ဝိုင်းအောင်
မကွေးတိုင်း ပွင့်ဖြူမြို့နယ် ဗောဓိကုန်းကျေးရွာ အရှေ့တောင်ဘက်တစ် မိုင်ခန့်အကွာရှိ မြန်မာ့သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်းသည် ဖေဖော်ဝါရီ ၉ ရက် နေ့လည်ပိုင်းက ပိုက်လိုင်းယိုစိမ့်ကာ မီးလောင်မှု ဖြစ်ပွားခဲ့သည်ဟု ဒေသခံများ ကပြောသည်။
အဆိုပါ သဘာဝဓာတ်ငွေ့ ပိုက်လိုင်းတည်ရှိရာ ဗောဓိကုန်းရွာမှ ဦးမောင်မောင်လွင်၏ လယ်ကွက်ထဲရှိ ကမ်းနီ-လမ်းရွာသို့ ပို့လွှတ်ပေးသော မြေအောက် ၁ဝ လက်မပိုက်သည် ဓာတ်ငွေ့ယိုစိမ့်မှုဖြစ်ရာ လယ်ကွက်အတွင်းရှိ စပါးရိုးပြတ်များ မီးလောင်ရာမှ တဆင့် ဓာတ်ငွေ့ယိုစိမ်မှု ဖြစ်သည့် နေရာသို့ ကူးစက်၍ အမြင့်တစ်ပေခန့် မီးတောက်လောင်ခဲ့သည်။ မီးလောင်ကျွမ်းမှုကြောင့် ပိုက်လိုင်းကို ၆ နာရီ ခန့် ပိတ်ထားလိုက်ရသည်ဟု ဆိုသည်။
အဆိုပါ မီးလောင်မှုကြောင့် မင်းဘူးမြို့ မန်းရေနံမြေမှ ဓာတ်ငွေ့ပို့လွှတ်မှုကို ပိတ်ပေးခဲ့ရပြီး မန်းရေနံ အထွေထွေ မန်နေဂျာ ဦးမြင့်ဆွေ နှင့် အဖွဲ့ဝင် ၅ဦး၊ ပွင့်ဖြူမြို့နယ် အုပ်ချုပ်ရေးမှူး နှင့် မြို့နယ်ရဲတပ်ဖွဲ့များက မွန်းလွဲ ၂ နာရီခန့်တွင် လာရောက် ငြှိမ်းသတ်နိုင်ခဲ့သည်ဟု ဒေသခံများကပြောသည်။
No comments:
Post a Comment