နန်းမြင့်
တာမွေမြို့နယ်၊ မြန်မာ့ဂုဏ်ရောင်ရပ်ကွက်တွင် နေထိုင်သူများဟုဆိုသူများ နစ်နာကြေးရရှိရန်အတွက် သပိတ်စခန်း ၁၅ ရက်မြောက်နေ့အထိ ဆန္ဒပြသူသုံးဦး ဆေးခန်းပြရသည့်အခြေအနေထိရှိလာပြီဟု ဆန္ဒ ပြသူများက မဇ္ဈိမကို ပြောသည်။
ဒဂုံဆိပ်ကမ်းမြို့နယ်၊ ၈၈ ရပ်ကွက်မှ နစ်နာကြေးရရှိရေးအတွက် ဆန္ဒပြသူ ဦးတင်အုန်းက ၁၂ ရက်က အဘိုးအဘွားနှစ်ယောက် မူးမောတာတွေဖြစ်လို့ ဆေးခန်းပို့ရတယ်”ဟု ပြောသည်။
လက်ရှိဆန္ဒပြသူများကို ဒဂုံဆိပ်ကမ်းမြို့နယ် ရွှေသန်လျင်ပရဟိတအဖွဲ့မှ နာမကျန်းသူများကို ဆေးပေး ခြင်း၊ ဆေးခန်းပို့ဆောင်ပေးခြင်းများ ဆောင်ရွက်ပေးနေခြင်းဖြစ်သည်။ လက်ရှိအချိန်အထိ နစ်နာကြေးရ ရှိရန်အတွက် ထူးခြားမှုတစ်စုံတစ်ရာ မရှိသေးပေ။ ယင်းသပိတ်ခန်းတွင် လူအင်အား ၇၀၀ နီးပါးရှိပြီိး သက်ကြီးရွယ်အို ၁၀၀ နီးပါး ပါဝင်သည်။
ဒေါ်မြင့်မြင့်သိန်းက “မနက်ပိုင်း အေးပြီး နေ့လယ်ပိုင်းက အပေါ်က ပူတယ်။ အောက်ကလည်း ပူတယ်။ လမ်းဘေးဆိုတော့ ဖုန်မှုန့်တွေကလည်း ရှူရတော့ လူကြီးရော လူငယ်ပါ ကျန်မားရေးထိခိုက်နိုင်တယ်။ ဒါပေမဲ့ အဒေါ်တို့က ဆက်လက် ဆောင်ရွက်သွားမယ်”ဟု ပြောသည်။
အဆိုပါသပိတ်စခန်းဖွင့်လှစ်သည့် လေးရက်မြောက်နေ့ ညနေ ၆ နာရီတွင် ဆန္ဒဖော်ထုတ်သူ အသက် ၂၃နှစ်ဝန်းကျင်ရှိ မခင်သန္တာ နှလုံးအမောဖောက်သဖြင့် ဆေးခန်းပို့ဆောင်ပေးခဲ့ရသည်။
မြန်မာ့ဂုဏ်ရောင် ရပ်ကွက်သားများသည် ၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီတွင် ပထမအကြိမ်ဆန္ဒပြခဲ့ပြီး ၂၀၁၃ ခုနှစ်၊ ဇူလိုင်လ ၂၇ ရက်က ဒုတိယအကြိမ် ဆန္ဒပြခဲ့သည်။ ပထမအကြိမ် သပိတ်စခန်းကို လူအင်အား ၆၀၀ ကျော်ဖြင့် မြန်မာ့ဂုဏ်ရောင်အိမ်ရာရှေ့တွင် ဇန်န၀ါရီ ၃၀ရက်၊ နံနက် ၈ နာရီက ဖွင့်လှစ်သည်။
No comments:
Post a Comment