Thursday, February 20, 2014

အူရီးဒူးက မိုဘိုင်းဆင်းမ်ကတ်ကို ကျပ် ၁၅၀၀ နှင့်ရောင်းမည်

စ,ချိုကိုကို

ပြည်တွင်းတွင် ဆက်သွယ်ရေးလုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်ရရှိထားသော ကာတာနိုင်ငံအခြေစိုက် အူရီးဒူး ကုမ္ပဏီက ၂၀၁၄ ဇူလိုင်လ၀န်းကျင်တွင် မိုဘိုင်းဆင်းမ်ကတ်ကို ကျပ် ၁၅၀၀ နှင့် စတင်ရောင်းချပေးသွား မည်ဟု အူရီးဒူးမြန်မာ၏ အမှုဆောင်အရာရှိချုပ် Mr.Ross Cormack က ဖေဖော်ဝါရီ ၁၈ ရက်က ရန်ကုန် မြို့ အင်းလျားလိတ်ဟိုတယ်တွင် ပြုလုပ်သည့် 2nd Telecoms Infrastru- cture Summit 2014 တွင် ပြောသည်။

Mr. Ross Cormack က “ကျွန်တော်တို့အနေနဲ့ ဆက်သွယ်ရေးဝန်ဆောင်မှုပေးနိုင်ဖို့ကို အဆင်သင့်လုပ် နေပါပြီ။ ၂၀၁၄ နှစ်လယ်ပိုင်းမှာ ဆင်းမ်ကတ်တွေကို ကျပ် ၁၅၀၀ နှင့် ရောင်းချပေးမှာဖြစ်ပြီး ဖုန်းပြော ဆိုခတွေကတော့ အခုအချိန်မှာ ပြောဖို့စောသေးပါတယ်”ဟု သတင်းထောက်များကို ပြန်လည်ဖြေကြား သည်။

မိုဘိုင်းဝန်ဆောင်မှုပေးသည့်အခါတွင်လည်း 3G ကွန်ရက်ရရှိအောင် ပြုလုပ်သွားမည်ဖြစ်ပြီး နောက်ဆုံး ပေါ်3G နည်းပညာဖြင့် ဆက်သွယ်ရေးဝန်ဆောင်မှုပေးသွားမည်ဟုလည်း ၎င်းက ပြောသည်။

၎င်းက “မြန်မာနိုင်ငံရဲ့ ဘယ်နေရာမှာမဆို 3G ကွန်ရက်ကို ရရှိစေမှာဖြစ်ပါတယ်။ အသုံးပြုတဲ့အခါမှာ လည်3းG ကွန်ရက်ကို နောက်ဆုံးပေါ်နည်းပညာတွေနဲ့ ထောက်ပံ့ပေးသွားမှာဖြစ်ပါတယ်”ဟု ဆိုသည်။


အူရီးဒူးကုမ္ပဏီအနေဖြင့် လိုင်စင်ရရှိပြီး ခြောက်လအကြာတွင် မိုဘိုင်းဆင်းမ်ကတ်များ စတင်ရောင်းချပေး သွားမည်ဖြစ်ပြီး လက်ရှိတွင်လည်း မိုဘိုင်းတာဝါတိုင် စိုက်ထူခြင်းလုပ်ငန်းများ လုပ်ကိုင်နေပြီဖြစ်သည်။ မိုဘိုင်းဈေးနှုန်းနှင့်ပတ်သက်၍လည်း တင်ဒါတင်ခဲ့စဉ်က ဖြည့်စွက်ထားသော တစ်မိနစ် ၄၅ ကျပ်ဈေးနှုန်းမှာ ပုံသေမဟုတ်သေးဘဲ အားလုံးလက်လှမ်းမီသည့်ဈေးနှုန်းမျိုးဖြင့် ရောင်းချပေးမည်ဟုလည်း Mr. Ross Cormack က ပြောသည်။

“အဲဒီထက် အများကြီးလျှော့ချသွားဖို့ရှိပြီး လူတိုင်းအံ့သြနိုင်တဲ့ဈေးနှုန်းမျိုးနဲ့ဖြစ်လာမှာပါ”ဟုလည်း Mr. Ross Cormack က ဆိုသည်။

အူရီးဒူးအနေဖြင့် မိုဘိုင်းဆင်းမ်ကတ်များတွင် အင်တာနက်တစ်ပါတည်းရရှိအောင် လုပ်ဆောင်သွားမည် ဖြစ်ပြီး နောက်ပိုင်းတွင် Mobile Banking နှင့် Mobile Payment စနစ်ကိုလည်း ထပ်မံဝန်ဆောင်မှုပေး သွားမည်ဖြစ်သည်။ ပြည်တွင်းတွင် လုပ်ငန်းလုပ်ကိုင်ခွင့်ကို အူရီးဒူးက ဇန်န၀ါရီ ၃၀ ရက်တွင် ရရှိခဲ့ခြင်းဖြစ် သည်။

No comments: