ကေဇူး
နိုင်ငံတကာအဖွဲ့အစည်းများနှင့် ဥရောပသမဂ္ဂက ရခိုင်ပြည်နယ်မြောက်ပိုင်းသို့ သွားရောက်လေ့လာခဲ့ပြီး နောက် ဒုက္ခသည်များ နေရပ်ပြန်နိုင်ရေးအတွက် ဒုက္ခသည်စခန်းများတွင် နေထိုင်သူများကို လွတ်လပ် စွာ သွားလာနိုင်ရေး ဆောင်ရွက်ပေးရန် အကြံပြုလိုက်သည်။
မောင်တောမြို့နယ် ဒုချရားတန်းကျေးရွာတွင် ဖြစ်ပွားခဲ့သော ရဲတပ်ကြပ်ကြီးပျောက်ဆုံးမှု၊ ရွာသားများ အကြမ်းဖက်ခံရမှုသတင်းများနှင့်ပတ်သက်ပြီး ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ ဒိန်းမတ်၊ ချက်သမ္မတ နိုင်ငံ၊ ဆွီဒင်၊ UK နှင့် EU အဖွဲ့အစည်းများက ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ဒုက္ခသည်စခန်းများနှင့် အခင်းဖြစ် ပွားသော ဒုချရားတန်းကျေးရွာများသို့ သွားရောက်ခဲ့ပြီး အလွတ်သဘော လေ့လာခဲ့ရာမှ ဖေဖော်ဝါရီ ၃ ရက်တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
ထို့ပြင် နှစ်ဖက် ယုံကြည်မှုတည်ဆောက်နေဆဲအချိန်တွင် ဒုက္ခသည်စခန်းများအတွင်း၌ရှိသူ ရခိုင်လူမျိုး များနှင့် ဘင်္ဂလီဒုက္ခသည်များကို လွတ်လပ်စွာသွားလာခွင့်ပြုရန် အစိုးရကို တိုက်တွန်းပြောဆိုထား သည်။
အဆိုပါ ဒုက္ခသည်များကို မိမိနေအိမ်များတွင် အဆောက်အအုံများ ဆောက်လုပ်ပေးခြင်းများ ပြုလုပ်ပြီး လူမျိုးစုနှစ်ခု ငြိမ်းချမ်းစွာ နေထိုင်နိုင်ရေး ရှေးရှုဆောင်ရွက်နိုင်မည်ဟု အကြံပြုထားသည်။
ထို့အတူပင် ရခိုင်ပြည်နယ်တွင်း နေထိုင်သူများအနေဖြင့် အစိုးရ၏ နိုင်ငံသားဖြစ်မှုစစ်ဆေးသည့် သန်း ခေါင်စာရင်းကောက်ယူမှု လုပ်ငန်းများတွင် ပါဝင်လုပ်ဆောင်သင့်သည်ဟုလည်း တိုက်တွန်းထားသည်။
“အကြံပြုတာတွေကတော့ ရှိတာပေါ့။ ဒီပြဿနာကလည်း အင်မတန် ထိခိုက်လွယ်တဲ့အတွက် အစိုးရ အဖွဲ့က ကိုင်တွယ်တဲ့နေရာမှာ အင်မတန် သတိပြုရတယ်။ ဒီလိုပွတ်တိုက်မှုတွေ ရှိနေတဲ့အချိန်မှ နေရာ တိုင်းကို လွတ်လပ်စွာ သွားလာနိုင်ဖို့က မဖြစ်နိုင်ဘူး”ဟု ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင်ဝန်ကြီး ဦးအောင် ကျော်မင်းက မဇ္ဈိမကို ပြောသည်။
ရခိုင်ပြည်နယ် ဒုက္ခသည်စခန်းများတွင် နေထိုင်ကြသော ဒုက္ခသည်များအနေဖြင့် နှစ်ဘက်စလုံးတွင် လုံ ခြုံရေးအတွက်ပူပန်မှုများ ရှိနေသည်ဟု ဥရောပကော်မရှင်က ထုတ်ပြန်ထားသည်။
ဥရောပကော်မရှင်သည် ရခိုင်ပြည်နယ် ဒုက္ခသည်စခန်းများကို စားနပ်ရိက္ခာနှင့် အခြားလိုအပ်ချက်များ အတွက် အဓိက ကူညီနေသော အဖွဲ့အစည်း ဖြစ်သည်။
ဥရောပသမဂ္ဂအနေဖြင့် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များတွင် ပူးပေါင်းပါဝင်လျက်ရှိပြီး ယူရိုသန်း ၇၀ ခန့် ထောက်ပံ့ပေးပြီးဖြစ်ကာ အများစုမှာ ရခိုင်ပြည်နယ်မြောက်ပိုင်း လူသားချင်းစာနာမှု လုပ်ငန်းများတွင် အဓိက အသုံးပြုထားသည်ဟု ယင်းအဖွဲ့၏ ထုတ်ပြန်ချက်တွင် ထည့်သွင်းထားသည်။
No comments:
Post a Comment