နန်းမြင့်
သမီးလေးကျေးရွာ အပါအဝင် မြေယာမဲ့သူများအာလုံးအတွက် ကျောက်တံတားမြို့နယ်ရှိ မဟာဗန္ဓုလ ပန်းခြံ အနီးတွင် ဆန္ဒပြမည်ဟု ကုန်ဈေးနှုန်းကျဆင်းရေးအဖွဲ့ (MDCF)မှ ဦးထင်ကျော်က ဖေဖော်ဝါရီ ၁၆ရက်တွင် မဇ္ဈိမကိုပြောသည်။
အဆိုပါ ဆန္ဒပြခြင်းကို ဖေဖော်ဝါရီ ၁၈ ရက် နံနက် ၁ဝ နာရီ မှ ၁၂နာရီအထိ လူအင်းအား ၅ဝ ခန့်ဖြင့် ဆန္ဒပြရန် စီစဉ်ထားသည်ဟု ဆိုသည်။
“ကျွန်တော်တို့ နိုင်ငံသားတွေကို အစိုးရက နိုင်ငံသားအဖြစ်ပါမက လူအဖြစ်ပါ မသတ်မှတ်ခံရတဲ့ ကိစ္စကို သမီးလေးကျေးရွာ အပါအဝင် မြေယာမဲ့သူတွေ အားလုံးအတွက် ရည်ရွယ်ပြီး ဆန္ဒပြမယ်” ဟု ဦးထင်ကျော်က ပြောသည်။
ယင်းဆန္ဒပြခြင်းနှင့် ပတ်သက်၍ ဖေဖော်ဝါရီ ၁၄ရက်က ခွင့်ပြုမိန့်ကို တောင်းခံခဲ့သော်လည်း ၅ ရက် ကြိုတင်စာတင်ရမည်ဖြစ်သဖြင့် ခွင့်ပြုမိန့်မရခြင်း ဖြစ်သည်ဟုဆိုသည်။
ဦးထင်ကျော်က “စာ ၅ရက် ကြိုတင်တင်တာကို ၅ ရက်ကွက်တိဖြစ်လို့ မြို့နယ်က ခွင့်ပြုချက် မပေးဘူး။ ပယ်ချတဲ့ကိစ္စကို တိုင်းဒေသ ကြီးက ရဲမှူးဆီကိုပြန်ပြီး အယူခံပုံစံမျိုးနဲ့ လွတ်တော်ကို ပို့ပြီးသွားပြီး ခွင့်ပြုချက်ပေးပေး မပေးပေးလုပ်မှာပဲ” ဟုပြောသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၄ရက်က လှည်းကူးမြို့၊ သမီးကလေးကျေးရွာရှိ အိမ်ခြေ ၄,ဝဝဝ ကို ဖေဖော်ဝါရီ ၄ ရက် နံနက်ပိုင်းတွင် စက်ယန္တရားကြီးများနှင့် အင်အားသုံး ဖျက်ဆီးခဲ့ပြီးနောက် ရွာသူရွားသားများသည် ပဲခူးမြို့၊ အလံနီရွာ ဘုန်းကြီးကျောင်းတွင် ခိုလှုံနေကြရသည်။
ထို့ပြင် ဒဂုံမြို့ဆိပ်ကမ်းမြို့နယ် အမှတ် (၆၇) ရပ်ကွက်အတွင်းရှိ ကျူးကျော်အိမ်ခြေ ၂,၅ဝဝ ကို ဖေဖော်ဝါရီ ၁၆ ရက် နောက်ဆုံးထား ဖယ်ရှားပေးရန် မြို့နယ်အုပ်ချုပ်ရေးမှူးက သတိပေး အကြောင်းကြား စာပို့ထားခဲ့သော်လည်း နောက်ဆုံး သတင်းရချိန်အထိ ဖျက်သိမ်းခြင်း မရှိသေးပေ။
No comments:
Post a Comment