Thursday, June 4, 2009

ကယ်ဆယ်ရေးလုပ်ငန်း အချိန်မှီမလုပ်သဖြင့် လူသေဆုံးမှုများခြင်းဖြစ်သည်ဟု ဒေသခံများပြောဆို

ဉာဏ်မောင်

ဓနုတ် စေတီ တော်ပြိုကျ ရာတွင် အာဏာပိုင် များက ကယ်ဆယ်ရေး လုပ်ငန်း များကို အချိန်မှီ မလုပ်ဆောင် သဖြင့် မသေ သင့်ဘဲ သေ ဆုံးရပြီး ဒေသခံ များအကြား တွင်လည်း သတင်း မျိုးစုံ ပျံ့နှံ့ နေလျှက် ရှိသည်။

စေတီတော်ပြိုကျပြီးနောက် အာဏာပိုင်များက ပြိုကျပျက်စီးသွားသည်များကို ချက်ချင်း ရှင်းလင်းခြင်းမရှိဘဲ ပြန်လည် တူးဖော်ရေး လုပ် ငန်း များကို ယနေ့မှ စတင်လုပ်ဆောင်ခြင်းဖြစ်ကြောင်း မျက်မြင်ဒေသခံတဦးက ပြောသည်။

“ဖြစ်ပြီးကတည်းက ရင်ပြင်တော်ပေါ်မှာ အပျက်စီးတွေကို ဖယ်ရှားတာမလုပ်ဘဲ ရပ်ကြည့်နေတာ၊ လာကြည့်တဲ့သူတွေကို ပြန်ခိုင်းတယ်၊ ည (၈) နာရီကျော်လောက်မှာ မီးသတ်ကားတွေ ကရိန်းကားတွေ ရောက်လာပေမဲ့ ဘာမှ ဆက်မလုပ် သေးဘဲနဲ့ ဒီတိုင်း ကြည့်နေတယ်၊ ကျနော်တို့သွားတဲ့အချိန်မှာ မြေပိတဲ့အထဲက တယောက်က ရေပေးပါဆိုပြီး အော်တာ၊ အာဏာပိုင်တွေက ဘာမှမလုပ်ပေးဘူး၊ ဆွဲထုတ် လို့ရရဲ့သားနဲ့ မထုတ်ဖူး” ဟု ပြောသည်။

စေတီပြိုကျချိန်တွင် စေတီပေါ်တွင် ပန်းရံအလုပ်သမား ၈၀ ခန့်ရှိပြီး အောက်ဘက်တွင်လည်း လုပ်အားပေးလုပ်ကိုင်နေသူ ရာနှင့် ချီရှိ နေကာ ယခုချိန်ထိ ပန်းရံအဖွဲ့ သေဆုံးမှု စာရင်းကို မသိရ သေးကြောင်း ၎င်းက ပြောသည်။

“ကျနော်တို့ မြင်တွေ့ နေရတာနဲ့ ရေတပ်က စစ်သား တယောက် ပြောတာ ရောဆို လောလောဆယ်သေတာ ၃၀ ကျော် လောက်ရှိတယ်၊ ပန်းရံ အဖွဲ့ တခုလုံးလဲ ပျောက်နေတယ်၊ သူတို့က ဒဏ်ရာ ရတဲ့သူတွေကို ဆေးရုံတွေ ခွဲပြီး ပို့ထားတယ်” ဟု ပြောသည်။

ယခုလက်ရှိ ဒလ ဆေးရုံတွင် ရေတပ်မှ ဒဏ်ရာ ရသူများ ကိုသာ ထားရှိပြီး ကျန်လူနာများကို ပျော်ဘွယ်နှင့် ရန်ကုန် ဆေးရုံကြီး များသို့ ပို့ ဆောင်ထားသည်ဟု ပြောသည်။

