ဝိုင်းအောင်
ရန်ကုန်-ပြည်-မကွေး ကားလမ်းကြောင်း သစ်ရာကောက်- ကိုးပင်ကားဖြတ်လမ်း မိုင်တိုင် (၉/၆) နှင့်(၉/၇) မိုင်တိုင်ကြား၌ ကုန်တင်ယာဉ်ကားတစ်စီးလုံး မီးလောင်မှုတစ်ခု ဖေဖော်ဝါရီ ၁၅ ရက်၊ ည ၉ နာရီခွဲ ခန့်တွင် ဖြစ်ပွားခဲ့သည်။
မကွေးမြို့မှ ရန်ကုန်မြို့သို့သွားရန် နှမ်းလှော်မှုန့်အိတ်များ တင်ဆောင် လာသည့် ယာဉ်အမှတ် ၆ဂ/------- (ကိုရီးယားကီးယား KIA )အမျိုးအစား ကုန်တင်ယာဉ်သည် နောက် (ယာ) ဘက်ဘီးပေါက်နေ သည်ကို မသိဘဲ မောင်းနှင်နေသဖြင့် သစ်ရာကောက် - ကိုးပင်ကားဖြတ်လမ်း စမ်းမကြီးကျေးရွာအနီးတွင့် တာယာနှင့် ကားဘီးခွေ အချိန်ကြာမြှင့်စာ ပွတ်တိုက်မှုကြောင့် အပူလွန်ကဲပြီး မီးလောင်မှုဖြစ်ပွားသည် ဟု မကွေးမြို့နယ် မီးသတ်ဦးစီးဌာနက ထုတ်ပြန်သည်။
အဆိုပါ ကားမီးလောင်ရာသို့ မကွေးမြို့နယ် မီးသတ်ဦးစီးမှူး ဦးကျော်သိန်း ဦးဆောင်၍ သန္ဓေမီးသတ်သမား လေးဦး၊ အရံမီးသတ်သမား ငါးဦးနှင့် မီးသတ်ကား တစ်စီးနှင့် ကိုးပင်ကျေးရွာမှ အရံမီးသတ်သမား (၅) ဦးနှင့် မီးသတ်ကားတစ်စီး တို့ရောက်လာပြီး ငြိမ်းသတ်ရာ ၎င်းည ၁၁ နာရီ ၅ဝ တွင် မီးငြိမ်းသွားသည်။
မီးလောင်မှုကြောင့် ယာဉ်တစ်စီးတန်ဘိုးငွေကျပ် သိန်း ၁၀၀ နှင့် နှမ်းလှော်မှုန့်အိတ် ၉၅၅ (တန်ဘိုးငွေ ကျပ်သိန်း ၄ဝဝ) ဆုံးရှုံးခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်သိန်းက မဇ္ဈိမ ကိုပြောသည်။
မီးလောင်မှုကြောင့် မကွေးမြို့ အောင်ဇေယျာရပ်ကွက်တွင် နေထိုင်သူဖြစ်သည့် ယာဉ်မောင်း ××××× မှာ ထွက်ပြေးတိမ်းရှောင်နေပြီး လက်ရှိတွင် မီးချောင်းရဲနယ်မြေ ရဲစခန်းတွင် (ပ)၉/၂ဝ၁၄ ပြစ်မှုပုဒ်မ ၂၈၅ ဖြင့်အရေးယူ ဆောင်ရွက်လျှက်ရှိသည်။
No comments:
Post a Comment