ကိုတိုးကြီး
စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရှိ မုံရွာ-ကလေးဝ-ရေဦး ကားလမ်းဆုံနေရာတွင် တရားမ၀င် တမလန်းသစ်များ သယ်ဆောင်လာသည့် ယာဉ်တစ်စီးအား သစ်တောအဖွဲ့နှင့် ရဲအဖွဲ့ကဖမ်းဆီးပြီး စစ်ဆေးချက်များ ရယူနေစဉ် သစ်သယ်ဆောင်လာသူက အပေါ့အပါးသွားဦးမည်ဟုဆိုကာ ထွက်ပြေးလွတ်မြောက်သွား ကြောင်း မုံရွာမြို့မ ရဲစခန်းမှ တာဝန်ကျ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
တရားမ၀င် တမလန်းသစ်များ သယ်ဆောင်လာသူ ထွက်ပြေးလွတ်မြောက်သွားသော်လည်း မုံရွာမြို့ နယ် သစ်တောဦးစီးဌာနက ဖမ်းဆီးရမိသော တမလန်းသစ်များကို သိမ်းဆည်းထားရှိပြီး ထွက်ပြေး လွတ်မြောက်သွားသူအား ဥပဒေအရ အရေးယူပေးရန် ယခုလ ၂၇ ရက် ည ၉ နာရီခွဲ အချိန်က မုံရွာမြို့ မရဲစခန်းသို့ သွားရောက်တိုင်တန်းခဲ့သည်ဟု သစ်တောရေးရာ ၀န်ထမ်းတစ်ဦးက ပြောသည်။
သစ်တောဦးစီးဌာန၏ တိုင်တန်းချက်ကိုလည်း မြို့မရဲစခန်းက ရဲမှတ်ပုံတင် (၂၅)၊ နှစ်စဉ် အမှတ်စဉ် ၁/၂၀၁၄ သစ်တော အက်ဥပဒေပုဒ်မ ၄၂(ခ)အရ အမှုရေးဖွင့်လက်ခံခဲ့သည်။
အဆိုပါ တရားမ၀င်သယ်ဆောင်လာသည့် တမလန်းသစ်များကို မုံရွာခရိုင်သစ်တောဦးစီးဌာန လက် ထောက်ညွှန်ကြားရေးမှူး ဦးအောင်ဖုန်း ဦးဆောင်၍ မြို့နယ်သစ်တော ဦးစီးမှူး ဦးမြင့်ကျော်၊ အလုံမြို့ နယ်သစ်တောဝန်ထမ်းများနှင့် အလုံနယ်မြေ ရဲစခန်းမှူး ရဲအုပ်ဇော်မင်းထွေးတို့အဖွဲ့က ယခုလ ၂၁ ရက် မွန်းလွဲ ၂ နာရီ ၂၅ မိနစ်အချိန်က ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။
နိုင်ငံတော်ပိုင် သယံဇာတပစ္စည်းဖြစ်သည့် တမလန်းသစ်များကို တရားမ၀င် သယ်ဆောင်လာသူမှာ ဖောင်းပြင်မြို့နယ်၊ မိုင်းချောင်းကျေးရွာနေကိုရွှေမြင့် အသက် (၃၀)နှစ် ဆိုသူက Nissan Diesel UD ခြောက်ဘီး အမျိုးအစားယာဉ်အမှတ် ၃ခ/ ------ ကားဖြင့် တမလန်းသစ်များကို တရားမ၀င်သယ်ဆောင် လာသည့်အတွက် သက်ဆိုင်ရာမှ ဖမ်းဆီးပြီး ယခုလ ၂၁ ရက် ညနေ ၄ နာရီခွဲအချိန်က စစ်ဆေးချက် များပြုလုပ်နေစဉ် ထိုသူမှ ထွက်ပြေးလွတ်မြောက်သွားခဲ့ခြင်း ဖြစ်သည်။
No comments:
Post a Comment