သျှမ်းသံတော်ဆင့် ၊ ယိင်းတိုင်း
ဇော်ဂျီမြစ် အတွင်း သတ္တု တူးဖော်ရေး လုပ်ငန်းများကြောင့် ပတ်ဝန်းကျင် ထိခိုက်မှုရှိ/ မရှိ နှင့်ပတ်သက်ပြီး သက် ဆိုင်ရာ ဝန်ကြီးဌာနများ၏ ဖြေရှင်းဆောင် ရွက်ချက်များကို ဖေဖော်ဝါရီ ၁၂ ရက်နေ့က ထုတ်ပြန် ကြေညာ ရာတွင် ဖော်ပြ ထားပါသည်။
မစ်ချောင်းများအတွင်း ဓါတ်သတ္တု စမ်းသပ်တိုင်းတာခြင်းနှင့် ထုတ်လုပ်ခြင်းကိုခွင့်မပြုကြောင်း၊ ထို့အတူယခုလက်ရှိ မြစ်ချောင်းများအတွင်း ပြုလုပ်နေကြသော ဓါတ်သတ္တု ထုတ်လုပ်မှုလုပ်ငန်းမှ ထွက်ရှိလာသော စွန့်ပစ်မြေများ၊ ရေဆိုးများ မစွန့်ပစ်ရန်လည်း တင်းကျပ်စွာတားမြစ်ထားသည်ဟုဆိုသည်။
ဓါတ်သတ္တုထုတ်လုပ်ရာတွင် မြစ်ချောင်းများအပါအဝင် ပတ်ဝန်းကျင်ထိခိုက် ပျက်စီမှုမရှိစေရေးနှင့် ထိန်းသိမ်းရေးတို့အတွက် ခွင့်ပြုမိန့်ရရှိသူများ လိုက်နာရန်အမိန့်ကို ၁၂.၅.၂၀၀၄ ရက်စွဲပါအမိန့်ကြော်ငြာ စာအမှတ်( ၈၆/၂၀၀၄) ဖြင့် သတ္တုတွင်းဝန်ကြီးဌာနမှ ထုတ်ပြန်ထားပြီးဖြစ်သည်ဟုလည်း ဆိုသည်။
မစ်ချောင်းများအတွင်းမှရေကို လုပ်ငန်းအတွက်သုံးမည်ဆိုပါက ပို့ဆောင်ရေးဝန်ကြီးဌာန ၊ရေအရင်းအမြစ် နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ၏ခွင့်ပြုချက်၊ ဒေသအာဏာပိုင်အဖွဲ့အစည်းများ၏ခွင့်ပြုချက်ရယူ ရမည်ဟုလည်း သတ္တုတွင်းဝန်ကြီးဌာနမှ ထည့်သွင်းဖြေကြားသွားခဲ့သည်။
No comments:
Post a Comment