Saturday, February 8, 2014

မြန်မာ့ခရီးသွားလုပ်ငန်း ပင်မစီမံကိန်း စတင်ပြီ

ဖြိုး

နှစ်ရှည်စီမံကိန်းအဖြစ် ရေးဆွဲထားသော မြန်မာ့ခရီးသွားလုပ်ငန်း ပင်မစီမံကိန်း (Myanmar Tourism Master Plan) ကို စတင်အကောင်အထည်ဖော်နေပြီဟု မန္တလေးတိုင်း ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှု ဦးစီးဌာနမှ တိုင်းဦးစီးမှူးဦးမျိုးမြင့်က မဇ်္ဈိမကို ပြောသည်။

စီမံကိန်း၏ရည်ရွယ်ချက်မှာ ခရီးသွားလုပ်ငန်းကို အခြေပြုကာ နိုင်ငံအတွင်း အလုပ်အကိုင်အခွင့်အရေး အသစ်များ ပေါ်ပေါက်လာစေရေးနှင့် နိုင်ငံဝင်ငွေ တိုးပွားလာစေရေးတို့ကို ရည်ရွယ်ကာ မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းကို အမျိုးသားအဆင့် ဦးစားပေးကဏ္ဍတစ်ခုအဖြစ် သတ်မှတ်ထားခြင်းဖြစ်သည်။

စီမံကိန်းအောင်မြင်ရေးသည် အဓိကကျသော အချက်တစ်ခုဖြစ်သော်လည်း ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်းခြင်း၊ ကျား/မခွဲခြားမှုမရှိစေရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက် ရေး၊ ဒေသတွင်း ပူးပေါင်းပါဝင်ဆာင်ရွက်မှုများ စသည့်အချက်များကိုလည်း ဂရုပြုဆောင်ရွက်သွားမည် ဟု ပြောဆိုသည်။

အဆိုပါမဟာဗျူဟာခြောက်ခုကို ယခုနှစ်မှစတင်ကာ အကောင်အထည်ဖော်သွားမည်ဖြစ်ပြီး လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးရေးနှင့် ၀န်ဆောင်မှုအရည်အသွေး မြှင့်တင်ခြင်း၊ ခရီးစဉ်ဒေသဆိုင်ရာ စီမံခန့်ခွဲမှုစနစ် ရေးဆွဲခြင်း၊ လုပ်ထုံးလုပ်နည်းများ ရေးဆွဲခြင်းနှင့် ကာကွယ်စောင့်ရှောက်မှုဆိုင်ရာများ ပိုမိုခိုင်မာစေခြင်း၊ အရည်အသွေးမီထုတ်ကုန်များနှင့် ၀န်ဆောင်မှုများ ဖွံ့ဖြိုးစေခြင်း၊ ဆက်သွယ်သွားလာမှု၊ ခရီးသွားလုပ် ငန်းနှင့် ဆက်စပ် အခြေခံအဆောက်အအုံများ တိုးမြှင့်ရေး ဆောင်ရွက်ခြင်းတို့ကို ဦးတည်လုပ်ဆောင် သွားမည်ဖြစ်သည်။

Myanmar Tourism Master Plan စီမံကိန်းကို ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနနှင့် နော်ဝေနိုင်ငံ အစိုးရအဖွဲ့၊ အာရှဖွံ့ဖြိုးရေးဘဏ်၊ စီမံကိန်းရေးဆွဲရေးပညာရှင်အဖွဲ့ခေါင်းဆောင် ဒေါက်တာပေါလ်ရော ဂျား(စ်)တို့က ရေးဆွဲခဲ့ကြပြီး ၂၀၁၃ ခုနှစ်တွင် စီမံကိန်းကို အသက်ဝင်အောင် စတင်ဆောင်ရွက်ခဲ့ကြပြီး စီမံကိန်းအောင်မြင်ရေးအတွက် မဟာဗျူဟာအစီအစဉ် ခြောက်ခုကို ချမှတ်ရေးဆွဲခဲ့သည်။

မန္တလေးမြို့သို့ ၂၀၁၃ ခုနှစ်အတွင်း ပြည်ပဧည့်သည်ဝင်ရောက်မှုမှာ ၂၁၀,၀၀၀ ကျော်ခန့်ရှိရာ ၂၀၁၂ ခုနှစ်ထက် ၃၆ ရာခိုင်နှုန်းတိုးလာ၍ မန္တလေးတိုင်း ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန၏ နှစ်ချုပ် စာရင်းများတွင် တွက်ချက် ဖော်ပြထားသည်။ အများဆုံးလာရောက်ကြသည့် နိုင်ငံသားများမှာ တရုတ်၊ ပြင်သစ်၊ ဂျာမနီ၊ အမေရိကန်နှင့် ထိုင်းတို့ ဖြစ်သည်။

No comments: