ဝင်းကိုကိုလတ်၊ မြတ်သူရ
ဥပဒေပညာနှင့် လူ့အခွင့်ရေးတွဲဖက်မှသာ ပြည်သူများအတွက် တရားဥပဒေစိုးမိုးရေးနှင့် အေးချမ်းတည် ငြိမ်မှုများကို ပေးစွမ်းနိုင်မည်ဟု အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဖေဖော်ဝါရီ ၁၃ ရက်တွင် ပြောကြားလိုက်သည်။
“ကျွန်မတို့ တရားဥပဒေစိုးမိုးရေးကို တကယ်ဆောင်ရွက်ချင်ရင် ဥပဒေပညာနဲ့လူ့အခွင့်အရေးကို တွဲဖက် ပေးရပါမယ်။ ဒါမှသာ နိုင်ငံသားများ အေးချမ်းစွာနေနိုင်မှာ ဖြစ်ပါတယ်”ဟု ပြောသည်။
ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည့် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်း ရေးကော်မတီနှင့် Intertional Bar Association တို့ ဖေဖော်ဝါရီ ၁၃ ရက်မှ ၁၅ ရက်အထိ ပူးတွဲကျင်းပ သည့်ဝတ်လုံတော်ရရှေ့နေအသင်းများ၏ ထိပ်တန်းကျင့်ထုံးများ နိုင်ငံတကာနှင့် ဒေသဆိုင်ရာကိုင်တွယ် ဖြေရှင်းနည်း အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်က ဥပဒေပညာအဆင့်မြင့်ရန်၊ ဥပဒေပညာတွင် သင်ပုံသင်နည်းသာမက တက္က သိုလ်ကျောင်းသားများ ဥပဒေပညာကို မည်သည့်အတွက် ရွေးချယ်သင်ကြားကြသည်ဆိုသည်မှာလည်း အရေးကြီးကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
“ဥပဒေပညာကို ငွေကြေးရှုထောင့်တစ်ခုတည်းကနေ သင်ယူခြင်းထက် ရှေ့နေ၊ ဥပဒေပညာရှင်များဟာ ပညာသင်ပြီးရင် နိုင်ငံအတွက်ဘယ်လိုအကျိုးပြုမယ်ဆိုတာလည်း စဉ်းစားစေချင်ပါတယ်”ဟု ဒေါ်အောင် ဆန်းစုကြည်က တိုက်တွန်းလိုက်သည်။
ဥပဒေပညာရှင်များသည်လည်း လူလေးစားမှုရှိစေရန် မှန်မှန်ကန်ကန် ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ဆယ်စုနှစ်ပေါင်းများစွာ လွတ်လပ်မှုမရှိခဲ့သည့် မြန်မာနိုင်ငံတွင် ဥပဒေပိုင်းဆိုင်ရာစံနှုန်းများ ကျဆင်းလာသကဲ့သို့ ယင်းကဲ့သို့ စံနှုန်းများကျဆင်းနေသည့်အပေါ် ပြောဆိုခွင့်လည်း မရှိခဲ့ကြောင်း ၎င်းက သုံးသပ် ပြောဆိုသည်။
No comments:
Post a Comment