Monday, February 24, 2014

တောင်ကြီးမြို့တွင်း လောင်စာဆီ ရောင်းဝယ် သူများအား စည်းကမ်း တင်းကျပ် ဆိုင်ကယ် သမားများ အခက်တွေ့

သျှမ်းသံတော်ဆင့် / ယိင်းတိုင်း

တောင်ကြီးမြို့တွင်း လောင်စာဆီ ရောင်းချခြင်း မပြုရန် တားမြစ် မိန့်များ ချထားခြင်း ကြောင့် ရောင်းသူ အတွက်ရော ၀ယ်သူ အတွက်ပါ အခက်အခဲ တွေ့ရကြောင်း တောင်ကြီး မြို့ခံများ ပြောဆို နေကြ ပါသည်။

“ကံရှေ့ရပ်ကွက်ထဲက ကုန်သွယ်လမ်း၊ မြို့မရပ်ကွက် ဘုရားကြီးလမ်း ၊ ညောင်ဖြူစခန်းရပ်ကွက်ရှိ ဗေဒါ လမ်းနဲ့ နှင်းဆီလမ်းတွေမှာ စစ်ဆေးတွေ့ရှိဖမ်းဆီးမိတယ်တဲ့။ နွေရာသီထဲဝင်တော့မှာမို့ သူတို့တင်း ကျပ်လာတာပါ။ ခါတိုင်းနှစ်တွေလဲ ကြေငြာပါတယ်။ ဒါပေမယ့်ဒီနှစ်က စောစောစီးစီး ဖမ်းလားဆီး လားလုပ်လာတော့လေ။ ဆိုင်ကယ်သမားတွေ တက်စီသမားတွေအတွက် အခက်တွေ့တာ ပေါ့ဗျာ။ ဆီဖြည့် ဖို့ လိုရင် ဟိုး မြို့ပြင်အထိ ပြန်ပြန်ထွက်သွားရတာ အသွားအလာနဲ့တင် ဆီကတော်တော် ကုန်နေပြီ ” ဟု ကန်ရှေ့ရပ်ဒေသခံ ဦးမြကပြောသည်။

တောင်ကြီးမြို့အတွင်း လောင်စာဆီများလက်လီ/လက်ကားရောင်းဝယ်ခြင်း ၊ နေအိမ်များတွင်းသို့ သိုလှေင် ဖြန့်ဖြူးခြင်း၊ တရားမဝင်ရောင်းချခြင်းများမပြုလုပ်ရန်နှင့် လောင်စာဆီများအားတရားဝင် ရောင်းချခွင့်မှတ်ပုံတင်ရ ရှိခွင့်ရရှိထားသူများလည်း ခွင့်ပြုချက်ရရှိထားသည့်နေရာများမှအပ လူနေရပ် ကွက်များ သိုလှောင်/ရောင်းချခြင်း မပြုလုပ်ရန် ရပ်ကွက်တိုင်းတွင်ကြေငြာထားကြောင်း ဦးမြကပြောသည်။

“ ဖမ်းဆီးရမိတဲ့ လောင်စာဆီတွေကို အရေးကြီးကုန်စည်နှင့် ၀န်ဆောင် ဥပဒေပုဒ်မ (၅) အရအရေးယူ ထားပါ တယ်။ နွေရာသီရောက်လာပြီဖြစ်တဲ့အတွက် မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်တဲ့အနေနဲ့ ပြည်နယ်အစိုးရရဲ့ ညွန်ကြားချက်နဲ့ဖမ်းရခြင်းဖြစ်တယ်” - ဟု တာဝန်ရှိရဲတဦး ဖြေကြားခဲ့သည်။

ခရိုင်/မြို့နယ် စီမံခန့်ခွဲမှု ကော်မတီ၊ ခရိုင်/မြို့နယ် စက်သုံးဆီတင်သွင်း၊ သိုလှောင် ၊ သယ်ယူဖြန့်ဖြူး ရောင်းချ ခြင်းလုပ်ငန်းများ ကြီးကြပ်ထိန်းသိမ်းရေးဆပ်ကော်မတီများနှင့်ညှိနှိုင်း၍ တရားမဝင်စက်သုံး ဆီမှောင်ခိုရောင်း ချမှုများ ဖော်ထုတ်ဖမ်းဆီးသွားမည်ဖြစ်ကြောင်း ရဲစခန်းကပြောပါသည်။

“အရင်ကတော့ ဓါတ်ဆီရောင်းတယ်ဆိုတာ ကိုယ့်မိသားစုအတွက် တပိုင်တနိုင် စီပွားရေးလေးတစ်ခု ပဲလေ၊ ခုလို မရောင်းရတော့ဘူးလို့ပြောဆိုလာတော့ စားဝတ်နေရေးကျပ်တည်းတာပေါ့ ၊ခွင့်ပြုချက်ရ ထား တဲ့ဆီပန့်တွေက အချိန်အကန့်အသတ်နဲ့ရောင်းတာဆိုတော့ ဆိုင်ကယ် ဆီပြတ်တဲ့အခါ လည်း တော်တော်အခက်တွေ့ ပါတယ် ” -ဟု ဓါတ်ဆီဆိုင်ဖွင့်ခဲ့ဖူးသူ တစ်ဦးကပြောသည်။

၁၉၉၆-၉၇ ခုနှစ်ကတည်းက တောင်ကြီးမြို့တွင်းရှိ အိမ်ဆိုင်၊ အပြင်ဆိုင်ဖွင့်ရောင်းသည့် လောင်စာဆီ အရောင်း ဆိုင်များအားလုံးကို မြို့အဝင်ဂိတ်အနီးတွင် ရွှေ့ပြောင်းရောင်းချခိုင်းခဲ့ ပါသည်။

No comments: