နန်းလွင်နှင်းပွင့်
စစ်တပ်က သိမ်းဆည်းထားသည့် ယာမြေဧက ၁၅ဝဝ ကျော် ပြန်လည် ရရှိရန် ရှမ်းပြည်နယ် တောင်ပိုင်း၊ ဟဲဟိုးမြို့ ၊ မိုးဗျဲ ကျေးရွာက ကယန်း-ပဒေါင် လူမျိုး တောင်သူ ၂ဝဝ ကျော်တို့သည် ခမရ ၄၂၂ တပ်ကို ဖေဖော်ဝါရီလ ၅ ရက်ကဆန္ဒတြောင်းဆိုခဲ့သည်ဟု ဆန္ဒပြရာတွင် ဦးဆောင်ခဲ့သူ ဦးစိုးပိုင်က မဇ္ဈိမကို ပြောသည်။
“သိမ်းခံရတာတော့ ၂၂ နှစ် ရှိပြီ၊ အရင်က ပြောဆိုခွင့် ပြန်တောင်းခွင့် မရှိခဲ့ဘူး၊ အခုတော့ တရားဝင် ဆန္ဒထုတ်ဖော်တောင်းဆို တာ၊ ဒီမြေတွေက ကျွန်တော်တို့ ဘိုးဘွားပိုင် မြေတွေ ၊ ပြန်လိုချင်တယ်”ဟု ဦးစိုးပိုင်က ပြောသည်။
ခမရ ၄၄၂တပ်ရင်းမှ တာဝန်ရှိသူများက ယာမြေများကို သိမ်းဆည်းခဲ့ခြင်းကြောင့် ဖေဖော်ဝါရီလ ၅ရက် နံနက် ၉နာနရီမှ ၁၁နာရီ ၁၅မိနစ်အထိ မိုးဗျဲကျေးရွာတွင် တောင်သူ ၂ဝဝကျော်က ထိုခမရ ၄၄၂တပ်ကို ဟဲဟိုးမြို့နယ် ရဲစခန်း၏ ခွင့်ပြုချက်ဖြင့် တရားဝင် ဆန္ဒပြခဲ့သည်။
လယ်သမားအနေဖြင့် လယ်ယာမြေများ သိမ်းဆည်းခံရခြင်းကြောင့် ၂ဝ၁၃ခုနှစ် ဇွန်လ ၂၅ရက်တွင် ရှမ်းပြည်နယ် ဝန်ကြီးချုပ်ထံ သို့ တိုင်စာပို့ခဲ့ပြီး စက်တင်ဘာလ ၁၄ရက်တွင် လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခံရမှုကြောင့် ပြည်သူများ နစ်နာမှု မရှိစေရေး အတွက် စုံစမ်းစစ်ဆေးရေးကော်မရှင်ကိုတင်ခဲ့ပြီး စက်တင်ဘာ ၂၇တွင် သမ္မတ၊ ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေး ဝန်ကြီးဌာန တို့ကို စာဖြင့် တိုင်ကြားခဲ့သော်လည်း ထူးခြင်းမှု မရှိသဖြင့် ၂ဝ၁၄ခုနှစ် ဇန်နဝါရီလ ၇ရက်တွင် သမ္မတ၊ ကာကွယ်ရေး ဦးစီးချုပ်၊ ကာကွယ်ရေးဝန်ကြီးဌာနနှင့် လယ်ယာမြေ စုံစမ်းစစ်ဆေးရေး ကော်မရှင်တို့ကို ထပ်မံတိုင်ကြားခဲ့သည်ဟု ဆန္ဒပြ ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးအောင်မျိုးခန့်က ပြောသည်။
၁၉၉၂ခုနှစ်တွင် ကယန်း-ပဒေါင်လူမျိုး လယ်သမားများ၏ မိုးဗျဲမြို့ အရှေ့ဘက်ခြမ်းက ယာ ဧက ၅ဝဝနှင့် အနောက်ဘက်အခြမ်းက ဧက ၁ဝဝဝကျော်ကို သိမ်းဆည်းသွားခဲ့ခြင်းဖြစ်ပြီး လျော်ကြေးတစ်စုံတစ်ရာ ပေးလျော်ခြင်းမရှိခဲ့ဟုလည်း ၎င်းက ပြောသည်။
သိမ်းဆည်းခဲ့စဉ်က ယာမြေများပေါ်တွင် ပဲ၊ ပြောင်းဖူးကို အဓိက စိုက်ပျိုးခဲ့ပြီး စစ်တပ်မှ ထိုနေရာကို စီမံကိန်း နယ်မြေအဖြစ် သတ်မှတ်ကာ သိမ်းဆည်းခဲ့သည်ဟု ဆိုသည်။
No comments:
Post a Comment