ကိုထွေး Monday, 15 June 2009
မြန်မာ ပြည် အား လက်နက် ရောင်းချ ခွင့် ပိတ်ပင်ပေး ရန်နှင့် နိုင်ငံရေး အကျဉ်း သားများ အားလုံးကို လွှတ်ပေးရန် နိုင်ငံ တကာမှ နိုင်ငံရေး အကျဉ်း သား ဟောင်း ၁၀၇ ဦး တို့က ကုလသမဂ္ဂ လုံခြုံရေး ကောင်စီကို တောင်းဆို လိုက်သည်။
မကြာမီ က ဒေါ်အောင်ဆန်း စုကြည် ၏ ၆၄ နှစ်မြောက် မွေးနေ့ အထိမ်း အမှတ် အဖြစ် ပြုလုပ် ထားသော www.64forsuu.org အင် တာ နက် စာမျက်နှာ တွင် လက်မှတ် ရေးထိုး တောင်းဆို လိုက်ခြင်း ဖြစ်သည်။
လက်မှတ် ရေးထိုး သူများတွင် နိုဗဲလ်ဆုရှင် တောင်ကိုးရီးယား နိုင်ငံ သမ္မတ ဟောင်း မစ္စတာကင်ဒေးဂျုံ၊ မလေးရှား နိုင်ငံ ဒုဝန်ကြီး ချုပ် ဟောင်း အန်န၀ါ အီဗရာဟင်၊ ချက် သမ္မတ နိုင်ငံ သမ္မတ ဟောင်း စာရေး ဆရာ ဗားကလက် ဟာဗယ်၊ နိုဗဲလ်ဆုရှင် ပိုလန် နိုင်ငံ သမ္မတ ဟောင်း Lech Walesa၊ နိုဗဲလ်ဆုရှင် ရှေ့နေ တဦးဖြစ်သူ Shirin Ebadi တို့ ပါဝင်သည်။
ထို့အပြင် လက်ရှိ တရုတ် နိုင်ငံတွင် နေအိမ် အကျယ်ချုပ် ကျခံနေ သော Yuan Weijing နှင့် Zeng Jinyan တို့လည်း ပါဝင် လက်မှတ် ရေး ထိုး ကြသည်။
မစ္စတာ ကင်ဒေးဂျုံက “ဒေါ်အောင်ဆန်းစုကြည်ကို ဆက်ပြီး နေအိမ် အကျယ်ချုပ်ချထားတာဟာ အာရှအတွက် ရှက်စရာပါ” ဟု ပြောသည်။
မလေးရှား ဒုဝန်ကြီးချုပ်ဟောင်း အန်န၀ါ အီဗရာဟင် က အာဆီယံအနေဖြင့် မြန်မာ့အရေး ကို ဖြေရှင်းရန် အဖွဲ့ဝင်နိုင်ငံများ၏ ပြည်တွင်းရေးကို ၀င်ရောက်မစွက်ဖက်ရေး ဟူသော အချက်ကို ပြင်ဆင်သင့်ကြောင်း ပြောသည်။
ယင်းလှုပ်ရှားမှုကို အမေရိကန် အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့( Human Rights Watch)၊ မြန်မာ့အရေးလှုပ်ရှားမှုအဖွဲ့( U.S Campaign for Burma)၊ Open Society Institute၊ ဥရောပအခြေစိုက် France's Info Birmanie နှင့် Amnesty International၊ အာရှအခြေစိုက် Burma Info Japanတို့က ပူးပေါင်း ဆောင်ရွက်ခြင်းဖြစ်သည်။
www.64forsuu.org အင်တာနက် စာမျက်နှာတွင် အင်္ဂလိပ်ဘာသာဖြင့် စကားလုံး ၆၄ လုံးပါ စကားများကို အမှတ်တရ ရေးသား ပြော ဆို လျက် ရှိကြရာ ယင်းအင်တာနက် စာမျက်နှာတွင် ကမ္ဘာကျော် ပုဂ္ဂိုလ်များကလည်း ပူးပေါင်းပါဝင်ခဲ့ကြ သည်။
ယခုအခါ ကမ္ဘာကျော်ပုဂ္ဂိုလ် ၅ဝနီးပါးနှင့် သူ့အား ထောက်ခံအားပေးသူ ၈ဝဝဝ ခန့်က ၆၄လုံးပါ စကားရပ်များဖြင့် ဂုဏ်ပြုစကား ပြောဆို ထားကြသည်။
အဆိုပါ အင်တာနက် စာမျက်နှာကို နိုင်ငံတကာ INGO အဖွဲ့များ၏ ထောက်ခံအားပေးမှုဖြင့် ပြီးခဲ့သည့် မေလ ၂၇ရက်နေ့ က စတင် အ ကောင်အထည် ဖော်ခဲ့ကြခြင်း ဖြစ်သည်။
ယင်းလှုပ်ရှားမှုများကို ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး အတွက် ၆၄ နှစ်မြောက် မွေးနေ့ အခါသမယ တွင်ဆောင်ရွက်လိုက်ခြင်း ဖြစ်သည်။
No comments:
Post a Comment