“ကျနော်တို့ ဒလဆေးရုံမှာ ဘာမှမရှိဘူး၊ ဖြစ်တဲ့နေ့က သေတာ တယောက်ပဲ ရောက်ပါတယ်၊ ကျန်တဲ့သူအားလုံးကို ရန်ကုန်ဆေးရုံကို တက်တဲ့နေ့ကပဲ လွှဲလိုက်တာ” ဟု ဆေးရုံဝန်ထမ်းတဦးက ပြောသည်။

စေတီပြန်လည် တူးဖော်ရေး အတွက် ပျော်ဘွယ်ရဲစခန်းက လုံခြုံရေး တာဝန်ယူ ပေးထားရပြီး ဒလမြို့နယ် (မယက)က တိုက်ရိုက စီမံနေ သည်ဟု နယ်မြေခံ ရဲစခန်းတာဝန်ကျ ဝန်ထမ်းတဦးက ပြောသည်။

“စေတီမှာ ကျနော်တို့စခန်းက အထိုင်တဖွဲ့ ထားတယ်၊ အင်းအားက ၁၀ ယောက်ပါ၊ ဒလစခန်းက မြို့နယ်မှူးလဲ အဲဒီမှာပဲ၊ ပြန်တူး ဖော် တာကတော့ ဒီနေ့ သေတာ တယောက်ရတယ်၊ တခြားတော့ ဘာမှမကြားရသေးဘူး” ဟု ပြောသည်။

ယခုကဲ့သို့ စေတီပြိုကျ ရခြင်းနှင့်ပတ်သက်၍ ဒေသခံပြည်သူ များက ဘုရားထီး တင်ရာတွင် သီလ သမာဓိရှိ သူများ၊ ပင်ကိုယ်စိတ် ဘာ သာရေး ကိုင်းရှိုင်း သူများသာ ပြုလုပ်ရသည့် အလုပ်မျိုးကို အမျိုးသမီးက ဦးဆောင် လုပ်ခဲ့ခြင်း ကြောင့် ဖြစ်သည်ဟု ထင်မြင် ပြောဆို နေကြကြောင်း မြို့ခံတဦးက ပြောသည်။

စေတီပြိုကျမှုကို မျက်မြင်တဦးက “စနေနေ့ ညနေ (၆) နာရီခွဲလောက်မှာ ထူးထူးခြားခြား စေတီရဲ့ထီးတော်တည့်တည့် ကောင်းကင်မှာ မူလလက်ဟောင်းစေတီပုံ ပေါ်လာတယ်၊ အဲဒီမှာ ထီးမပါဘူး၊ ရွာသား တွေရော၊ ရေတပ်၊ လုပ်အားပေး အဖွဲ့တွေ အားလုံး ဖူးလိုက်ရ တယ်၊ နေ့လည် (၂) နာရီခွဲလောက်မှာ ထီးတော်က ချိုင့်ဝင်သွားပြီး မီးခိုးတန်း လိုထွက်ပြီးမှ ပြိုတာ၊ (၃) နာရီမှာ ငှက်ပျောဖူး ထပ် ပြိုတာ၊ (၃) နာရီ (၁၅) နဲ့ မိနစ် (၂၀) လောက်မှာ ကျန်တဲ့ အပိုင်းတွေ အားလုံးပြို သွားတာ” ဟု ပြောသည်။

ဓနုတ် ရှေးဟောင်း စေတီကို လွန်ခဲ့သည့် နှစ်ပေါင်း ၂၀ ဝန်းကျင်က ဆရာတော် ဦးစန္ဒိမာနှင့် ဒေသခံ ရွာသားများက မွန်းမံပြင်ဆင် ကိုး ကွယ်ခဲ့ပြီး ၂၀၀၆ ခုတွင် စစ်အစိုးရက ထပ်မံပြုပြင်ပြီး ယခုနှစ် မေလ (၇) ရက်နေ့တွင် ဒေါ်ကြိုင်ကြိုင်က ဦးဆောင်ကာ ထီးတော်တင် လှူခဲ့၍ ရက်ပေါင်း ၂၃ ရက် အကြာတွင် ယခုကဲ့သို့ ပြိုကျ ပျက်စီး ခဲ့ခြင်းဖြစ်သည်။

No comments: