Saturday, February 8, 2014

မူးယစ်ဆေး ပပျောက်ရေးအတွက် တအောင်း တိုင်းရင်းသား ဆန္ဒဖော်ထုတ်

ABC

ရှမ်းပြည်နယ်မြောက်ပိုင်း ​နမ့်ခမ်းမြို့နယ်အတွင်း ​မူးယစ်ဆေးဝါး ​ပပျောက်ရေးအတွက် ​တအောင်း ​(ပလောင်) ​သံဃာတော်တွေ ​ဦးဆောင်ပြီး ​ငြိမ်းချမ်းစွာ ​ဆန္ဒဖော်ထုတ်မှု ​လုပ်ခဲ့တယ်လို့ ​သိရပါတယ်။

ရှမ်းပြည်နယ်အတွင်း ​အမျိုးသမီးတွေပါမကျန် ​မူးယစ်ဆေး ​သုံးစွဲလာပြီး ​ဒီလို ​သုံးစွဲမှု ​များပြားတာကနေ ​ပတ်ဝန်းကျင်ဆိုးကျိုးတွေ ​ဖြစ်နေတဲ့အတွက် ​သံဃာတော်အပါး ​၅၀ ​နဲ့ ​ဒေသခံ ​၅၀၀ ​တို့ ​ဖေဖော်ဝါရီလ ​၃ ​ရက်နေ့မှာ ​ဆန္ဒပြခဲ့ကြတာ ​ဖြစ်ပါတယ်။

ဆေးသုံးသူများလာတဲ့အခါ ​အလုပ် ​ကြိုးစားလုပ်တဲ့သူ ​နည်းလာပြီး ​ခိုးယူမှုတွေ၊ ​လုယက်မှုတွေ ​ပိုဖြစ်လာမှာကိုစိုးရိမ်တဲ့အတွက် ​ကြိုတင်ကာကွယ်နိုင်အောင် ​ပြည်နယ်အစိုးရသာမက ​နိုင်ငံတော်အစိုးရကပါ ​ပူးပေါင်းဆောင်ရွက်ဖို့ ​တောင်းဆိုတဲ့ ​အနေနဲ့ ​ဆန္ဒပြတာ ​ဖြစ်တယ်လို့ ​ဦးဆောင် ​သံဃာတော်တစ်ပါးက ​မိန့်ကြားခဲ့ပါတယ်။

နမ့်ခမ်းမြို့အနီးပတ်ဝန်းကျင်မှာ ​မူးယစ်ဆေးဝါးထုတ်လုပ်နိုင်တဲ့ ​အပင်စိုက်ပျိုးမှုတွေ ​များပြားကြောင်းလည်း ​ပြောသွားခဲ့ပါတယ်။ ​ခုလို ​ဆန္ဒပြမှုတွေကြောင့် ​မူးယစ်ဆေးဝါး ​စိုက်ပျိုးမှု၊ ​ကုန်ကူးမှု ​လုပ်သူတွေက ​တိုက်ခိုက်မှာကို ​စိုးရိမ်တဲ့အတွက်လည်း ​နမ့်ခမ်းမြို့မှာ ​ဆန္ဒပြဖို့ ​စီစဉ်ခဲ့ကြတာလို့လည်း ​မိန့်ကြားခဲ့ပါတယ်။

နမ့်ခမ်းမြို့နယ်အတွင်း ​မူးယစ်ဆေးဝါးအသုံးပြုမှုတွေ ​များလာတဲ့အတွက် ​ဆန္ဒပြခဲ့ကြချိန်မှာပဲ ​ရန်ကုန်တိုင်း ​တောင်ဒဂုံမြို့နယ်အတွင်းရှိ ​နေအိမ်တစ်လုံးမှာ ​ရဲတွေက ​စိတ်ကြွဆေးပြား ​အလုံးရေ ​နှစ်သောင်းနီးပါးနဲ့ ​မူးယစ်ဆေးဝါးသုံးစွဲရာမှာ ​သုံးတဲ့ ​ပစ္စည်းတွေကို ​ဖမ်းဆီးရမိခဲ့တယ်လို့ ​သိရပါတယ်။

စိတ်ကြွဆေးပြား ​နှစ်သောင်းနီးပါးရဲ့ ​တန်ဖိုးဟာ ​ကျပ်ငွေ ​သန်း ​၉၀ ​လောက် ​ရှိတယ်လို့ ​သိရပြီး ​ကတ်တမင်း ​အမှုန့်တွေပါ ​တွေ့ရှိထားပြီး ​တန်ဖိုးကျပ်သိန်း ​၄၀ ​လောက်ရှိတယ်လို့လည်း ​မြစ်မခ ​သတင်းအရ ​သိရပါတယ်။

No comments: