Tuesday, June 30, 2009

စစ်အစိုးရ၏ သတ္တုတူးဖော်ရေး စီမံကိန်းကြောင့် ပြည်သူ့ အိုးအိမ် ( ၇ ) ထောင်ကျော် ပျက်စီး ဆုံးရှုံးကိန်းဆိုက်

ဝီရ / ၃၀ ဇွန် ၂၀၀၉


နအဖ စစ် အစိုးရက ပြည်တွင်း ပြည်ပ ကုမ္ပဏီ များနှင့် ပူးပေါင်း ၍ မြန်မာ နိုင်ငံ အလယ်ပိုင်း တောင်ကြီးမြို့ အနီး(၈) မိုင် ပတ်လည် ကျယ်ပြန့် သော ပင်းပက် တောင်ကြော တခုလုံး အား သတ္တုရိုင်း တူးဖော် ထုတ်လုပ် မည့် စီမံကိန်း ကြောင့် ထို ဒေသရှိ ပြည်သူ (၇) ထောင်ကျော် ၏ အသက် အိုးအိမ် ပျက်စီး ဆုံးရှုံး ရလိမ့် မည်ဟု ပအိုးဝ် လူငယ် အစည်း အရုံးက ပြောဆို သည်။

“ဒီပင်းပက်တောင် သတ္တုတွင်း တူးဖော်တဲ့စီမံကိန်းကြောင့် ပြည်သူတွေရဲ့စိုက်ပျိုးမြေ ဧက (၁) သောင်းကျော် အသိမ်းခံလိုက်ရတယ်။ လူဦးရေ (၇) ထောင်ကျော် ရွှေ့ပြောင်းခံရတော့မယ်။ မြေယာ အသိမ်းခံရတဲ့သူတွေကိုလည်း လုံလောက်တဲ့ နစ်နာကြေးမျိုး ပေးတာမဟုတ်ဘူး။ ၂၀၀၆ ခုနှစ်အစပိုင်းက အသိမ်းခံလိုက်ရတဲ့ မြေယာတွေကို လျော်ကြေးအနေနဲ့ ကျပ် (၁) သိန်းကနေ (၂) သိန်းပေးပြီး ပြန်လည် နေရာချပေးထားတာလည်း မရှိခဲ့ဘူး။ ဒီ ၂၀၀၈ နောက်ပိုင်းက မြေယာ အသိမ်းခံလိုက်ရတဲ့ ပြည်သူတွေက ဘာလျော်ကြေးမှလည်း မခံစားရဘူး။ နောက်ပြီး အဲဒီဒေသက ပြည်သူတွေကို မြေယာသိမ်းတဲ့အကြောင်းတို့၊ စီမံကိန်းအကြောင်းတို့ကို အသိပေးတာလည်း မရှိခဲ့ပါဘူး” ဟု ပအိုးဝ်လူငယ်အစည်းအရုံး (PYO) မှ ပြောရေးဆိုခွင့်ရှိသူ ခွန်ချန်ကီက ပြောကြားသည်။

ပအိုးဝ်လူငယ်အစည်းအရုံးက အဆိုပါပင်းပက်တောင် သတ္တုတွင်း တူးဖော်ရေးစီမံကိန်းနှင့်ပတ်သက်၍ (၃) နှစ်ကြာ လေ့လာစစ်တမ်းကောက်ယူပြီး ယင်းစီမံကိန်းကြောင့် ထိုဒေသတဝိုက်ရှိ ပအိုးဝ်ပြည်သူတို့၏ အိုးအိမ် ဆုံးရှုံးနစ်နာမှု များအား ဖော်ပြထားသည့် “အနာဂတ်ကို လုယူဖျက်ဆီးခြင်း” ဟူသော အစီရင်ခံစာအား ဇွန်လ (၂၉) ရက်တွင် ထုတ်ပြန်ခဲ့သည်။

ခွန်ချန်ကီက “အဲဒီဒေသက စစ်တပ်အာဏာပိုင်တွေ မြေယာသိမ်းနေတာလည်း (၂) မျိုးရှိတယ်။ ကိုယ့်မြေယာမှာ အဝါရောင်အလံ လာစိုက်ထားရင် မြေယာကို သိမ်းပိုက်ပြီးသားဆိုတဲ့ သဘောပဲ။ ဒါပေမယ့် ကိုယ့်မြေယာပေါ်မှာ ဆက်ပြီး လုပ်ကိုင်ခွင့်၊ စိုက်ပျိုးခွင့်တော့ ရှိသေးတယ်။ အနီရောင်အလံ လာစိုက်ထားပြီးဆိုရင်တော့ အပြီးအပိုင် သိမ်းလိုက်ပြီဆိုတဲ့သဘောပဲ။ ဘာမှ လုပ်ပိုင်ခွင့်မရှိတော့ဘူး။ တခါတည်း အခြားနေရာ ရွှေ့ပြောင်းတော့ပေါ့။ အဲဒါ အာဏာပိုင်တွေ လာအသိပေးတဲ့နည်းလမ်းပဲ” ဟု ခေတ်ပြိုင်သို့ ပြောကြားသည်။

၂၀၀၆ ခုနှစ်က တဖန်စတင်ခဲ့သည် မြန်မာနိုင်ငံ၏ ဒုတိယအကြီးဆုံး သတ္တုရိုင်းသိုက်ကြီး ဖြစ်သည့် ပင်းပက်တောင် သတ္တုတွင်း တူးဖော်ရေးစီမံကိန်းကို စစ်အစိုးရက ရုရှားနိုင်ငံပိုင် Tyazhpromexport အမည်ရှိ ကုမ္ပဏီ၏ ထောက်ပံ့မှုဖြင့် ၂၀၀၉ ခုနှစ်ကုန်ပိုင်းတွင် အပြီးသတ်မည်ဖြစ်သည်။ အုတ်နံရံနှစ်ထပ်၊ သံဆူးကြိုးတထပ် ကာရံထားပြီး မြေအောက်ဥမင်များ ရှိသည့် သံရည်ကျိုစက်ရုံတရုံလည်း တည်ဆောက်နေကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

စက်ရုံအတွက် ချောင်းရေကို သွယ်ယူအသုံးပြုနေခြင်းကြောင့် ယင်းစီမံကိန်းလွင်ပြည်တဝိုက်ရှိ သဘက်ချောင်း တလျှောက်နေ လူဦးရေ (၃၅,၀၀၀) ခန့်တို့သည် အသက်မွေးဝမ်းကျောင်းမှုအတွက် စိုးရိမ်ရသည့်အခြေအနေသို့ ရောက်ရှိနေပြီး ယခုနှစ်တွင် ချောင်းရေလျော့နည်း နိမ့်ကျလာနေကြောင်း ခွန်ချန်ကီက ပြောသည်။

အဆိုပါ စီမံကိန်းတွင် လုပ်ဆောင်သည့် ကုမ္ပဏီများအနေဖြင့် လုပ်ငန်းရပ်စဲသင့်ပြီး လူမှုရေးဆိုင်ရာ ဆိုးကျိုးသက် ရောက်မှုကို စနစ်တကျထိန်းသိမ်းပြုပြင်ပေးရန် ပအိုးဝ်လူငယ်အစည်းအရုံးက တောင်းဆိုထားသည်။

“နိုင်ငံတကာအင်အားစုတွေအနေနဲ့ အခုလို ရွှေ့ပြောင်းခံရသူတွေကို လုံလောက်တဲ့၊ တရားမျှတတဲ့ နစ်နာကြေး ရရှိနိုင်အောင် ဆောင်ရွက်ပေးကြဖို့၊ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုကြောင့် လူမှုဘဝတွေ ဆိုးကျိုးတွေ သက်ရောက်နေတာကို အနီးကပ် စောင့်ကြည့်လေ့လာပေးကြဖို့၊ ဒီစီမံကိန်းကို ရပ်ဆိုင်းထားဖို့ နအဖကို တောင်းဆိုလိုက်ပါတယ်” ဟု ခွန်ချန်ကီက ပြောသည်။

လူရွှင်တော်ဇာဂနာကို ထောင်ဝင်စာတွေ့ခွင့်ရ

NEJ / ၃၀ ဇွန် ၂၀၀၉

သရုပ်ဆောင် ဒါရိုက်တာ မောင်သူရ ခေါ် လူရွှင် တော် ဇာဂ နာ ကို ခယ်မ ဖြစ်သူ မငြိမ်းက မြစ်ကြီးနား ထောင်တွင် ယမန် နေ့ နံနက် ပိုင်းတွင် ထောင်ဝင်စာ တွေ့ခွင့် ရခဲ့ သည်ဟု မိသားစု နှင့် နီးစပ် သူ တဦးက ပြောသည်။

၎င်းက “ကိုသူရ ကျန်းကျန်း မာမာ ပဲတဲ့။ အသား ဖြူလာပြီး ကိုယ်ရေ စစ်သွား တာကို တော့ သူက နေမထိ လေမထိ တိုက်ထဲမှာ နေရလို့ လို့ ပြော တယ်။ အစားအသောက်နဲ့ မိသားစုဓာတ်ပုံတွေကိုပါ ပေးခွင့်ရခဲ့တယ်” ဟု ပြောသည်။

