Sunday, February 2, 2014

အမျိုးသမီးများ နိုင်ငံရေးစွမ်းရည်မြင့်မားရေး နိုင်ငံရေးပါတီများသို့ ဖန်တီးအိမ်မှ သင်တန်းပေး

မခင်မြတ်မြတ်ဝေ

စွမ်းရည်မြင့်မားသည့်အမျိုးသမီးများ ပေါ်ထွက်လာစေရန်နှင့် အမျိုးသမီးများအပေါ် ကျားမခွဲခြားမှုနှင့်ပတ် သက်သည့် ခွဲခြားဆက်ဆံမှုများ လျော့နည်းပပျောက်စေရန် ရည်ရွယ်၍ ဖန်တီးအိမ်အမျိုးသမီးအဖွဲ့က အမျိုးသမီးခေါင်းဆောင်မှု လေးရက်တာသင်တန်းကို ဇန်န၀ါရီ၂၃ ရက်မှ၂၆ ရက်အထိ ဖွင့်လှစ်သင်ကြား ခဲ့ပြီး ဇန်န၀ါရီ ၂၈ ရက်၊ မွန်းလွဲ ၁ နာရီခန့်က ကမာရွတ်မြို့နယ်ရှိ ဖန်တီးအိမ် သင်တန်းကျောင်းခန်းမ တွင် သင်တန်းဆင်းပွဲကို ပြုလုပ်ကျင်းပခဲ့သည်။

သင်တန်းဆင်းပွဲတွင် သင်တန်းတက်ရောက်လာကြသည့် နိုင်ငံရေးပါတီ ၁၂ ခုမှ သင်တန်းသူ၊ သင်တန်း သား ၅၀ တို့က အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးအတွက် ခေါင်းစဉ် နှစ်ခုဖြင့် စကားရည်လုပွဲကို ယှဉ်ပြိုင်ခဲ့ ကြသည်။

ဖန်တီးအိမ် အမျိုးသမီးအဖွဲ့မှ Program officer ဒေါ်ခင်လေးနွယ်ထွန်းသို့ မဇ္ဈိမက စကားရည်လုပွဲပြု လုပ်ရခြင်းနှင့်ပတ်သက်၍ မေးမြန်းရာတွင် “ကျွန်မတို့အဖွဲ့က Gender Training လုပ်တဲ့ အဖွဲ့ပါ။ ဒီ Training လေးအပြီးမှာတော့ စကားရည်လုပွဲ ပြုလုပ်ရတာက အမျိုးသမီးတွေနဲ့ပတ်သက်ပြီး နိုင်ငံရေး ပါတီတွေကို Message ထပ်ပေးချင်လို့ ဖြစ်ပါတယ်။ Gender ကိုယ်တာစနစ် ရှိသင့်၊ မရှိသင့်နဲ့ ပြည့်တန် ဆာဥပဒေ ရှိသင့်၊ မရှိသင့်ကို ခေါင်းစဉ်နှစ်ခုပေးပြီး စကားရည်လုပွဲလေး ထပ်လုပ်ပေးတာပါ”ဟု ပြော သည်။

သင်တန်းတွင် နိုင်ငံရေးပါတီများကို Genderနှင့်ပတ်သက်သည့် အသိပညာများ ထည့်သွင်းသင်ကြား ပေးခဲ့ပြီး မိမိပတ်ဝန်းကျင်၌ ပြန်လည်အသုံးချတတ်စေရန် သင်ကြားပေးခဲ့သည်။ စကားရည်လုပွဲတွင် “ပြည့်တန်ဆာများအား တရားဝင်မှတ်ပုံတင်နိုင်သည့် ဥပဒေပြဋ္ဌာန်းပေးသင့်သည်” ခေါင်းစဉ်ဖြင့် အ ကောင်းဆုံး စကားပြောစွမ်းရည်ဆုကို အချေဘက်မှ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် အမျိုးသမီးအဖွဲ့ချုပ် ဒုတိ ယဥက္ကဋ္ဌ ဒေါ်မြမေကလည်းကောင်း၊ “နိုင်ငံရေးကဏ္ဍတွင် အမျိုးသမီးများ၏ပါဝင်မှု မြှင့်တင်ရန်အတွက် ကိုယ်တာစနစ်ကို အသုံးပြုသင့်သည်” ခေါင်းစဉ်ဖြင့် အကောင်းဆုံးစကားပြောစွမ်းရည်ဆုကို အဆိုဘက် မှ တောင်သူလယ်သမားတိုးတက်ရေးပါတီ စည်းရုံးရေးမှူးဦးအောင်မိုးတို့က ဆုအသီးသီးရရှိခဲ့သည်။

အကောင်းဆုံးဆုရရှိခဲ့သည့် တောင်သူလယ်သမားတိုးတက်ရေးပါတီမှ စည်းရုံးရေးမှူးဦးအောင်မိုးမှ သင် တန်းတက်ရခြင်းဖြင့် ရရှိသည့် အကျိုးကျေးဇူးများကို ပြောကြားရာ “နိုင်ငံရေးပါတီအသီးသီးက တက် ရောက်ကြတဲ့အတွက် တစ်ဦးနဲ့တစ်ဦး ရင်းနှီးမှုရရှိစေပါတယ်။ မတူကွဲပြားတဲ့ အယူအဆ အတွေးအခေါ် တွေကို နှီးနှောဖလှယ်နိုင်ပြီး စည်းရုံးရေးဆင်းရာမှာ ပြန်လည်အသုံးပြုနိုင်တဲ့ စကားပြောစွမ်းရည် တိုး တက်မူ ရရှိစေပါတယ်။ ကျား၊ မ မခွဲခြားဘဲ တိုင်းပြည်မှာ အလုပ်လုပ်ဖို့လိုတယ်ဆိုတာကို သိလာတယ်” ဟု ပြောသည်။

ထိုသင်တန်းသို့ နိုင်ငံရေးပါတီများဖြစ်ကြသည့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ အမျိုးသားဒီမို ကရေစီပါတီ၊ ဒီမိုကရက်တစ်ပါတီ၊ မြန်မာခေတ်သစ် ပြည်သူ့ပါတီ၊ ရခိုင်အမျိုးသားပါတီ၊ ကရင်ပြည်သူ့ပါ တီ၊ ချင်းအမျိုးသားတိုးတက်ရေးပါတီ၊ ချင်းတိုးတက်ရေးပါတီ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါ တီ၊ မြန်မာနိုင်ငံ တောင်သူလယ်သမားတိုးတက်ရေးပါတီ၊ မြန်မာ့လူဘောင်သစ်ပါတီ၊ ၈၈ ပွင့်လင်းလူ့အ ဖွဲ့အစည်းတို့မှ တက်ရောက်ခဲ့ကြသည်။

ဖန်တီးအိမ် အမျိုးသမီးအဖွဲ့မှ ဒီဇင်ဘာလ ၂၀၁၃ ခုနှစ်မှ စတင်၍ အမျိုးသမီးခေါင်းဆောင်မှု သင်တန်း များ ပို့ချခဲ့ပြီး ယခုပြုလုပ်ခဲ့သည့် သင်တန်းသည် ၁၂ ကြိမ်မြောက်သင်တန်းဖြစ်ကာ နယ်မြို့များတွင် အ မျိုးသမီးစွမ်းရည်မြှင့်သင်တန်းများ ကို ဆက်လက် ဖွင့်လှစ်သွားမည်ဖြစ်သည်ဟု မခင်လေးနွယ်ထွန်းက ဆိုသည်။

No comments: