Saturday, February 15, 2014

မြင်းမူမြို့တွင် ကျောက်တင်ရထားနှင့်ကား တိုက်မိ

ကိုတိုးကြီး

စစ်ကိုင်းခရိုင်၊ မြင်းမူမြို့ဝင်ရှိ မန္တလေး-မုံရွာကားလမ်းနှင့် မုံရွာ-မန္တလေး ရထားလမ်းဆုံတွင် ရထားနှင့်ကား တိုက်မိ၍ ကားပေါ်ပါ ခရီးသည် သုံးဦးဒဏ်ရာများ ရရှိခဲ့သည်ဟု မြင်းမူမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိ တစ်ဦးက ပြောသည်။

အဆိုပါ ရထားနှင့် ကားတိုက်မိသည့် နေရာသို့ မြင်းမူရဲစခန်းတွင် တာဝန်ထမ်းဆောင်နေသူ ရဲအုပ်တင် မောင်ရွှေနှင့်အဖွဲ့က သွားရောက်စိစစ်ခဲ့ရာ ကားနှင့်တိုက်မိသော ရထားမှာ စက်ခေါင်းအမှတ် DD – 648 ကျောက်ရထား အမှတ် (၃၁၁)ဖြစ်ပြီး ထိုရထားကို စက်ခေါင်းမောင်း ဦးမျိုးလွင်ဦးဆိုသူက ပခုက္ကူမှ မန္တလေးသို့ မောင်းနှင်လာခဲ့ခြင်းဖြစ်သည်။

ကျောက်ရထားဖြင့် တိုက်မိသောကားမှာ ပါရာဒိုအမျိုးအစား ယာဉ်အမှတ် ၃ဃ/ ၄၃၅၂ ဖြစ်သည်။ ထို ယာဉ်အား မန္တလေးမြို့ အနှိပ်တော်ရပ်ကွက်၊ နန်းရှေ့နေ ကိုအေးမင်းဆိုသူမှ မောင်းနှင်လာပြီး ခရီးသည် များ ပါဝင်ခဲ့သည်ဟု ရဲဌာနက မှတ်တမ်းတွင် တွေ့သည်။

အဆိုပါ ကားနှင့်ရထားတိုက်မိခဲ့သည့်အတွက် ကားပေါ်တွင် လိုက်ပါလာသူ ဦးအောင်ဌေးသင်းဆိုသူမှာ နဖူးနှင့်လက်များ ပွန်းပဲ့ဒဏ်ရာ၊ အင်ဂျင်နီယာပညာရှင် ဦးဝင်းထိန် မန်းရတနာ ကုမ္ပဏီ၊ မန္တလေးမြို့၊ အပေါ်သွား သုံးချောင်းနဲ့ခဲ့ပြီး ယာဉ်မောင်းကိုအေးမင်းမှာ နှာခေါင်းသွေးထွက် ခြေထောက်နာကျင်ဒဏ် ရာများရရှိခဲ့သည်။

ထို့ကြောင့် မြင်းမူရဲစခန်းက ယာဉ်(ပ) ၆/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၃၇/၃၃၈ အရ အမှုဖွင့် အရေးယူခဲ့သည်။ အဆိုပါမြို့နယ်တွင် ယခုသီတင်းပတ်အတွင်း အိန်္ဒိယနိုင်ငံ ကောင်စစ်ဝန်ရုံး၏ အရေးကြီးယာဉ်တန်းမှာ ယာဉ်မတော်တဆမှုဖြစ်ပွားသေးသည်။

No comments: