သျှမ်းသံတော်ဆင့် ဗုဒ္ဓဟူးနေ့၊ 03 ဇွန်လ 2009
လတ်တလော ၀ တပ်ဖွဲ့နှင့် စစ်အစိုးရ တပ်တို့ အကြား တင်းမာ လာသည့် အခြေ အနေကြောင့် နှစ်ဖက် အောက်ခြေ တပ်များ ပစ်ခတ်လု နီးဖြစ်ပြီး မိမိတို့ တပ်ဖွဲ့များသွား လာရေး အနှောင့် အယှက်ဖြစ် ရသည်ဟု ၀ တပ်မှူး တဦးက ပြောဆိုသည်။
မေ ၃၁ ရက် က တောင်ပိုင်း ၀ တပ်ဖွဲ့ ၏ ဖိုးဝှီး ကား ၇ စီး၊ လူအင်အား ၃၀ ခန့် တာချီလိတ် သို့ စားနပ်ရိက္ခာ သွားရောက် ၀ယ် ယူပြီး (မိုင်းဆတ်မြို့တောင်ဘက်ဝမ့်ဟုန့် တပ်စခန်းနှင့် မိုင်းတုံမြို့တောင်ဖက်ဟွေ့အော့ တပ်စခန်းသို့) အပြန် - ခရီး တ၀က်၌ နအဖ လမ်းကင်း စောင့်တပ်ဖွဲ့ ၏ ဟန့်တား စစ်ဆေး မှုကြောင့် ၀ တပ်ဖွဲ့ နှင့် နအဖ စစ်တပ် အကြား အချေ အတင် စကားများပြီး ပစ်ခတ်လုနီး ပါးဖြစ်ခဲ့ ရ သည်ဟု အဆိုပါ တပ်မှူးက သျှမ်းသံတော်ဆင့် သို့ ပြောပြ ပါသည်။
“မိုင်းဆတ်မြို့ အရှေ့မြောက်ဘက် လွယ်ဆမ်ဆုမ် တောင်ကြောက လမ်းကင်း စောင့်တဲ့ (မိုင်းတုမ်း အခြေစိုက်) ခမယ ၅၅၃ နဲ့ ၅၅၄ ဗမာ စစ်သား တွေ ကျနော်တို့ ကားကို အသေး စိပ်ရှာဖွေ စစ်ဆေးချင် လို့တဲ့။ ကျနော်တို့ ပေးမ စစ်ဘူး၊သူတို့ ကားလဲ ကျနော်တို့ မစစ် ဆေး ဘူး၊ လက်နက်ကိုင် အချင်းချင်း ဘဲ။ ဒါကြောင့် အချေ အတင် ဟိန်းဟောက်ကြ တယ်”- ဟုဆို၏။
မိုင်းတုံမြို့ဒေသခံတဦးက -“ အခုတလော ၀ တပ်တွေ လက်နက်ခဲယမ်းမီးကျောက်သယ်ယူ ဖြည့်တင်းတာတွေဖိလုပ် နေ တယ်လို့ကြားလို့ နအဖစစ်တပ်ကစစ်ဆေးကြည့်ချင်တဲ့သဘောဖြစ်နိုင်တယ်” ဟုဆို၏။
တောင်ပိုင်း ၀ တပ်ဖွဲ့အား စစ်ရေးအရ အချက်အခြာကျသည့် တပ်စခန်း ၃ ခု ကိုမေလ ကုန်နောက်ဆုံးထား၍ဆုတ်ခွာ ပေး ရန်၊ စစ်အစိုးရ၏ ကာကွယ်ရေးဝန်ကြီး လက်အောက် နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရန်၊ မြောက်ပိုင်းသို့ တပ်ရုတ် ပြန်ရန် စစ်အစိုးရဖက်က သတိပေးမှုကြောင့် ဆက်ဆံရေးပိုမိုတင်းမာလာခြင်းဖြစ်သည်။ စစ်အစိုးရကအသင့် အနေအထား တပ်လှန့်ထားသကဲ့သို့ တောင်ပိုင်း ၀ တပ်ဖွဲ့ကလည်း စားနပ်ရိက္ခာ၊လူသူလက်နက်အဆင်သင့်ဖြည့်တင်း ပြီး စစ်ရေးပြင် ဆင်ထားသည်ဟုဆို၏။ ထို့အပြင် ကျေးရွာတွင်း/မြို့တွင်း ရှိနေကြသည့် ၀ စစ်သား/ အရာရှိများလည်း မိသားစုနှင့်အတူ တပ်စခန်းအသီးသီးသို့ ပြန်သွားနေကြရပြီဖြစ်ကြောင်း သိရပါသည်။
နိုင်ငံရေးစစ်ရေးကျွမ်းကျင်သူ ဦးအောင်ကျော်ဇောက - နအဖ နှင့် အပစ်ရပ်များအကြားလတ်တလောနိုင်ငံရေးအခြေ အနေ တင်းမာလာသော်လည်း ယခုနှစ်ကုန်ပိုင်းအထိ အပစ်ရပ်များအပေါ် စစ်အစိုးရစစ်မျက်နှာသစ်ဖွင့်နိုင်ဦးမည် မဟုတ်ကြောင်း သုံးသပ်ပါသည်။
No comments:
Post a Comment