Saturday, February 22, 2014

ပါးရိုက်သည့် ဇွဲကပင်အသင်းပိုင်ရှင်အား ဆယ့်ငါးသိန်း ဒဏ်ငွေတပ်ရိုက်

ရဲရင့်ဌေး

ဖေဖော်ဝါရီ ၁၅ ရက်၌ ကစားခဲ့သည့် ဇွဲကပင်အသင်းနှင့် ရတနာပုံအသင်းတို့၏ ပွဲစဉ်တွင် ကွင်းလယ်ဒိုင် အား ကိုယ်ထိလက်ရောက်ကျူးလွန်ခဲ့သည့် ဇွဲကပင်အသင်းပိုင်ရှင် ဦးလှဌေးအား မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်၏ စည်းကမ်းထိန်းသိမ်းရေးကော်မတီမှ ဒဏ်ကြေးငွေ ကျပ်ဆယ့်ငါးသိန်း ချမှတ်လိုက်သည်။

ဇွဲကပင်အသင်းပိုင်ရှင်အနေဖြင့် မြန်မာနေရှင်နယ်လိဂ်ပွဲစဉ်(၃) ပွဲစဉ်တစ်ပွဲဖြစ်သော ဇွဲကပင်နှင့် ရတနာပုံ ပွဲတွင် ကွင်းလယ်ဒိုင် ဦးလှမင်းက ရတနာပုံအသင်းဘက်သို့ ပင်နယ်တီနှစ်လုံးပေးသည်ကို မကျေနပ်သဖြင့် ပွဲအပြီးတွင် ကွင်းအတွင်းဝင်ရောက်ကာ ပါးရိုက်ခဲ့ခြင်းဖြစ်သည်။ အဆိုပါဖြစ်ရပ်အတွက် ပြိုင်ပွဲကျင်းပရေး မှ ဦးလှဌေးကို ၎င်း၏အပြုအမူအတွက် အရေးယူပေးရန် တင်ပြတောင်းဆိုခဲ့ခြင်းဖြစ်ပြီး ဖေဖော်ဝါရီ ၂၀ ရက်က မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ရုံးခန်းတွင် အစည်းအဝေးလုပ်ကာ ပြစ်ဒဏ်ချမှတ်ခဲ့ ခြင်းဖြစ်သည်။

“ဒီပြစ်ဒဏ်က စည်းကမ်းထိန်းသိမ်းရေးကော်မတီက ဆုံးဖြတ်တာပါ။ အမျှတ ဆုံးဖြစ်ဖို့အတွက် ဖြစ်ရပ် အားလုံးကို လေ့လာပြီးမှ ဆုံးဖြတ်ခဲ့တာပါ။ ကွင်းလယ်ဒိုင် ဦးလှမင်းအနေနဲ့လည်း ကာယကံရှင် ဦးလှ ဌေးက တောင်းပန်ထားလို့ ကျေနပ်ပါတယ်” ဟု မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် မီဒီယာဒါရိုက်တာ ဦးစိုးမိုး ကျော်က ပြစ်ဒဏ်နှင့်ပတ်သက်ပြီးပြောသည်။

အသင်းပိုင်ရှင်က ဒိုင်လူကြီးကို ပါးရိုက်ခဲ့သောဖြစ်ရပ်မှာ မြန်မာ့ဘောလုံးလောကတွင် ပထမဆုံးအကြိမ် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဇွဲကပင်အသင်းအနေဖြင့် နောက်နောင် ယခုကဲ့သို့ဖြစ်ရပ်မျိုး ထပ်မံဖြစ်ပွားပါက ကြီး လေးသည့်ပြစ်ဒဏ်ချမှတ်ခံရမည်ဟုလည်း သတိပေးခံထားရသည်။

No comments: