ABC
မြန်မာနိုင်ငံမှာ စီးပွားရေးကဏ္ဍနဲ့ ခရီးသွားလုပ်ငန်း ပွင့်လာတာနဲ့အမျှ ခရီးသွားလာရေး အဆင်ပြေဖို့အတွက် မြန်မာလေကြောင်းက Boeing ၇၃၇ ဂျက်လေယာဉ် ၁၀ စီးကျော် ငှားရမ်းဖို့ရှိတယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။
ကမ္ဘာမှာ လေယာဉ် ရောင်းချငှားရမ်းမှု အများဆုံးပြုလုပ်တဲ့ GECAS ကုမ္ပဏီဆီက ငှားရမ်းဖို့ရှိပြီး ဒီရက်ပိုင်းအတွင်း ကြေညာဖို့ရှိတယ်လို့ မျော်လင့်နေကြပါတယ်။
စင်္ကာပူနိုင်ငံမှာ ဖေဖော်ဝါရီလ ၁၁ ရက်ကနေ ၁၆ ရက်နေ့အထိ လေယာဉ်ပြပွဲတွေရှိပြီး ဒီပြပွဲမှာ လေယာဉ်တွေ တိုးချဲ့မှာယူဖို့ မြန်မာက ကြေညာနိုင်တယ်လို့ ခန့်မှန်းနေကြတာ ဖြစ်ပါတယ်။
မြန်မာလေကြောင်းလိုင်းဟာ ခုအချိန်အထိ ပြည်တွင်းမှာသာ ပျံသန်းလေ့ရှိပြီး အခု ဝယ်ယူမယ့် လေယာဉ်တစင်းဆီမှာ ထိုင်ခုံ စုစုပေါင်း ၁၆၀ လောက်ရှိတဲ့အတွက် နိုင်ငံတကာအထိ ပြေးဆွဲဖို့လည်း အဆင်ပြေနိုင်တယ်လို့ ဆိုပါတယ်။
အဲဒီလေယာဉ်တစ်စီးစီရဲ့ တန်ဖိုးက ဒေါ်လာ သန်း ၉၀ လောက်ရှိပေမယ့် ကုမ္ပဏီအနေနဲ့ လေကြောင်းလိုင်းတွေကို လေယာဉ် ငှားရမ်းခွင့်လည်း ပေးထားပြီး လစဉ်ကြေးပေးတဲ့ စနစ် ကျင့်သုံးလေ့ရှိကြပါတယ်။
မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲမှု တချို့ဖြစ်ပေါ်ပြီးနောက် နိုင်ငံခြားက လေကြောင်းလိုင်းတွေ အပြိုင်အဆိုင် ဝင်လာကြသလို ကမ္ဘာလှည့်ခရီးသည်တွေလည်း အလာများလာပါတယ်။
ဒါပေမယ့် မြန်မာလေကြောင်းလိုင်းမှာ မတော်တဆမှုတွေ ဖြစ်လေ့ရှိတဲ့အတွက် စိုးရိမ်မှုတွေလည်း ရှိနေပါတယ်။
ပြီးခဲ့တဲ့ နှစ်တွေကပဲ တရုတ်နိုင်ငံကနေ တင်သွင်းလာတဲ့ Xian MA60s လေယာဉ် သုံးစီးမှာ ပြဿနာတွေ ဖြစ်ခဲ့တဲ့အတွက် အဲဒီလေယာဉ်တွေကို ပျံသန်းမှုကနေ ရပ်ဆိုင်းထားလိုက်ရကြောင်းလည်း ဖော်ပြထားပါတယ်။

No comments:
Post a Comment