မော်တခဲ/ ဇွန် ၁၃၊ ၂၀၀၉
ကုလ သမဂ္ဂ အတွင်း ရေးမှူး ချုပ် မစ္စတာ ဘန်ကီမွန်း (Mr.Ban Ki-moon ) သည် ဒေါ်အောင်ဆန်း စုကြည် လွတ် မြောက်ရေး အတွက် ထိပ်တန်း ဦးစား ပေးကိစ္စ တစ်ရပ် အနေဖြင့် ...
မစ္စတာဂမ်ဘာရီ (Mr.Gambari) မှတဆင့် မြန်မာ အာဏာပိုင်များနှင့် အာရုံစိုက် စေ့စပ်ဆွေးနွေးမှုများ လုပ်ဆောင်နေသည်ဟု သတင်းထောက်များအား ပြောကြား သွားသည်။
မစ္စတာဘန်ကီမွန်းသည် အခြေအနေပေးသည့် အချိန်တွင် မြန်မာနိုင်ငံသို့ သူကိုယ်တိုင်လာရောက်ပြီး အစိုးရနှင့် သွားရောက်ဆွေးနွေးရန် လုပ်ဆောင်နေကြောင်း ပြောသွားသည်။
ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် ကန့်သတ်ချက်ချိုးဖောက်မှုဖြင့် တရားစွဲဆိုခံနေရသော ကိစ္စအပါ အ၀င် မြန်မာ့ နိုင်ငံရေး အကျဉ်းသားများအားလုံး လွှတ်ပေးရေးနှင့် ဒီမိုကရေစီရေး မြင့်တင်ရန် သူ၏လုပ်ငန်း စဉ်တွင် ဦးစားပေးထည့်သွင်းထားကြောင်း ဘန် ကီမွန်းက (၁၁) ရက်နေ့၊ နယူးယောက်ခ်မြို့ ကုလသမဂ္ဂရုံးချုပ်မှ ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသွားသည်။
ထို့အတူ ဒေါ်အောင်ဆန်းစုကြည် ဖမ်းဆီးထားခြင်းကို အလွန်စိုးရိမ်ပူပမ်မိ၍ ပြင်သစ်သမ္မတ ဆာကိုဇီနှင့် ဂျာမန် ၀န်ကြီးချုပ် မစ္စစ်မာ ကယ်လ် တို့ကလည်း ပူးတွဲတောင်းဆိုထား ကြောင်းသိရသည်။
No comments:
Post a Comment