အေးမြင့်စန်း
ယူနတီ အပတ်စဉ်ထုတ်ဂျာနယ်တွင် ဇန်န၀ါရီ ၂၅ ရက်က ဖော်ပြခဲ့သည့် လျှို့ဝှက်ဓာတုလက်နက်စက်ရုံ သတင်းနှင့်ပတ်သက်ပြီး ဖမ်းဆီးခံထားရသူ သတင်းသမားငါးဦးကို ဆက်လက်ထိန်းသိမ်းထားပြီး ဥပဒေ နှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာနကထုတ်ပြန်ချက်ကို ပြန်ကြားရေး ၀န်ကြီးဌာန ၀က်ဘ်ဆိုဒ်တွင် ဖေဖော်ဝါရီ ၅ ရက် ညနေ ခြောက်နာရီခန့်က ဖော်ပြထားသည်။
ပြစ်မှုဆိုင်ရာကျင့်ထုံး ဥပဒေပုဒ်မ ၁၆၇ အရ ယူနတီဂျာနယ် အမှုဆောင်အရာရှိချုပ် ဦးတင့်ဆန်းနှင့် သတင်းထောက်သုံးဦးကို ပုဇွန်တောင်မြို့နယ် တရားရုံးသို့ပို့၍ ဖေဖော်ဝါရီ ၁ ရက်မှ ၁၄ ရက်အထိ ချုပ်ရက် ရမန်ယူထားမည်ဖြစ်ပြီး နယ်သတင်းထောက် ကိုလူမော်နိုင်ကို ပေါက်မြို့နယ်တရားရုံးတွင် ဖေဖော်ဝါရီ ၁ ရက်မှ ၁၄ ရက်အထိ ချုပ်ရမန်ယူထားမည်ဟု သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယခုကဲ့သို့ သတင်းသမားလေးဦးနှင့် အမှုဆောင်အရာရှိချုပ်ကို ဖမ်းဆီးထိန်းသိမ်းထားခြင်းအပေါ် နယ်စီး မခြားသတင်းထောက်များအဖွဲ့(RSF)က ပြစ်တင်ဝေဖန်လိုက်ပြီး ဖမ်းဆီးထားသူများအား ချက်ချင်း ပြန် လွှတ်ပေးရန် မြန်မာအာဏာပိုင်များသို့ တောင်းဆိုလိုက်သည်ဟု ၎င်းအဖွဲ့၏အင်တာနက်စာမျက်နှာတွင် ဖေဖော်ဝါရီ ၄ ရက်က ဖော်ပြထားသည်။
“ဒီသတင်းသမားတွေနဲ့ပတ်သက်ပြီးတော့ ကျွန်မတို့ ပြတ်ပြတ်သားသား ဝေဖန်လိုက်ပါတယ်။ ပြီးတော့ အာဏာပိုင်တွေအနေနဲ့ သူတို့ကို ချက်ချင်းလွှတ်ပေးဖို့ ကျွန်တော်တို့ တောင်းဆိုပါတယ်” ဟု RSF မှ သု တေသနဆိုင်ရာအကြီးအကဲ Lucie Morillon က ပြောဆိုထားသည်။
ဇန်န၀ါရီ ၃၁ ရက်နှင့် ဖေဖော်ဝါရီ ၁ ရက်တွင် အသီးသီး ဖမ်းဆီးခံခဲ့ရသည့် ယူနတီသတင်းဂျာနယ် အမှု ဆောင်အရာရှိချုပ် ဦးတင့်ဆန်းနှင့် သတင်းထောက်လေးဦးကို မြန်မာနိုင်ငံလျှို့ဝှက်အက်ဥပဒေပုဒ်မ ၁၂ အရ အရေးယူနိုင်သဖြင့် ခေါ်ယူထိန်းသိမ်းထားခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားပြီး ယင်း သို့ ထိန်းသိမ်းအပြီး လေးရက်မြောက်တွင် ဖမ်းဆီးထားသူများကို မိသားစုနှင့် တွေ့ဆုံခွင့်ပေးခဲ့သည်။
ပခုက္ကူအကျဉ်းထောင်သို့ရောက်နေသူ သတင်းထောက်ကိုလူမော်နိုင်အား ဖေဖော်ဝါရီ ၃ ရက်က သွား ရောက်တွေ့ဆုံသူ ဇနီးမလွင်လွင်မြင့်ကိုလည်း ခေတ္တထိန်းသိမ်းမှုရှိခဲ့ပြီးနောက် လက်ရှိတွင် ပခုက္ကူမြို့ နယ် တရားသူကြီးဒေါ်ဆွေဆွေဝင်းက ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၄၉၇ အရ အာမခံပေးသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယင်းနှင့်ပတ်သက်ပြီး သမ္မတရုံးညွှန်ကြားရေးမှူး ဦးဇော်ဌေးက “တည်ဆဲဥပဒေအတိုင်းပဲ ဖြစ်ပါလိမ့်မယ်၊ လွတ်လပ်စွာရေးသားခွင့်ကို ပိတ်ပင်တာမဟုတ်ဘူး၊ လိုက်နာရမယ့် ဥပဒေတွေကို ချိုးဖောက်တဲ့အခါကျ ရင်တော့ ဥပဒေအတိုင်း အရေးယူရမှာပဲ”ဟု မဇ္ဈိမ၏ ဆက်သွယ်မေးမြန်းမှုကို ပြန်လည် ဖြေကြားသည်။
ကိုလူမော်နိုင်၏ဇနီးဖြစ်သူ မလွင်လွင်မြင့်က ၎င်း၏အမျိုးသား ဖမ်းဆီးခံရခြင်းနှင့်ပတ်သက်ပြီး သမ္မတထံ စာတင်ကာ အကူအညီတောင်းခံမည်ဟုလည်း ဖေဖော်ဝါရီ ၅ ရက်တွင် မဇ္ဈိမကို ပြောသည်။
No comments:
Post a Comment