စိုးသန်းလင်း
ကုန်သွယ်ခွန်၊ ၀င်ငွေခွန်၊ ရုံးခွန်စသည်တို့ကို သတ်မှတ်ခြင်း၊ ထောက်ခံခြင်း၊ ဒဏ်တပ်ခြင်း၊ ၎င်းအခွန်နှုန်း ထားများအပေါ် အခွန်ထမ်းသူက မကျေနပ်၍ အယူခံတင်သွင်းသည်ကို လက်ခံခြင်း၊ ၎င်းကိုဆုံးဖြတ်ပေး ခြင်းစသည့် လုပ်ပိုင်ခွင့်များကို အဖွဲ့အစည်းတစ်ခုတည်းသို့ ပေးအပ်ခြင်းသည် မလိုလားအပ်သော ဆိုး ကျိုးများ ဖြစ်ပေါ်စေနိုင်ကြောင်း ဒဂုံမြောက်ပိုင်း မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင် နွယ်ဦးက မဇိ္ဈမကို ပြောသည်။
“အခွန်တွေ တိုးကောက်တာလဲသူပဲ၊ အယူခံဝင်တာကို လက်ခံတာလဲသူပဲ၊ အမိန့်ချတာလဲ သူပဲဆိုတော့ ဒီလုပ်ငန်းတွေကို တစ်ဦးတည်းက ဆောင်ရွက်ခွင့် ရနေခြင်းဟာ မလိုလားအပ်တဲ့ ဆိုးကျိုးတွေ ဖြစ်စေနိုင် ပါတယ်။ ဒါဟာ မဖြစ်သင့်ပါဘူး။ ဖွဲ့စည်းပုံအခြေခံ ဥပဒေမှာကိုက လွဲနေတာပါ” ဟု ၎င်းက ပြည်ထောင် စုလွှတ်တော်တွင် ယနေ့တင်သွင်းခဲ့သော အခွန် လေးမျိုး ဥပဒေကြမ်းများကို ရည်ညွှန်း ပြောဆိုခြင်း ဖြစ် သည်။
တည်ဆဲအခွန်ဥပဒေများတွင် သာမက ယနေ့ ပြည်ထောင်စုလွှတ်တော်သို့ ပြင်ဆင်တင်သွင်းသည့် ဥပဒေကြမ်းများတွင်ပါ ဘဏ္ဍာရေးဝန်ကြီးဌာနကို အခွန်ဆိုင်ရာ လုပ်ပိုင်ခွင့်များအားလုံး အပ်နှင်းထားခြင်း ကို ၎င်းကရည်ရွယ်ခြင်း ဖြစ်သည်။
“ပုဒ်မ ၃၁၇အရဆိုရင် တရားစီရင်ရေးဆိုင်ရာ ကိစ္စအ၀၀ကို တရားရုံးတွေကပဲ စီမံဆောင်ရွက်ရမှာပါ။ အခု တော့ အခွန်စည်းကြပ်သူရော၊ အယူခံဝင်တာကို လက်ခံဆုံးဖြတ်သူရော တစ်ဦးတည်းဖြစ်နေလို့ တစ်ဦး တည်းကို အာဏာနှစ်ခု ပေးထားသလို ဖြစ်နေတယ်။ အမှန်က ကုန်သွယ်ရေးလုပ်ငန်းတွေနဲ့ ဆက်နွှယ်တဲ့ စီမံ/စီးပွားတို့၊ စီးပွားကူး/သန်းတို့က ၀န်ထမ်းတွေပါ ဒီအခွန်အယူခံခုံအဖွဲ့မှာ ပါသင့်တယ်” ဟုလည်း ၎င်း ကဝေဖန် ပြောကြားခဲ့သည်။
