Wednesday, June 3, 2009

အောင်ဆန်းစုကြည် လွတ်မြောက်ရန် တောင်းဆိုမှု စစ်အစိုးရ မကျေမနပ်ဖြစ်

နှောင်းလှိုင်/ ဇွန် ၃၊ ၂၀၀၉။

ကမ္ဘာ့ငြိမ်းချမ်းရေး နိုဘဲလ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရန် နိုင်ငံတကာမှ တောင်းဆိုမှုများသည် ပြည်တွင်းရေးကို စွတ် ဖက်သည်ဟုဆိုကာ ၀င်ရောက်စွတ်ဖက်မှု မပြုလုပ်ရန် ဒု-ကာကွယ်ရေး ဝန်ကြီး ဗိုလ်ချုပ် အေးမြင့် ပြောသွားပါသည်။


ဒေါ်အောင်ဆန်းစုကြည်အား မတရားစွပ်စွဲထားခြင်းနှင့် ပတ်သက်ပြီး အမေရိကန်နိုင်ငံ၊ ဥရောပနိုင်ငံများနှင့် အာဆီယံနိုင်ငံများက ဒေါ်စု လွတ်မြောက်ရန် တောင်းဆိုမှု ပိုမို များလာခြင်းကြောင့် ငြင်းပယ်ခြင်းဖြစ်သည်။

အမေရိကန် ကာကွယ်ရေးဝန်ကြီး Robert Gates၊ ဗြိတိသျှ ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ အငယ်တန်း ဝန်ကြီးလည်း ဖြစ်သော Ann Taylor နှင့် နိုဘဲလ် ငြိမ်းချမ်းရေး ဆုရှင် Desmond Tutu တို့က မေလ ၃၁ ရက်နေ့ စင်္ကာပူနိုင်ငံမှ ကျင်းပသော ပစိဖိတ်ဒေသ လုံခြုံရေး အစည်းအဝေးတွင် တောင်းဆိုခဲ့ကြခြင်းဖြစ်သည်။

မြန်မာနိုင်ငံမှ ပြောင်းလဲမှုများ၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားများ လွတ်လာပြီး စစ်အစိုးရနှင့် အတိုက်အခံအကြား အဓိပ္ပါယ်ပြည့်ဝသော တွေ့ဆုံ ဆွေးနွေးမှုမျိုးနှင့် နိုင်ငံရေးပြဿနာများ ဖြေရှင်းနိုင်ဖို့ရန် လိုလားကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီး Robert Gates က သူ၏ သဘောထားကို ထိုအစည်းအဝေးတွင် ထပ်လောင်း ပြောသွားပါသည်။

အိန္ဒိယနှင့် တရုတ်နိုင်ငံများကလည်း စစ်အစိုးရအပေါ် ဖိအားပေးတောင်းဆိုမှုများကို ပါဝင်ဆောင်ရွက် လာကြရန်နှင့် နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် ကာကွယ် စောင့်ရှောက်ရေး တာဝန် ယူရမည် ဆိုသည့် အယူအဆကို တဖြည်းဖြည်း စစ်ရေးအရ ဝင်ရောက်စွက်ဖက်သင့်လျှင် စွက်ဖက် ရမည်ဟု Desmond Tutu က ဘီဘီစီ သို့ ပြောသွားသည်။

အမေရိကန် နိုင်ငံသားတစ်ဦး နေအိမ်ခြံဝင်းသို့ ခိုးဝင်လာခြင်းကို အကြောင်းကြားမှု ပျက်ကွက်၍ အမှန်တရားကို ဖုံကွယ်ရာကျကာ ဥပဒေနှင့်အညီ တရားစွဲရုံမှတပါး အခြား မရှိပဲ ယခုလို ၀င်ရောက်စွတ်ဖက်ခြင်းသည်လည်း ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ထိခိုက်လာနိုင်သည့်အတွက် စွတ်ဖက်မှု မပြုလုပ်သင့်ကြောင်း ဗိုလ်ချုပ်အေးမြင့်က ပြော သည်။

ထိုအကြောင်းပြချက်ဖြင့် ဒေါ်စုအား ၃ နှစ်မှ ၅ နှစ်အထိ ထောင်ဒဏ် ချမှတ်ခံနိုင်ဖွယ် ရှိပြီး အိမ်နီးနားချင်းနိုင်ငံ လည်းဖြစ် လက်ရှိ အာဆီယံဥက္ကဌ လည်းဖြစ်သော ထိုင်း ဝန်ကြီးချုပ် အဘီဆစ် ဝိုက်ချာချီဝက စစ်အစိုးရအား ပြင်းပြင်းထန်ထန် ဝေဖန်ကာ တောင်ကိုးရီးယားနိုင်ငံတွင် ပြုလုပ်နေသော အာဆီယံနိုင်ငံများနှင့် တောင် ကိုးရီးယား၏ အနှစ် ၂၀ မဟာမိတ် ဆက်ဆံရေး အထိမ်းအမှတ် အစည်းအဝေး ထဲတွင်လည်း မြန်မာ့အရေးကို ဆွေးနွေးပြောကြားသွားမည်ဟု ပြောပါသည်။

ယခုလို ဒေါ်စုအား အမှုတင်ခြင်းသည် လာမည့် ၂၀၁၀ ရွေးကောက်ပွဲတွင် ကျင်းပမည့် ကာလအတွင်း ထိန်းသိမ်း ထားချင်သည့်အတွက် အမှုဆင်ပြီး လုပ်ကြံခြင်းသာ ဖြစ်သည်ဟု အနောက် နိုင်ငံများက ပြစ်တင်ရှုတ်ချ ကြသည်။


No comments: