အေးချမ်းမြေ့ Friday, 12 June 2009
လတ်တလော မြန်မာ ပြည်တွင် ပေါ်ပေါက်နေ သည့် Funny Virus သည် ဝင်းဒိုး အစိတ် အပိုင်း များကို ဖျက်ဆီး နိုင်သည် အထိ အဖျက် စွမ်းအား အလွန် ကောင်းကြောင်း ကွန်ပျူတာ ပညာရှင် များက ပြောသည်။
၎င်း Virus မှာ မေ လလယ်ခန့်က စတင်ပေါ်ပေါက်လာခြင်းဖြစ်ပြီး ဇွန်လဆန်းတွင် မြန်မာပြည်တွင်း၌ အလွန် ခေတ်စားနေပြီဖြစ်ကြောင်း ကြားသိရသည်။
Funny Virus ဝင်ထားသည့် ကွန်ပျူတာကို ဖွင့်လိုက်သည်နှင့် တပြိုင်နက် ၎င်းကွန်ပျူတာ၏ ဝင်းဒိုး အစိတ်အပိုင်း များ ပျက်စီး သွား မည်ဖြစ် ကြောင်း ရန်ကုန် ICT Park တွင်အလုပ်လုပ်သည့် ကွန်ပျူတာ ပညာရှင်တဦးက ဆိုသည်။ ၎င်း Virus သည် အီးမေးလ်မှ တ ဆင့်ဝင်ရောက်လာခြင်းဖြစ်ပြီး အီးမေးလ်ဖွင့်သည့်အချိန်တွင် ထိုစက်၏ hard drive အတွင်း၌ ရှိနေမည်ဖြစ်သည်။
ကွန်ပျူတာကို ဖွင့်လိုက်လျှင် ဖိုင်တခုပေါ်လာမည်ဖြစ်ပြီး ၎င်းဖိုင်ကိုဖွင့်လိုက်ပါက ဖန်သားပြင်ပေါ်၌ သနပ်ခါး လိမ်းထားသည့် “ဥမ္မာစိုး” အမည်ရှိ မြန်မာဆန်ဆန် မိန်းကလေး တယောက်ပုံ ပေါ်လာ၍ သူ့အသက်ကို မေးထားကြောင်း၊ ဖြေလိုက်သည်နှင့် တပြိုင်နက် စက်ပိတ် သွားကြောင်း ၎င်းက ရှင်းပြသည်။
“Win32.Autorun.fzk ဆိုပြီးနာမည်ပေးထားတယ်။ မဖြေလည်းမရဘူး ဖွင့်မိတာနဲ့သွားပြီ။ အများဆုံးထိတာ အင်တာနက် ကဖေးတွေပဲ” ဟု ၎င်းက ဆက်ပြောသည်။
ဆက်လက်၍ သူက မြန်မာပညာရှင်များနှင့် ရုရှားပညာရှင်များ ပူးပေါင်း ဖန်တီးသည့် Virus ဖြစ်နိုင်သည်ဟု ဆိုသည်။
“kaspersky လို့ခေါ်တဲ့ Virus သတ်တဲ့ဆော့ဖ်ဝဲ တခုတည်းနဲ့ သတ်လို့ရတယ်။ အဲဒီဆော့ဖ်ဝဲက ရုရှားက ထုတ်တာ၊ လိုင်စင်နဲ့ အမှန် အ ကန် ဝယ်ပြီးသတ်ရတာ။ ကြည့်ရတာ သူတို့ဘာသာသူတို့ ဖန်တီးတဲ့ Virus မို့လို့ သူတို့ ထုတ်ထားတဲ့ ဆော့ဖ်ဝဲနဲ့ ပြန်သတ်နိုင်တာ ဖြစ် မယ်” ဟု ကွန်ပျူတာပညာရှင်က ပြောသည်။
အင်တာနက်ဆိုင်များတွင် လာရောက်သုံးစွဲသူများသည် ကိုယ်ပိုင်ခရီးဆောင်ကွန်ပျူတာများကို ယူဆောင်လာ ကာ အသုံးပြုတတ် သော ကြောင့် ၎င်း ပြင်ပ ကွန်ပျူတာများမှတဆင့် ဆိုင်များသို့ Funny Virus ဝင်ရောက်ခြင်း ဖြစ်နိုင်ကြောင်း ရန်ကုန်မြို့လယ်ရှိ အင်တာနက် က ဖေးဆိုင် တဆိုင်မှသိရသည်။
ထို့ပြင် KMD ကွန်ပျူတာ စင်တာမှ IT ပညာရှင်တဦးကလည်း “Funny Virus ကို သတ်လို့ရပေမယ့် သူက စက်ထဲမှာ ကျန်နေတုန်းပဲ။ အဲဒီ Virus ကိုသတ်ပြီးရင် ဝင်းဒိုးကို ပြန်တင်ရတယ်” ဟုပြောသည်။
ဖေဖော်ဝါရီလ အတွင်းကလည်း မြန်မာနိုင်ငံရှိ ကွန်ပျူတာအသုံးပြုသူများကြားတွင် Happy Birthday ဆိုသည့် Virus တမျိုး ပေါ်ပေါက်ခဲ့ ဖူးသည်။ ၎င်း Virus ကြောင့် အင်တာနက် ကဖေးများစွာနှင့် အစိုးရရုံးများရှိ ကွန်ပျူတာ များ ပြဿနာတက်ခဲ့ရသည်။
No comments:
Post a Comment