မင်းမင်း
အစိုးရရုံးစိုက်ရာ နေပြည်တော် ကောင်စီနယ်မြေအတွက် နိုင်ငံပိုင်လုပ်ငန်း စီမံကိန်းများတွင်သုံးစွဲရန် အစိုးရလျာထားသည့် ကျပ်သန်းပေါင်း နှစ်သိန်းနီးပါး (၁၉၆ ဒသမ ၉၄၅ ဘီလီယံ)မှာ မလိုအပ်ဘဲ ငွေပမာ ဏများလွန်းနေသည်ဟု ပြည်သူ့လွှတ်တော်၏ ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီက ဝေဖန်လိုက်သည်။
“တစ်မြို့နယ်၊ တစ်နေရာ ဖွံ့ဖြိုးတိုးတက်နေရုံနဲ့ တစ်နိုင်ငံလုံး တိုးတက်လာမှာ မဟုတ်ပါဘူး။ တစ်နိုင်ငံလုံး မှာရှိတဲ့ မြို့နယ်များရဲ့လိုအပ်ချက်ကိုလည်း မျှတစဉ်းစား ပေးရမယ်” ဟု ပြည်သူ့ငွေစာရင်းပူးပေါင်း ကော် မတီကိုယ်စား ကော်မတီဝင်ဖြစ်သည့် ကသာမြို့နယ်မှ ပြည်သူ့လွှတ်တော်အမတ် ဦးမိုးဇော်ဟိန်းက ပြော သည်။
၂၀၁၄-၁၅ ဘဏ္ဍာနှစ်အတွက် အစိုးရ ရေးဆွဲထားသည့် အမျိုးသားစီမံကိန်း ဥပဒေကြမ်းပါ “နိုင်ငံပိုင်လုပ် ငန်း စီမံကိန်းနှင့် ရင်းနှီးမြှုပ်နှံမှုလျာထားချက်” ကို ဖေဖော်ဝါရီ ၆ ရက်က ပြည်ထောင်စု လွှတ်တော်တွင် ဆွေးနွေးစဉ် ဝေဖန်ခဲ့ခြင်း ဖြစ်သည်။
ယခုလျာထားသည့် ငွေပမာဏမှာ လက်ရှိဘဏ္ဍာနှစ်ထက် သန်းပေါင်းနှစ် သောင်းနီးပါး (တစ်ဆယ်ရာခိုင် နှုန်းခန့်) ပိုနေသည်ဟုလည်း ကော်မတီဝင် ဦးမိုးဇော်ဟိန်း ကဆိုသည်။
နေပြည်တော်ကောင်စီနယ်မြေအတွက် သုံးစွဲရန် အစိုးရလျာထားသည့် နိုင်ငံပိုင်လုပ်ငန်း စီမံကိန်းများမှာ လမ်းနှင့် တံတားတည်ဆောက်ခြင်း၊ အဆောက်အအုံ တည်ဆောက်ခြင်း၊ ရေရရှိရေးလုပ်ငန်း၊ ဆည်တာ တမံတည်ဆောက်ခြင်း၊ လျှပ်စစ်ဓာတ်အားပေးရေးနှင့် ဓာတ်အားလိုင်းများ တည်ဆောက်ခြင်း၊ဆက်သွယ် ရေး လုပ်ငန်းနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းတို့ ဖြစ်သည်။
နေပြည်တော်အတွက် လျာထားသည့် အဆိုပါ ကုန်ကျငွေများအပေါ် ကျောက်ဖြူမြို့နယ်မှ ပြည်သူ့လွှတ် တော်အမတ် ဦးဘရှိန်က “သူတို့အတွက်ကတော့ နည်းတောင် နည်းသေးတယ် ထင်မှာပေါ့ဗျာ။ ပိုက်ဆံ တွေက နေပြည်တော်မှာ ဗုံးပေါ လအောသုံးနေပြီးတော့ အများပြည်သူကိုမှ မကြည့်ဘဲ။ ဒီနေပြည်တော် ကြီးဖြစ်လာဖို့ ကုန်ကျတဲ့ငွေတွေအတွက် အများပြည်သူ ဘယ်လောက် ဒုက္ခရောက်ရလဲလို့ စဉ်းစားပေါ့ ဗျာ” ဟု မဇ္ဈိမကို ပြောသည်။
ယခုသုံးစွဲရန် လျာထားသည့် လုပ်ငန်းများတွင် ကုန်ကျမည့်ငွေကြေးများကို ပြန်လည်သုံးသပ်သင့်ပြီး နိုင်ငံအ၀ှမ်းရှိ ကျေးလက်နေပြည်သူများ လိုအပ်လျက် ရှိနေသည့် ကျေးလက်မီးလင်းရေးနှင့် ကျေးလက် ကျန်းမာရေးစသည့် လုပ်ငန်းများတွင် ပြောင်းလဲသုံးစွဲသင့်သည်ဟုလည်း ပြည်သူ့ငွေစာရင်း ပူးပေါင်းကော် မတီဝင် ဦးမိုးဇော်ဟိန်းက ထောက်ပြခဲ့သည်။
လမ်းခင်းရန် လျာထားသည့် လုပ်ငန်းများတွင်လည်း အချို့လမ်းများမှာ ယမန်နှစ် ဘတ်ဂျက်ကာလတွင် ချထားပေးပြီးလည်း ဖြစ်သည်ဟု ၎င်းကဆိုသည်။
အဆောက်အအုံ လုပ်ငန်းများတွင်လည်း နေပြည်တော်ရှိ ခရိုင်အုပ်ချုပ်ရေးမှူး(၂) ရုံးအတွက် ကုန်ကျငွေ ကျပ် သန်းတစ်ထောင်(တစ်ဘီလီယံ)နှင့် ရဲကင်း နှစ်လုံးအတွက် ကျပ်သန်းပေါင်း ၁၃၈ သန်းနီးပါးကုန် ကျမည်ဟု အမျိုးသား စီးပွားရေးဥပဒေကြမ်းတွင် အစိုးရက လျာထားသည်။
ယင်းအပြင် ဖွံ့ဖြိုးရေးလုပ်ငန်းများတွင်လည်း “အခြားတိုင်းဒေသကြီး ပြည်နယ်များ မြို့နယ်များမှာရှိတဲ့ ကျေးလက်လမ်းတွေ ခွဲဝေချထားမှုနဲ့နှိုင်းယှဉ်ပါက အလွန် ကွာခြားနေတယ်” ဟု ဦးမိုးဇော်ဟိန်းက ဆို သည်။
ထိုဥပဒေကြမ်းရှိ နယ်မြေအလိုက် ဖွံ့ ဖြိုးမှု လျာထားချက်တွင်လည်း နေပြည် တော်ကောင်စီနယ်မြေကို တစ်နိုင်ငံလုံး၏ သုံးပုံတစ်ပုံခန့်ဖြစ်သည့် (၂၈ဒသမ၂ ရာ ခိုင်နှုန်း) တိုးတက်ရန် အစိုးရကလျာ ထားသည်။
No comments:
Post a Comment