အောင်ကိုဦး
ဒေါ်အောင်ဆန်းစုကြည် က ဖေဖေါ်ဝါရီ ၁၅ ရက်နေ့တွင် Mandalay Hill Resort Hotel ၌ ကျင်းပသည့် ဧရာဝတီ စာပေပွဲတော်သို့ တက်ရောက်ခဲ့ပြီး နံနက် ၁၁ နာရီမှ ၁၂ နာရီတကြိမ်နှင့် မွန်းလွဲပိုင်း ၁ နာရီမှ ၂ နာရီထိ တကြိမဆွေးနွေးမှုများပြုလုပ်ခဲ့သည်။
ဧရာဝတီ စာပေပွဲတော်အား ၂၀၁၄ ခုနှစ် ဖေဖေါ်ဝါရီ ၁၄ ရက်နေ့မှ စတင်ကျင်းပခဲ့ရာ စာပေအနုပညာရှင်များ အတတ်ပညာရှင်များ က စာတမ်းများဖတ်ကြားခြင်း၊ ဆွေးနွေးခြင်းများပြုလုပ်ခဲ့ပြီး အင်္ဂလိပ်စာကြည့်တိုက်ပြပွဲ၊ ပန်းချီပြပွဲ၊ ရုပ်ရှင်မှတ်တမ်း ဇာတ်လမ်းများပြသခြင်း၊ ရုပ်သေးကပွဲနှင့် ခြင်းအလှခတ်ပြခြင်းများ ပြသခဲ့သည်။
ဟောပြောပွဲနှင့် ပြပွဲများကို ပုဂံ၊ ပင်းတယ၊ အင်းဝ၊ တောင်ငူနှင့် ကုန်းဘောင် စသည့် အဆောင်များတွင် ကျင်းပခဲ့ကာ နိုင်ငံတကာ စာပေအနုပညာရှင်များ၊ ရန်ကုန် စာပေပညာရှင်များနှင့် မန္တလေးမြို့ခံ စာပေ ပညာရှင်အချို့ တက်ရောက်ခဲ့သည်။
၎င်းစာပေပွဲတော်အား ကုသိုလ်တော် ဘုရားဝင်းအတွင်းတွင် ကျင်းပရန်ကြိုတင် စီစဉ်ခဲ့သော်လည်း ကျင်းပမည့်နေ့တွင် အကြောင်းအမျိုးမျိုးကြောင့် ကျင်းပခွင့်မရဘဲ Mandalay Hill Resort Hotel သို့ ပြောင်းရွှေ့ကျင်းပခြင်းဖြစ်သည်။
စာပေပွဲတော်ကို ပြောင်းရွှေ့ကျင်းပရသော်လည်း အင်္ဂလန် သံအမတ်ကြီး၏ ဇနီး မစ္စဂျိမ်း က ဦးဆောင်ကာ မူလအစီအစဉ်အတိုင်း ကျင်းပနိုင်အောင် စီစဉ်ခဲ့သည်။
No comments:
Post a Comment