Monday, February 10, 2014

TNLA တို့ ဖြစ်ပွားသော ယနေ့ တိုက်ပွဲတွင် ခမရ တပ်ဖက်မှ ၃ ဦးကျဆုံး

TNLAသတင်း

ယနေ့ ဖေဖော် ဝါရီလ၁၀ ရက် နံနက် ၀၉း၀၀ နာရီ အချိန်ခန့်တွင် တအန်း တပ်မတော် (၂၅၆) တပ်ရင်း ၏ လှုပ်ရှားတပ်ဖွဲ့နှင့်အမှတ်(၁) စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် မှ နမ့်လမ် အခြေစိုက် ခမရ (၅၀၅၊ ၅၀၆) တို့ နမ့်ဆန်မြို့နယ် နမ့်ယန်းနှင့် ဟိုမိန်းရွာအကြား (မန်တုံ-နမ့်ဆန်ကား လမ်းမ) အနီးတွင် နှစ်ဖက် ရင်ဆိုင် တိုက်ပွဲဖြစ်ပွား ခဲ့ရာ ခမရ တပ်ဖွဲ့ဝင် အနဲဆုံး (၃) ဦးကျဆုံး ပြီး၊ (၁) ဦး ထိခိုက်ဒါဏ်ရာ ရရှိသွား သည်။

တအန်း တပ်မတော် ဗျူဟာ အမှတ်(၂) လက်အောက်ခံ တပ်ရင်း (၂၅၆) တပ်ဖွဲ့တချို့တို့သည် ဒေသ လုံခြုံရေးအတွက် နယ်လှည့် လှုပ်ရှားနေ စဉ် အစိုးရ ခမရ တပ်များနှင့် တွေ့ပြီး တိုက်ပွဲဖြစ် ပွားခဲ့ခြင်းဖြစ် သည်။

တိုက်ပွဲမှာ ၀၉း၁၅ နာရီခန့်တွင်ပြီး ဆုံးခဲ့ပြီး မိနစ်(၂၀) နီးပါးကြာတိုက်ပွဲတွင် နှစ်ဘက် တပ်ဖွဲ့တို့အသီးသီးဆုတ်ခွာသွားသဖြင့် တိုက်ပွဲအဆုံး သတ်ခဲ့သည်။ တအန်း တပ်မတော် ဖက်မှထိခိုက် ဆုံးရှုံးမှုမရှိပါ။

No comments: