သျှမ်းသံတော်ဆင့်
သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ်ရှိ သစ်တောဌာနမှ သိမ်းဆည်းထားသည့် လယ်ယာ ဥယျာဉ်ခြံမြေများ ပြန်လည်ရရှိရေးအတွက် လူထုနှစ်ရာခန့် ကျားခေါင်းပါတီနှင့် ကျားဖြူပါတီ ရုံးရှေ့၌ တနင်္လာ နေ့က ဆန္ဒပြတောင်းဆိုခဲ့ကြသည်။
ဖဖေါ်ဝါရီ ၁၇ ရက်နေ့က မိုင်းကိုင်မြို့နယ် တုံလောကျေးရွာအုပ်စုသားများပိုင် လယ်ယာ ဥယျာဉ် ခြံမြေများကို သစ်တောကြိုးဝိုင်း ဧရိယာသတ်မှတ်မည်ဟူသည့်သတင်းကြောင့် ခုခံကာ ကွယ်ပေးရန် သျှမ်းပါတီများထံ အဆိုပါဒေသခံ ၂၀၀ ခန့်က ချီတက်တောင်းဆိုခဲ့ခြင်းဖြစ်သည်။
“လယ်၊ ယာ၊ ခြံ မြေသာမကတော့ဘူး။ အခု ကြားနေရတာက လှေကားကနေဆင်းရင် သစ် တောပိုင်မြေ ဖြစ်နေသယောင်ပြောနေတယ်။ လွတ်လပ်စွာသွားလာလုပ်ကိုင် စားသောက် ဖို့ ခြိမ်းခြောက်ခံနေရ တယ်။ အခု ကျားဖြူပါတီက လွှတ်တော်ထဲရောက်နေပြီဘဲ။ ကျနော်တို့ ရွာသားတွေကို ကာကွယ်ပေးဖို့ တောင်းဆိုရတာဖြစ်တယ်” - ဟု အသက် ၄၀ ကျော် တုံလော ဒေသခံ အမျိုးသားတဦးကပြောသည်။
“အဲဒီကိစ္စဖြေရှင်းပေးဖို့ ဒီကနေ့ သစ်တောက ဝန်ထမ်း နဲ့ ကျနော်တို့ ကျားဖြူပါတီဝင် လူကြီးတချို့ တုံလော ကိုသွားကြတယ်။ ဖြစ်ပျက်တဲ့နေရာကို ကွင်းဆင်းစစ်ဆေးပြီး ပြဿနာဖြေရှင်းပေးဖို့” - မိုင်းကိုင် မြို့ ကျားဖြူပါတီ ဝင်တဦးက ပြောသည်။
ကျားဖြူပါတီ ဥက္ကဌ စိုင်းအိုက်ပေါင်းသည်လည်း နေပြည်တော်အစိုးရ၏ သျှမ်းပြည်နယ် သစ်တော နှင့် သတ္တု ဝန်ကြီးတာဝန် ထမ်းရွက်နေသူဖြစ်သည်။
ထို့အတူ သျှမ်းပြည်မြောက်ပိုင်းနမ့်ခမ်းမြို့နယ် မုန်းစီးဒေသထွက်ကျောက်မီးသွေး၊ သျှမ်းပြည် တောင်ပိုင်း မိုင်းပန်မြို့နယ်ထွက်ကျောက်မီးသွေး၊ သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်ခရိုင် တာလေမြို့နယ်ထွက် ရွှေများ တူးဖေါ်နိုင်ရေးအတွက် ကျေးလက်ထုပိုင်လယ်ယာ ဥယျာဉ်ခြံ မြေအများအပြားအား သိမ်းယူရန် ကုမ္ပဏီများက စီစဉ်နေသည့်အတွက် ဒေသခံများ အထူး စိုးရိမ်နေကြသည်။

No comments:
Post a Comment