ABC
မြန်မာနိုင်ငံမှာ သတင်းမီဒီယာ လွတ်လပ်ခွင့်တွေ ပိတ်ပင်ထားခဲ့ပေမယ့် နောက်ပိုင်းမှာ ပြုပြင်ပြောင်းလဲမှုတွေ လုပ်လာပြီးတဲ့နောက် မြန်မာရဲ့ သတင်းမီဒီယာလွတ်လပ်ခွင့်ဟာ ပိုပြီး တိုးတက်ဖွံ့ဖြိုးတဲ့ မလေးရှား၊ ဖိလိပိုင်နိုင်ငံတွေထက် တိုးတက်မှုရှိလာကြောင်း သိရပါတယ်။
နယ်စည်းမခြား သတင်းထောက်များအဖွဲ့ MSF က ထုတ်ပြန်တဲ့ စာရင်းမှာ မြန်မာက စင်္ကာပူနိုင်ငံ၊ မလေးရှားနဲ့ ဖိလိပိုင်နိုင်ငံတို့ထက် အဆင့်သာနေပြီး နိုင်ငံပေါင်း ၁၈၀ ရဲ့ အဆင့်မှာ မြန်မာက ၁၄၅ နေရာ၊ မလေးရှားက ၁၄၇၊ ဖိလိပိုင်က ၁၄၉ နဲ့ စင်္ကာပူက ၁၅၀ အဆင့်မှာ ရှိနေပါတယ်။
ဒေသတွင်းက မြန်မာထက် သာတဲ့ နိုင်ငံတွေကတော့ အင်ဒိုနီးရှား၊ ဘရူနိုင်းနိုင်ငံနဲ့ အရှေ့တီမောနိုင်ငံတို့ဖြစ်ပြီး အရှေ့တီမောကတော့ တခြားနိုင်ငံတွေလို အဆင့် ၁၀၀ အောက်မှာမရှိပဲ ၇၇ အဆင့်မှာ ရောက်ရှိနေပါတယ်။
သတင်းမီဒီယာ လွတ်လပ်မှု အရှိဆုံးနိုင်ငံကတော့ ဖင်လန်နိုင်ငံက အဆင့် ၁၊ နယ်သာလန် အဆင့် ၂ နဲ့ နော်ဝေနိုင်ငံက အဆင့် ၃ တို့ဖြစ်ပြီး အောက်ဆုံးအဆင့် ၁၈၀ မှာတော့ Eritria၊ ၁၇၉ မှာတော့ မြောက်ကိုးရီးယားနိုင်ငံတို့ ဖြစ်ကြပါတယ်။
သြစတြေးလျနိုင်ငံက အဆင့် ၂၈ မှာရှိနေပြီး အမေရိကန်နိုင်ငံကတော့ အဆင့် ၄၆ နေရာမှာ ရှိနေပါတယ်။
မြန်မာနိုင်ငံက အရင်နှစ်တွေနဲ့စာရင် အဆင့်တွေ ခုန်တက်လာပေမယ့် အဲဒီ စာရင်းပြုစုချိန်ဟာ မြန်မာစစ်တပ်ရဲ့ စစ်လက်နက်စက်ရုံအကြောင်း ရေးသားဖော်ပြတဲ့ ယူနီတီဂျာနယ် အမှုထမ်းတွေ အဖမ်းအဆီး မခံရခင်က ဖြစ်ပါတယ်။

No comments:
Post a Comment