Monday, February 10, 2014

အလယ်တန်းအဆင့် အခမဲ့သင်ပေးနိုင်ရန် စီစဉ်မည်

မျိုးသန့်

မူလတန်းအဆင့်သာမက အလယ်တန်းအဆင့်ကိုပါ ၂၀၁၄-၁၅ ပညာသင်နှစ်မှစ၍ အခမဲ့သင်ကြားပေး ရန် စီစဉ်သွားမည်ဖြစ်ကြောင်း သမ္မတရုံးဝန်ကြီးဌာန အမှတ် ၅ ပြည်ထောင်စုဝန်ကြီး ဦးတင်နိုင်သိန်းက ဖေဖော်ဝါရီ ၉ ရက်က ပညာရေးကဏ္ဍမြင့်တင်ရေး အထောက်အကူပြုအဖွဲ့များနှင့် ပေါင်းစပ် ညှိနှိုင်းရေး ဆွေးနွေးပွဲ၌ ထည့်သွင်းပြောကြားသည်။ “အခမဲ့ပညာသင်စနစ်ကြောင့် မူလတန်းကျာင်းနေနှုန်း မြင့်လာ ပါတယ်၊ အလယ်တန်းမှာလည်း ကျောင်းထွက်နှုန်းလျော့ကျသွားအောင် အလယ်တန်းအဆင့်ပါ အခမဲ့ လုပ်ဆောင်ပေးဖို့ရှိပါတယ်”ဟု ၎င်းက ပြောသည်။

ပညာသင်ကြားရေးတွင် အလယ်တန်းအဆင့် ကျောင်းထွက်နှုန်းများ လျော့ကျလာစေရန်၊ စာတတ် မြောက်မှုပမာဏ ပိုမိုများပြားလာစေရန်၊ မူလတန်း-အလယ်တန်း- အထက်တန်း အဆင့်အလိုက် ပညာ သင်ကြားမှုများ တိုးမြှင့်လုပ်ဆောင်ကာ မြန်မာနိုင်ငံပညာရေး အဆင့်အတန်းတိုးမြင့်လာစေရန် ရည်ရွယ် ၍ ယခုကဲ့သို့ စီစဉ်ခြင်းဖြစ်သည်ဟု ဆိုသည်။

ထို့ပြင် ဆရာ၊ ဆရာများအားလည်း ကလေး၏ ဉဏ်ရည်ဉဏ်သွေးကို ချဉ်းကပ်လေ့လာခြင်းများ ပြုလုပ် ကာ ဉဏ်ရည်အလိုက် သင်ကြားပေးစေရန်လည်း စီစဉ်သွားမည်ဖြစ်သည်။ အလွတ်ကျက်စနစ်မှ လွတ် မြောက်အောင်လုပ်ကာ စဉ်းစားတွေးခေါ် ဖြေဆိုသည့်စနစ်သို့ ပြောင်းလဲသွားရန် စီစဉ်နေသည်။

“ကျောင်းထွက်နှုန်းလျော့ကျစေဖို့ အလယ်တန်းကို အခမဲ့ပညာသင်စနစ် လုပ်ဆောင်မယ့်အပြင် ကျောင်း ပြင်ပ ဘုန်းတော်ကြီးသင်ကျောင်းတွေ တိုးတက်ရေးအတွက်လည်း လုပ်မှာဖြစ်ပါတယ်။ မာလ်တီမီဒီယာ ကဏ္ဍကိုလည်း ပြည်စုံအောင် ခေတ်နှင့်အညီ ဆောင်ရွက်သွားဖို့ဖြစ်ပါတယ်”ဟု ၎င်းကဆက်ပြောသည်။

No comments: