မို့မို့သန္တာ
ပြည်တွင်းစားသုံးသူဈေးကွက်သို့ ထိုင်းနယ်စပ်များမှဝင်ရောက်နေသည့် ငံပြာရည်အများစုမှာ ကျန်းမာရေး အရ ထိုင်းနိုင်ငံမှပိတ်ပင်ထားသည်များဖြစ်ကြောင်း မြန်မာနိုင်ငံစားသုံးသူကြိုတင်ကာကွယ်ပေးရေး အသင်းဥက္ကဋ္ဌ ဦးဗအုပ်ခိုင်က မဇ္ဈိမကို ပြောသည်။
ပြည်တွင်းစားသုံးသူများ စားသုံးကြသည့် ထိုင်းငံပြာရည်အများစုတွင် Nitrogen ပါဝင်မှုနည်းပါးပြီး ကျန်းမာရေးနှင့် မညီညွတ်သည့် ဓာတုပစ္စည်းများပါဝင်သောကြောင့် ထိုင်းနိုင်ငံတွင်ပိတ်ပင်ထားသော် လည်း ပြည်တွင်းစားသောက်ကုန်ဈေးကွက်အတွင်း ပျံ့နှံ့လျက်ရှိသည်ဟုဆိုသည်။
“ထိုင်းနိုင်ငံက၀င်နေတဲ့ ငံပြာရည်တွေက ကျန်းမာရေးအရ ပိတ်ပင်ထားတာတွေ ဖြစ်တဲ့အပြင် အခုဈေး ကွက်မှာ အတုတွေကလဲထပ်ဝင်လာတယ်။ ပြည်တွင်းစားသုံးသူတွေအတွက် အန္တရာယ်ရှိမှာစိုးလို့ပါ၊ အခု ထိတော့ စားသုံးသူတွေအများဆုံးစား တဲ့အထဲမှာ တခြားနိုင်ငံက ပိတ်ပင်ထားတဲ့ တံဆိပ်တွေပါနေတယ်” ဟု ဦးဗအုပ်ခိုင်က ပြောသည်။
လက်ရှိတွင် အမျိုးသားအစားအသောက်ဥပဒေ ထုတ်ပြန်ခြင်းမရှိသေးသောကြောင့် အရေးယူမှုများကို မပြုလုပ်နိုင်သော်လည်း သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းကာ ဈေးကွက်အတွင်း စစ်ဆေးမှုများပြုလုပ်၍ အရေးယူမှုများပြုလုပ်သွားမည်ဟု ၎င်းကဆက်ပြောသည်။
ပြည်တွင်းသို့ ကုန်ပစ္စည်းများဝင်ရောက်မှုအများဆုံးဖြစ်သည့် နယ်စပ်ဒေသများတွင် စားသုံးသူကာကွယ် ရေးရုံးခန်းများကို ဖေဖော်ဝါရီလမှစတင်ကာ တိုးချဲ့ဖွင့်လှစ်သွားမည်ဖြစ်ပြီး ပြည်တွင်းလက်ကားဖြန့်ချိ သည့် ဈေးကြီးများကိုလဲ စစ်ဆေးဆောင်ရွက်မှုများ ပြုလုပ်သွားမည် ဖြစ်သည်ဟု ဦးဗအုပ်ခိုင်က ဆိုသည်။
စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးစိုးဝင်းက “ဥပဒေနဲ့အညီ လုပ်ဆောင်မှုတွေ လုပ်သွားမယ်။ နယ်စပ်မှာ ဘယ်ဂိတ်တွေက ၀င်ရောက်မှုရှိနေသလဲဆိုတာကို စစ်ဆေးသွားမယ်၊ စားသုံး သူတွေအတွက် အန္တရာယ်ဖြစ်နိုင်မယ်ဆိုရင်တော့ တားဆီးပိတ်ပင်သွားမှာပါ” ဟု ပြောသည်။
ထိုင်းနိုင်ငံတွင် ငံပြာရည်အမျိုးအစား ၂၇၁ မျိုးရှိပြီး ၎င်းတို့အထဲမှ ၅၀ ရာခိုင်နှုန်းသည် ကျန်းမာရေးနှင့် ညီညွတ်မှုမရှိကြောင်းနှင့် မြန်မာနိုင်ငံတွင် စားသုံးမှုများသည့် ငံပြာရည်အမျိုးအစားလေးမျိုးဖြစ်သော Cook ,Sqit,Tiparosrs နှင့် Shirnp များသည် ထိုင်းနိုင်ငံက စားသုံးရန်ပိတ်ပင်ထားသည့် ငံပြာရည်များ ဖြစ်သည်ဟု ဦးဗအုပ်ခိုင်က ဆိုသည်။
No comments:
Post a Comment