Sunday, February 9, 2014

ဘင်္ဂလာရဲအဖွဲ့က ရိုဟင်ဂျာအမည်ခံ၍ ဒုက္ခသည်စခန်းတွင် နေထိုင်သူနှင့်အတူ သေနပ်တလက် ဖမ်းဆီးမိ

သဇင်ဥ

ဘင်္ဂလာဒေ့ခ်ျနိုင်ငံ ရဲအဖွဲ့မှ ရိုဟင်ဂျာ အမည်ခံ ဘင်္ဂလီ ၁ ဦးနှင့်အတူ လုပ်သေနပ် တစ်လက်ဖြင့် ရခိုင်ပြည် နယ်စပ်တဖက်ကမ်းရှိ တာခ်နာမြို့နယ် နော်ယာပါရာ ဒုက္ခသည်ခစန်းအနီးမှ တနင်္လာနေ့က ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။

ယင်းလုပ်သေနပ်နှင့်အတူ ဖမ်းဆီးခံရသော ဘင်္ဂလီမှာ နော်ယာပါရာ ဒုက္ခသည်စခန်းတွင် နေထိုင်သော နုရုလ်အာမိ (၂၅)နှစ် ဖြစ်သည်။

ရဲအဖွဲ့က ဖမ်းဆီးရမိခြင်းမှာ သတင်းအတိကျအရ လိုက်လံရှာဖွေခြင်းဖြစ်ပြီး ယင်းဒုက္ခသည်စခန်းအနီးရှိ တောတွင်းတနေရာက တခြားမှောင်ခိုပစ္စည်းတချို့နှင့်အတူ ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သက်ဆိုင်ရာက ထုတ်ဖေါ်ပြောဆိုသည်။

တာခ်နာဌာန ရဲအရာရှိ OC မိုဟာမ္မတ် ဖေါ်ရ်ဟာဒ် အနေဖြင့် မှောင်ခိုသေနပ်ဖြင့် ဖမ်းဆီးရမိသူအား ဥပဒေအရ အရေးယူနိုင်ရန် ဆောင်ရွက်နေကြောင်း ဆိုသည်။

ဘင်္ဂလာနယ်စပ်စောင့်တပ်ဖွဲ့ (BGB) ရခိုင်ပြည်-ဘင်္ဂလာ နယ်စပ်မှတ်တိုင် ၅၄ အနီးမှ LG ရိုင်ဖယ် ၅ လက် စနေနေ့ ညနေဘက်က ဖမ်းဆီးရမိခဲ့သည်။

ဘင်္ဂလာဒေ့ခ်ျနိုင်ငံ ကော့စ်ဘဇားခရိုင်အတွင်း ဒုက္ခသည်စခန်း ၃ ခုရှိပြီး ဒေသအာဏာပိုင်များ အနေဖြင့် ယင်းစခန်းများမှ မကြာခဏ ခေတ်မီနှင့် လုပ်သေနပ်များ ဖမ်းဆီးရမိကြောင်းနှင့် မူးယစ်ဆေးဝါးနှင့် ရာဇ၀တ်ပြစ်မှုများ ကျူးလွန်သူများကိုလည်း မကြာခဏ ယင်းစခန်းများမှ ဖမ်းဆီးရမိကြောင်း ဒေသသတင်းများအရ သိရှိရသည်။

No comments: