မဇ္ဈိမသတင်းဌာန စနေနေ့၊ ဇွန်လ 13 2009
ချင်းမိုင်။ ။ ဒေါ်အောင်ဆန်း စုကြည် ဓာတ်ပုံနှင့် သူမကို ဖမ်းဆီး ထားမှု အကြောင်း ရေးသား ထားသည့် စာများ ဖြန့်ဝေ မှုတရပ် ယ မန်နေ့က ရန်ကုန်တိုင်း ဗဟန်းမြို့နယ် အတွင်း ဖြစ်ပွား ခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်၏ ကိုယ်တပိုင်းပုံများနှင့် လက်တလော ရင်ဆိုင်နေရသည့် တရား စွဲဆိုခံရမှုအကြောင်း ရေးသားထားသော စာများ ဗဟန်းမြို့နယ်အတွင်း ပျံ့နှံ့သွားခြင်း ဖြစ်သည်။
သို့သော် မည်သည့်အဖွဲ့အစည်းနှင့် လူပုဂ္ဂိုလ်များက ဖြန့်ဝေခဲ့သည်ကို ဗဟန်း ဒေသခံများ မသိရှိသေးပါ။
ဒေသခံတဦးက “မနေ့က လှုပ်လှုပ်ရှားရှား ဖြစ်သွားတယ်။ ဘုရားအနီးမှာ အတော် သိသာတယ်” ဟု မဇ္ဈိမကို ပြောသည်။
အလားတူပင် ရန်ကုန်တိုင်းအတွင်းရှိ အခြားမြို့နယ်များ၌လည်း ယခုလို ဓာတ်ပုံလှုပ်ရှားမှု ကွက်ကျား ပေါ်ပေါက်ခဲ့သေးကြောင်း စုံစမ်း သိရှိရသည်။
No comments:
Post a Comment