Monday, February 24, 2014

မြန်မာပြည် နေရာတချို့မှာ တီဘီရောဂါ အခမဲ့ စစ်နိုင်ပြီလို့ဆို

ABC

မြန်မာနိုင်ငံက ​ပြည်နယ်နဲ့ ​တိုင်းဒေသတချို့မှာ ​တီဘီရောဂါ ​အခမဲ့ ​စစ်ဆေးနိုင်တော့မယ်လို့ ​သိရပါတယ်။

တီဘီရောဂါပိုးတွေကို ​အသေးစိတ် ​စမ်းသပ်ရှာဖွေနိုင်တဲ့ ​နောက်ဆုံးပေါ် ​Gene ​X ​Pert ​(PCR) ​စက်အလုံး ​၂၀ ​ကို ​ကျန်းမာရေးဝန်ကြီးဌာနက ​ပြည်နယ်နဲ့ ​တိုင်း ​ဆေးရုံကြီးတွေမှာ ​ဖြန့်ချီထားတာဖြစ်ပြီး ​ဘယ်သူမဆို ​တီဘီအခမဲ့စစ်ဆေးနိုင်တယ်လို့ ​ဆိုပါတယ်။

VIP ​အရေးကြီးတဲ့ ​ပုဂ္ဂိုလ်ကိုယ်မှ ​မဟုတ်ပဲ ​လူတိုင်းကို ​စစ်ဆေးပေးတာမဟုတ်ပဲ ​လူတိုင်းကို ​အခမဲ့ ​စစ်ဆေးခွင့်ပေးတာဖြစ်ပြီး ​အခုနောက်ဆုံးပေါ် ​စက်တွေနဲ့ ​ရောဂါပိုးရှိမရှိကို ​၄၅ ​မိနစ်အတွင်း ​အဖြေသိနိုင်မှာဖြစ်တယ်လို့လည်း ​အဆုတ်နှင့် ​ရင်ခေါင်းရောဂါ ​အထူးကု ​သမားတော်ကြီး ​ပါမောက္ခ ​ဒေါက်တာဝင်းနိုင်က ​ပြောပါတယ်။ ​အရင်စက်တွေတုန်းက ​အဖြေသိဖို့ ​တစ်လခွဲ၊ ​နှစ်လစောင့်ရတာဖြစ်ပေမယ့် ​အခုစက်တွေကတော့ ​တစ်နာရီအတွင်း ​အဖြေသိနိုင်တာ ​ဖြစ်ပါတယ်။

တီဘီရောဂါပိုးကောင်ရေတွေကို ​အသေးစိတ်စမ်းသပ်ရှာဖွေနိုင်တဲ့ ​နောက်ဆုံးပေါ် ​Gene ​X ​Pert ​(PCR) ​စက်တွေကို ​၂၀၁၃ခုနှစ် ​သြဂုတ်လကတည်းက ​စတင်ဖြန့်ချီခဲ့ကြောင်းလည်း ​သိရပါတယ်။

မြန်မာနိုင်ငံဟာ ​ကမ္ဘာ့ ​တီဘီရောဂါဖြစ်ပွားမှုနှုန်း ​အများဆုံး ​နိုင်ငံ ​၂၇ ​နိုင်ငံထဲမှာ ​ပါဝင်ပြီး ​ လူဦးရေ ​တစ်သိန်းမှာ ​အယောက် ​၃၀၀လောက်က ​တီဘီရောဂါခံစားနေရတဲ့ ​နှုန်းလောက်ရှိနေပြီး ​ဆေးမတိုးတဲ့ ​တီဘီရောဂါခံစားရသူတွေ ​များပြားကြောင်းလည်း ​မြစ်မခသတင်းအရ ​သိရပါတယ်။

No comments: