် ၁၀,၀၀၀ ၀န်းကျင် လျော့ကျ

မောင်မန်း

ပြည်ပအော်ပရေတာနှစ်ခုကို ပြည်တွင်းတွင် ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ကိုင်ရန် ခွင့်ပြုပြီးနောက်ပိုင်း ၁၅၀၀ တန်မိုဘိုင်း ဆင်းမ်ကတ်များ၏ ပြင်ပပေါက်ဈေးမှာ ကျပ် ၁၀,၀၀၀ ၀န်းကျင် လျော့ကျလာသည်ဟု ပြည်တွင်းမိုဘိုင်းဈေးကွက်အတွင်းက စုံစမ်းသိရှိရသည်။

ဆင်းမ်ကတ်ရောင်းချပေးသည့် Main Point Gold မိုဘိုင်းဆိုင်မှ တာဝန်ရှိသူတစ်ဦးက “အရင်လတွေက ထက် ပိုသက်သာသွားပါပြီ။ လက်ရှိ GSM က ကျပ် ၁၁၀,၀၀၀ ၀န်းကျင်ပေါ့။ အရင်ကထက်ဆိုရင် ကျပ် ၁၀,၀၀၀ လောက်ကျသွားပါတယ်။ CDMA ဆိုလည်း ကျပ် ၈၀,၀၀၀ ၀န်းကျင်ပါ။ အရင်ကဆို CDMA က ကောက်ဈေးတင် ကျပ် ၈၅,၀၀၀ လောက်ရှိပါတယ်”ဟု ဆိုသည်။

ဈေးကွက်အတွင်းတွင် GSM မိုဘိုင်းဆင်းမ်ကတ်မှာ ကျပ် ၁၁၀,၀၀၀ ၀န်းကျင်ရှိပြီး ယခင်က ကျပ် ၁၂၀,၀၀၀ ၀န်းကျင်ရှိသည်။CDMA ဈေးနှုန်းမှာ ကျပ် ၉၀,၀၀၀ ၀န်းကျင်ရှိပြီး လက်ရှိတွင် ကျပ် ၈၀,၀၀၀ ၀န်းကျင်ရှိသည်။

ဆင်းမ်ကတ်ဈေးနှုန်းများနှင့်ပတ်သက်ပြီး Update မိုဘိုင်းမှ တာဝန်ရှိသူတစ်ဦးကလည်း “GSM ဆို ကျပ် ၁၁၀,၀၀၀ ပါပဲ။CDMA ကတော့ လောလောဆယ် ပစ္စည်းမရှိပါဘူး”ဟု ဆိုသည်။

လက်ရှိဈေးကွက်အတွင်းတွင် ဆင်းမ်ကတ်အရောင်းအ၀ယ် အနည်းငယ်အေးနေပြီး အသုံးပြုသူများအနေ ဖြင့် ပြည်ပအော်ပရေတာများက ချထားပေးမည့်ဆင်းမ်ကတ်များကို စိတ်ဝင်စားမှု ပိုများနေသည်။ ပြည် တွင်းတွင် ပြည်ပအော်ပရေတာအဖြစ် တယ်လီနောနှင့် အူရီးဒူးကို လုပ်ကိုင်ခွင့်ပြုပြီး နောက်ပိုင်းလာမည့် ခြောက်လခန့်အတွင်း မိုဘိုင်းဖုန်းဆင်းမ်ကတ်များ ချထားပေးနိုင်သောကြောင့် စောင့်နေကြခြင်းဖြစ်သည်။

ဆင်းမ်ကတ်အရောင်းအ၀ယ်ပြုလုပ်သူ တစ်ဦးကလည်း “၀ယ်သူတွေက အသစ်ချပေးမယ့် အော်ပရေတာ တွေရဲ့ဖုန်းတွေကို မျှော်နေတယ်။ ဖုန်းပြောဆိုခလည်း သက်သာမယ်လို့ မျှော်လင့်တာပါတာပေါ့။ အရင်က လိုချင်တဲ့သူတွေတောင် ခြောက်လလောက်ကို စောင့်လိုက်ကြတာရှိတယ်လေ။ အရောင်းက နည်းနည်း အေးသွားတယ်”ဟု ဆိုသည်။

ယင်းအပြင် ဆင်းမ်ကတ်များကို လူမှုကွန်ရက်များမှတစ်ဆင့် ရောင်းချခြင်းများလည်းတွင်ကျယ်နေပြီး အဆိုပါဆိုင်များပေါ်တွင် ၁၅၀၀ တန်CDMA အတွက် ကျပ် ၇၀,၀၀၀ ၀န်းကျင်၊ ၁၅၀၀ တန်GSMများ အတွက် ၁၁၀,၀၀၀ ၀န်းကျင်၊ နှစ်သိန်းတန်WCDMA နှင့် CDMA 450 ဖုန်းများအတွက် ကျပ် ၂၅၀,၀၀၀ ၀န်းကျင်ဖြင့် အရောင်းအ၀ယ်ဖြစ်နေသည်။

No comments: