ABC
မြန်မာနိုင်ငံရဲ့ စစ်လက်နက် ထုတ်လုပ်ရေး စက်ရုံအကြောင်း ရေးသားထုတ်ဝေခဲ့တဲ့ ယူနီတီဂျာနယ် သတင်းဌာနက အမှုထမ်းတစ်ဦး ထပ်မံ ထိန်းသိမ်းခံခဲ့ရတယ်လို့ သိရပါတယ်။
မကွေးတိုင်း ပေါက်မြို့က စစ်လက်နက် စက်ရုံကို ဓာတုလက်နက် စက်ရုံလို့ ဇန်နဝါရီလ ၂၅ ရက်နေ့ထုတ် ယူနီတီသတင်းမှာ ဓာတ်ပုံနဲ့တကွ ရေးသားဖော်ပြပြီးနောက်ပိုင်း ပခုက္ကူက နယ်သတင်းထောက် လူမော်ကို ပြီးခဲ့တဲ့ သောကြာနေ့က ဖမ်းဆီးလိုက်ပါတယ်။
စနေနေ့မှာတော့ ရန်ကုန်အခြေစိုက် သတင်းထောက် ရာဇာဦး၊ ပိုင်သက်ကျော်၊ စည်သူစိုးနဲ့ အယ်ဒီတာချုပ် ဦးတင့်ဆန်းတို့ကို ဖမ်းဆီးလိုက်ပြီး ခုအခါမှာ ယူနီတီရုံးလုပ်ငန်း လုပ်ကိုင်ပေးသူကို ဖမ်းဆီးလိုက်တာ ဖြစ်ပါတယ်။
အဲဒီထဲက တချို့ဟာ နိုင်ငံတော်လျို့ဝှက်ချက် အက်ဥပဒေ ပုဒ်မနဲ့ အမှုရင်ဆိုင်နေရပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး သတင်းသမားများ အကာအကွယ်ပေးရေးကော်မတီ CPJ နဲ့ နယ်စီးမခြား သတင်းသမားများ အဖွဲ့က စိုးရိမ်မကင်း ဖြစ်နေကြသလို မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ ယာယီကလည်း ခုလို ဖမ်းဆီးမှုတွေ မလုပ်ခင် ဇာနယ်ဇင်းကောင်စီနဲ့ အရင် ညှိနှိုင်းတာမျိုးတွေ လုပ်သင့်တဲ့အကြောင်း၊ ခုလို အရေးယူခံနေရတဲ့ သတင်းသမားတွေကို လွတ်လပ်ပြီး တရားမျှတစွာ တရားရင်ဆိုင်ခွင့်ပေးဖို့လိုကြောင်း ထုတ်ပြန်ချက် ပြုလုပ်ထားပါတယ်။
ယူနီတီသတင်းမှာ ဖော်ပြချက်အရ အဲဒီ လျှို့ဝှက် စစ်လက်နက်စက်ရုံကို ၂၀၀၉ ခုနှစ်မှာ စတင်တည်ဆောက်ပြီး အကျယ်အဝန်းအားဖြင့် ဧက ၃၀၀၀ ကျော်ရှိပြီးတော့ စက်ရုံရဲ့အောက်မှာ မြေအောက်ဥမင်လိုဏ်ခေါင်းတွေရှိပြီး တရုတ်နိုင်ငံက ပညာရှင်တွေကို မကြာခဏ တွေ့ရလေ့ရှိတယ်လို့ ရွာသားတွေကို ကိုးကားပြီး ဖော်ပြထားတာ ဖြစ်ပါတယ်။

No comments:
Post a Comment