Thursday, February 6, 2014

ယူနတီဂျာနယ်မှဖမ်းဆီးခံရသူများ မိသားစုနှင့် တွေ့ခွင့်ရ

အေးမြင့်စန်း

အင်းစိန်ထောင်တွင် ဖမ်းဆီးခံထားရသည့် ယူနတီသတင်းဂျာနယ်မှ သတင်းထောက်လေးဦးနှင့် အမှု ဆောင်အယ်ဒီတာချုပ်တို့ ဇန်န၀ါရီလ ၄ ရက်တွင် မိသားစုနှင့် တွေ့ခွင့်ရခဲ့သည်ဟု မိသားစုဝင်များက ပြောသည်။

“စခေါ်သွားတည်းက ဘာအဆက်အသွယ်မှ မလုပ်ဘူး၊ ကျွန်မတို့ကိုယ်တိုင် စုံစမ်းမှ အင်းစိန်အကျဉ်း ထောင်မှာ ဖမ်းထားတယ်ဆိုတာ သိရတာ။ ရမန်ကြီး ၁၅ ရက်ယူထားတယ်။ တစ်ပတ်တစ်ခါတော့ တွေ့ ခွင့်ရမယ်လို့ အကျဉ်းဦးစီးက ပြောတယ်”ဟု အင်းစိန်အကျဉ်းထောင်တွင် ဖမ်းဆီးခံထားရသည့် ကိုရာဇာ ဦး၏ဇနီး မသိင်္ဂီထွန်းက ပြောသည်။

ယူနတီဂျာနယ်၏ အမှုဆောင်အယ်ဒီတာချုပ် ဦးတင့်ဆန်း၏တူဖြစ်သူ ကိုအောင်ဝင်းထွန်းကလည်း “ဦး တင့်ဆန်းက ဂျာနယ်ဆက်ထွက်နိုင်အောင် စည်းစည်းလုံးလုံးနေဖို့ရယ် မီဒီယာတွေမေးသမျှ ဖြေပေးဖို့။ ဒါမှ မီဒီယာတွေရဲ့အကူအညီရမှာလို့ ပြောတယ် ဦးတင့်ဆန်းနဲ့ သတင်းထောက်သုံးယောက်လုံးကို အင်း စိန်အကျဉ်းထောင် တိုက်(၅)၊ အခန်း(၂) မှာ ထားတယ်”ဟု ပြောသည်။

ဦးတင့်ဆန်းနှင့် သတင်းထောက်များကို နိုင်ငံတော်လျှို့ဝှက်ချက်ပေါက်ကြားမှုအက်ဥပဒေ ပုဒ်မ ၃/ ၁ (က) ဖြင့် အရေးယူထားသည်ဟုလည်း ကိုအောင်ဝင်းထွန်းက ပြောသည်။

ဇန်န၀ါရီ ၂၅ ရက်ထုတ် ယူနတီဂျာနယ်တွင် မကွေးတိုင်း၊ ပေါက်မြို့နယ်ရှိ လျှို့ဝှက်ဓာတုလက်နက်စက် ရုံဟု ယူဆရသည့်အကြောင်းကို မျက်နှာဖုံးတွင် ဖော်ပြခဲ့သဖြင့် အမှုဆောင်အယ်ဒီတာချုပ်နှင့် သတင်း ထောက်လေးဦးကို အာဏာပိုင်များက ဖမ်းဆီးခေါ်ဆောင်ထားခဲ့သည်။ ဖမ်းဆီးခံထားရသူများမှာ အမှု ဆောင်အယ်ဒီတာချုပ် ဦးတင့်ဆန်း၊ အကြီးတန်းသတင်းထောက် ကိုရာဇာဦး၊ ပိုင်သက်ကျော်၊ စည်သူစိုး ပေါက်မြို့နယ်ရှိ နယ်သတင်းထောက် ကိုလူမော်နိုင်တို့ ဖြစ်သည်။

ပခုက္ကူ အကျဉ်းထောင်၌ ဖမ်းဆီးထိန်းသိမ်းခံထားရသည့် နယ်သတင်းထောက် ကိုလူမော်နိုင်ကို ဖေဖော် ၀ါရီ ၃ ရက်က သွားရောက်တွေ့ဆုံသည့် ကိုလူမော်နိုင်ဇနီးမှာ ဖေဖော်ဝါရီ ၄ရက်အထိ ပြန်လည်ရောက် ရှိလာခြင်းမရှိသေးဟု တစ်ရပ်ကွက်တည်းနေ ပေါက်မြို့နယ် NLD ဥက္ကဋ္ဌ ဦးထွန်းဝင်းက ပြောသည်။

ပေါက်မြို့နယ်၊ အောင်တံခွန်ရပ်ကွက်ရှိ ကိုလူမော်နိုင် သော့ခတ်ထားသည့်အိမ်ကို ပခုက္ကူသတင်းတပ်ဖွဲ့ က ဖေဖော်ဝါရီ ၃ ရက်က ၀င်ရောက်ရှာဖွေကာ ကွန်ပျူတာတစ်လုံးကို သိမ်းဆည်းသွားခဲ့သည်ဟုလည်း ဦးထွန်းဝင်းက ပြောသည်။

အဆိုပါသတင်းထောက်များ ဖမ်းဆီးခံရမှုအတွက် မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ (ယာယီ)က ဖေဖော် ၀ါရီ ၄ ရက်တွင် ထုတ်ပြန်ကြေညာရာတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ နိုင်ငံသားတိုင်း၏ လွတ်လပ်တရား မျှတစွာ တရားစီရင်ပိုင်ခွင့်အတိုင်း ဆောင်ရွက်ပေးရန် တိုက်တွန်းထားသည်။

No comments: