ဇော်ဇော်ထွေး
တောင်ဒဂုံမြို့နယ်တွင် ကျပ်သိန်း ၉၀၀ ကျော်တန်ဖိုးရှိသော မူးယစ်ဆေးဝါးများကို ဖေဖော်ဝါရီ ၄ ရက်က ဖမ်းဆီးရမိလိုက်သည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်သည်။
အမှုမှာ နေ့လယ် ၁၂ နာရီကျော်က မူးယစ်ဆေးဝါးဖမ်းဆီးရေး ရဲတပ်ဖွဲ့ဝင်များသည် နယ်မြေခံရဲတပ်ဖွဲ့ဝင် များနှင့် ပူးပေါင်းပြီး (၅၅) ရပ်ကွက်၊ ကံ့ကော်လမ်းအမှတ် (၂၅၈) ရှိ အောင်မြတ်(၃၀)နှစ် အရောင်းအ၀ယ် လုပ်ကိုင်သူ၏ နေအိမ်ကို မူးယစ်ဆေးဝါးရှာဖွေခွင့်ဝရမ်းဖြင့် ၀င်ရောက်ရှာဖွေခဲ့ကြခြင်း ဖြစ်သည်။
ထို့နောက် ကြိုတင်သတင်းရရှိထားသူ အောင်မြတ်ဆိုသူကို နေအိမ်အတွင်းတွေ့ရှိခဲ့ပြီး ဆက်လက်ရှာဖွေ ခဲ့ရာ ၎င်းအိပ်ရာဘေးမှ iPhone 5 စာတန်းပါ အနက်ရောင်စက္ကူဘူးအတွင်းမှ WY လိမ္မော်ရောင် စိတ်ကြွ ဆေးပြား ၁၃၀ ပြားနှင့် မူးယစ်ဆေးဝါးသုံးစွဲရာတွင် အသုံးပြုသည့် ပိုက်ကောက်တပ်လျက် ကော်ဘူး တစ်ဘူး၊ အရှည်ငါးလက်မခန့်ရှိ မူးယစ်ဆေးဝါးသုံးလက်စခဲပြား တစ်ခုတို့ကို တွေ့ရှိခဲ့သည်။
ယင်းအပြင် အိပ်ရာပေါ်မှ တိပ်အကြည်ပတ်၍ ပလတ်စတစ်အိတ်အကြည်ဖြင့် ထည့်လျက် ကတ်တမင်းဟု ယူဆရသည့် အဖြူရောင်အမှုန့် အလေးချိန် ၂၀၀ ဂရမ်ခန့်ပါတစ်ထုပ်၊ ယာဉ်မောင်းလိုင်စင်တစ်ခုတို့ကို သိမ်းဆည်းနိုင်ခဲ့သည်။
ထို့နောက် ဆက်လက်ရှာဖွေရာ မီးဖိုခန်းအတွင်းရှိ ရေခဲသေတ္တာရှေ့ကြမ်းပြင်ပေါ်တွင် အဖြူရောင်စက္ကူဘူး အတွင်းမှ WY စာတမ်းပါ လိမ္မော်ရောင်စိတ်ကြွဆေးပြားပေါင်း ၉၈၀ ပြားနှင့် ဧည့်ခန်းမှ မီးဖိုခန်း အဆင်း လှေကားထစ်ပေါ်ရှိ အစိမ်းပုပ်ရောင်အိတ်အတွင်းမှ WY စာတန်းပါ လိမေ်္မာင်ရောင် စိတ်ကြွရူးသွပ်ဆေး ပြား ပေါင်း ၁၈,၀၀၀ပြားကို တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။
ထို့ကြောင့် ကျပ်သိန်း ၉၅၀ ကျော်တန်ဖိုးရှိ ဆေးပြားပေါင်း ၁၉,၁၁၀ ပြားနှင့် ကျပ်သိန်း ၄၀ တန်ဖိုးရှိ ကတ်တမင်းအမှုန့် ၂၀၀ဂရမ်တို့ သိမ်းဆည်းရမိသဖြင့် စုစုပေါင်းတန်ဖိုး ကျပ် ၉၉၅ သိန်းကျော်ဖိုးထိ ရှိသည်ဟု ရဲတပ်ဖွဲ့က ဆိုထားသည်။
ယင်းမူးယစ်ဆေးဝါးများ လက်ဝယ်တွေ့ရှိမှုကြောင့် အောင်မြတ်အပေါ် အရေးယူပေးရန် ရဲအုပ်ဆန်းဦးက တရားလိုပြုလုပ်တိုင်တန်းထားသည်။
ယင်းတိုင်တန်းမှုကို တောင်ဒဂုံမြို့နယ် ရဲစခန်းက မယ(ပ)၃/၂၀၁၄ဖြင့် အမှုဖွင့်ပြီး မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ ၁၅/ ၁၉(က)ဖြင့် အရေးယူရန် တိုင်တန်းခံရသူ ကို ဖမ်းဆီးစစ်ဆေးနေသည်။
No comments:
Post a Comment