ဤသို့ တစ်ဦးတည်းကို အာဏာနှစ်မျိုး ပေးခြင်းကြောင့် အဂတိလိုက်စားမှုများနှင့် အတူမမျှတမှုများလည်း ကြီးထွားလာ နိုင်ကြောင်း ၎င်းက ထောက်ပြခဲ့သည်။ ထို့အပြင် ယခုတင်သွင်းသည့် အခွန်လေး မျိုးထဲမှ ၀င်ငွေခွန် ဥပဒေကြမ်းရှိ အပိုဒ် ၅၊ အပိုဒ်ခွဲ (၈)အဖြစ် ဖြည့်စွက်သည့် ဘာသာရေး သို့မဟုတ် ကုသိုလ်ရေး ဆိုင်ရာ လှူဒါန်းသည့် ၀င်ငွေကို ကန့်သတ်ချက်ထားရှိခြင်းကိုလည်း ၎င်းက ဤသို့ဝေဖန် သုံးသပ်ခဲ့သည်။
“အလှူလုပ်တာကို ရုံးလုပ်ငန်းတစ်ခုလို သဘောထားပြီး ဆောင်ရွက်ရမလို ဖြစ်နေပြီ။ ဒါပေမဲ့ မြန်မာပြည် ရဲ့အခြေအနေအရ တစ်ချို့ကိစ္စတွေဟာ ဥပဒေမှာထည့်ပြီး ပြဋ္ဌာန်းမှ ဖြစ်မယ့်ဟာတွေ ရှိတယ်၊ အခုဥပဒေ ဟာ ရှိသင့်ပေမယ့် အလှူကို ကန့်သတ်သလိုတော့ ဖြစ်သွားတယ်” ဟု ၎င်းက ပြောသည်။
ယင်းပြဋ္ဌာန်းချက်မှာ “အခွန်စည်းကြပ်ရာတွင် အဖွဲ့အစည်းအဆင့်ဆင့်က ကမ ကထပြုသော သို့မဟုတ် ပြည်ထောင်စု အစိုးရအဖွဲ့၏ ဘဏ္ဍာရေးဝန်ကြီးဌာနက အမိန့်ကြေညာစာထုတ်ပြန်၍ အသိအမှတ်ပြု သော ဘာသာရေး သို့မဟုတ် ကုသိုလ်ရေးဆိုင်ရာ အဖွဲ့အစည်းတစ်ခုခုသို့ ဖြစ်စေ၊ ယင်းကိစ္စများနှင့် သက်ဆိုင်သည့် ရန်ပုံငွေ တစ်ရပ်ရပ်သို့ဖြစ်စေ လှူဒါန်းထည့်ဝင်ငွေကိုလည်း နုတ်ပယ်ရမည်။ ယင်းသို့ လှူဒါန်း ထည့်ဝင်ငွေသည် အခွန်ထမ်း၏ စုစုပေါင်းဝင်ငွေ၏ နှစ်ဆယ့်ငါးရာခိုင်နှုန်းနှင့် ညီမျှသောငွေထက် မပိုစေရ” ဟူ၍ ဖြစ်သည်။
အဆိုပါ ပြဋ္ဌာန်းချက်အရ လှူဒါန်းထည့်ဝင်ငွေများနှင့် ပတ်သက်ပြီး အခွန်စည်းကြပ်ခံရခြင်းမှ ကင်းလွတ် သယောင် ရှိသော်လည်း အဆိုပါ အခွန်ထမ်း၏ ၀င်ငွေမှာ ၄င်းက ထည့်ဝင်သော အလှူငွေ၏ အနည်းဆုံး လေးဆရှိရတော့မည် ဖြစ်ကြောင်း၊ ၀င်ငွေပမာဏကို အခြေခံ၍ ၄င်းနှင့် ချိတ်ဆက်နေသော ကုန်သွယ် လုပ်ငန်းခွန်၊ ရုံးခွန်၊ တံဆိပ်ခေါင်းခွန် စသည့် အခွန်လေးမျိုးဆိုင်ရာ ရှေ့နောက်ညီညွတ် မှန်ကန်မှုများ လည်းရှိဖို့ လိုအပ်ပါကြောင်း၊ ထိုသို့မရှိခဲ့ပါက အခွန်စည်းကြပ်သူ၊ အခွန်ကောက်သူ၊ အခွန်အယူခံဝင်စာ လက်ခံဆုံးဖြတ်သူတို့ တစ်ဦးတည်း၊ တစ်ဖွဲ့တည်း ဖြစ်နေစေသည့် ယခုဥပဒေကြမ်းကြောင့် အဂတိလိုက် စားမှုများ အပါအ၀င် ဆိုးကျိုးများ ကြုံတွေ့နိုင်ကြောင်းလည်း သူမက သုံးသပ်ပြောကြားခဲ့သည်။
No comments:
Post a Comment