သဇင်ဥ
ကုလသမဂ္ဂမှ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူး ကိုယ်စားလှယ် သောမတ် အိုဟေး ကင်တင်းနား Tomas Ojea Quintana ဦးဆောင်သော အဖွဲ့မှာ ဖေဖေါ်ဝါရီလ ၁၄ ရက်မှ ၁၉ ရက်နေ့အထိ ရခိုင်ပြည်နယ် အပါအ၀င် တခြားမြန်မာနိုင်ငံတချို့ဒေသများသို့ စုံစမ်းလေ့လာရန် ရောက်ရှိလာမည်ဖြစ်ပြီး အဓိက ဘင်္ဂလီအရေး စုံစမ်းမြင့်တင်ရန်ဖြစ်ကြောင်း သိရှိရသည်။
၎င်းအဖွဲ့မှာ ရခိုင်ပြည်အတွင်း အဓိက အကြမ်းဖက်သမားများအား ဖေါ်ထုတ်ရန် လာရောက်စုံစမ်းခြင်းမဟုတ်ဘဲ ယင်းအကြမ်းဖက် သမားများဘက်မှ NGO, INGO, MSF, AZGများနည်းတူ ကာကွယ်ရန်သာဖြစ်ကြောင်း ရခိုင်ပြည်သူလူထုများက ယုံကြည်နေကြသည်။
Tomas Ojea Quintana ဦးဆောင်သောအဖွဲ့မှာ မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေးနှင့် ပတ်သက်၍ ရခိုင်ပြည်အပါအ၀င် ကချင်ပြည်နယ်၊ မုံရွာကြေးနီတူးဖေါ်ရေးလုပ်ငန်း၊ သီလ၀ါရေနက်ဆိပ်ကမ်း၊ ကရင်ပြည်နှင့် တခြားနေရာတချို့သို့ လာရောက် လေ့လာစုံစမ်းမည် ဖြစ်ကြောင်း သိရှိရသည်။
၎င်းနှင့်အဖွဲ့ အနေဖြင့် ရခိုင်ပြည် မောင်တောမြို့နယ်အတွင်း အကြမ်းဖက်ဖြစ်ပေါ်ခဲ့သော အခြေအနေကို အဓိက လာရောက် စစ်ဆေးခြင်းဖြစ်နိုင်ပြီး ဘင်္ဂလီများနှင့် တွေ့ဆုံနိုင်ကြောင်းနှင့် အကြမ်းဖက်သမားများကြောင့် ရခိုင်ပြည်သူဒုက္ခသည်များ အရေးအတွက် အရေးယူဆောင်ရွက်မှုများ တစုံတရာရှိမည်မဟုတ်ပေ။
မြန်မာနိုင်ငံ အစိုးရနှင့် ကုလသမဂ္ဂအနေဖြင့် အကြမ်းဖက်ဖြိုခွင်းခဲ့သူများအား ဖေါ်ထုတ်အရေးယူ ဆောင်ရွက်မှု မရှိသေးဘဲ ဘင်္ဂလီများ၏ လူ့အခွင့်အရေးဆိုင်ရာဘက်မှ ဘက်လိုက်လုပ်ဆောင်နေမှုများအပေါ် ဒေသခံ ရခိုင်ပြည်သူထုက မကြေနပ်မှုများ တိုးပွားလျှက်ရှိသည်။
Quintana အနေဖြင့် မြန်မာသို့ သူ၏ UN၌ တာဝန် ၆ နှစ်သက်တမ်းထမ်းဆောင်နေစဉ် လူ့အခွင့်အရေးဆိုင်ရာ တရားဝင်ကိုယ်စားလှယ်အဖြစ် အနည်းဆုံး ၆ ကြိမ်ရောက်ရှိခဲ့ပြီး ယခုအပတ် သူ၏နောက်ဆုံးခရီစဉ်နှင့်အညီ မြန်မာ့လူ့အခွင့်အရေး ပြောင်းလဲမှုအတွက် အရေးကြီးသော အစီရင်ခံစာအား နိဂုံးချုပ်ရေးသားတင်ပြရန် ရောက်ရှိလာခြင်းဖြစ်ကြောင်း သိရှိရသည်။
Quintana ၏ မြန်မာနိုင်ငံ၌ လူ့အခွင့်အရေးတိုးတက်ပြောင်းလဲမှုနှင့် ပတ်သက်၍ လေ့လာစုံစမ်း၍ ရရှိလာသော အစီရင်ခံစာ အပြည့်အစုံကို လူ့အခွင့်အရေးကောင်စီမှာ မတ်လ ၁၇ ရက်နေ့တွင် တင်သွင်းမည်ဖြစ်ကြောင်း သိရှိရသည်။
ယခုလက်ရှိဖြစ်ပေါ်နေသော မြန်မာအစိုးရနှင့် တော်လှန်ရေးနှင့် နိုင်ငံရေးအဖွဲ့အစည်းတို့အကြား ငြိမ်းချမ်းရေးဆွေးနွေးမှုများမှာ အာမခံချက် တစုံတရာမရှိသဖြင့် လာမည့် ၂၀၁၅ ရွေးကောက်ပွဲကာလအတွင်း ပြန်လည်တင်မာလာနိုင်ပြီး တိုက်ပွဲများ ဖြစ်ပေါ်လာနိုင်ကြောင်း လေ့လာသုံးသပ်သူများက ပြောဆိုနေကြသည်။

No comments:
Post a Comment