ယခင်က ကိုသူရ အား ထောင်ဝင်စာ သွားတွေ့ ရာတွင် မငြိမ်းသည် မိတ်ဆွေ တဦး အိမ်တွင် တည်းခို ခဲ့သော်လည်း ယခု တခေါက်တွင် အာဏာပိုင် များ၏ နှောင့်ယှက်မှု ကြောင့် တည်းခိုခန်း တွင် တည်းခို နေရကြောင်း အဆိုပါ မိသားစု နှင့် နီးစပ် သူက ပြောသည်။

အသေးစိတ် မည်သို့ နှောင့်ယှက် သည်ကိုမူ မငြိမ်း ရန်ကုန် ပြန်မရောက် သေးသဖြင့် ထုတ်ဖော် ပြောဆို ရန် ၎င်းက ငြင်းဆိုသည်။


ပြီးခဲ့သည့်လအတွင်းကလည်း မြစ်ကြီးနားအကျဉ်းထောင်တွင် ကိုသူရသေဆုံးပြီဟူသည့် ကောလာဟလ သတင်းတခုထွက်ပေါ်ခဲ့ပြီး မီဒီယာများကလည်း ၎င်းတို့အား မေးမြန်းကြသည့်အတွက် စိတ်ပူပန်ခဲ့ရကြောင်း၊ ယခုထောင်ဝင်စာရပြီး လူကိုယ်တိုင်တွေ့ရသောကြောင့် စိတ်အေးရပြီဖြစ်ကြောင်း ကိုသူရ၏ မိသားစုဝင်များက ပြောသည်။

သရုပ်ဆောင် ဒါရိုက်တာ မောင်သူရ ခေါ် လူရွှင်တော်ဇာဂနာသည် ၂၀၀၈ မေလ နာဂစ်မုန်တိုင်းတိုက်ခတ်အပြီး လေဘေး ဒုက္ခသည် များ ကို ကူညီကယ်ဆယ်ရေး လုပ်ငန်းများလုပ်ခြင်း၊ ကယ်ဆယ်ရေးကိစ္စများနှင့်ပတ်သက်ပြီး ပြင်ပမီဒီယာတွင် ပွင့်ပွင့်လင်းလင်း ပြောဆို ခဲ့ခြင်း တို့ကြောင့် စစ်အစိုးရ၏ ဖမ်းဆီးထောင်ချခြင်းခံရကာ ယခုအခါတွင် မြစ်ကြီနားအကျဉ်းထောင်၌ ဆက်လက် ထိန်းသိမ်း ခံနေရ ဆဲဖြစ် သည်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းမြန်မာနိုင်ငံသွားရောက်မည်

NEJ / ၃၀ ဇွန် ၂၀၀၉

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းသည် လာမည့်ဇူလိုင် (၃) ရက်တွင် မြန်မာနိုင်ငံသို့ သွားရောက်မည်ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများအားလုံး လွတ်မြောက်ရေးအပါအ၀င် အရေးကြီးသည့်ကိစ္စရပ်များကို ဆွေးနွေးမည်ဟု ကုလသမဂ္ဂမှ ယမန်နေ့က ထုတ်ပြန်ပြောဆိုသည်။

မစ္စတာ ဘန်ကီမွန်းသည် စစ်အစိုးရနှင့် အတိုက်အခံများကြား အမျိုးသားပြန်လည်ရင်ကြားစေ့ရေးနှင့် ၂၀၁၀ ရွေးကောက်ပွဲကို အများလက်ခံသည့် ရွေးကောက်ပွဲ ဖြစ်မြောက်စေရေးတို့အတွက် မြန်မာစစ်အစိုးရခေါင်းဆောင်များနှင့် ဆွေးနွေးမည်ဟု ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ ပြောရေးဆိုခွင့်ရှိသူ မစ်ရှဲလ်မွန်တက်စ်က ပြောသည်။

“ဒီကိစ္စရပ်တွေကို အမြန်ဖြေရှင်းနိုင်လေ မြန်မာနိုင်ငံမှာ တည်ငြိမ် ငြိမ်းချမ်းမှု၊ ဒီမိုကရေစီနဲ့ ဖွံ့ဖြိုးကြွယ်ဝမှုတွေ စောစောဖြစ်ထွန်း လာနိုင်လေလို့ အတွင်းရေးမှူးချုပ်က ယုံကြည်ထားပါတယ်။ ဒါကြောင့် ကုလသမဂ္ဂအနေနဲ့ ဘယ်လို အကူအညီပေးနိုင်မယ်ဆိုတာ ဆွေးနွေးဖို့ အရေးကြီးတဲ့ပုဂ္ဂိုလ်တွေ အားလုံးနဲ့ တွေ့ဖို့ သူမျှော်လင့် ထားပါတယ်” ဟုလည်း မစ္စမွန်တက်စ်က ပြောသည်။


ကုလသမဂ္ဂနှင့် နိုင်ငံတကာ အသိုင်းအ၀န်းတို့က စိုးရိမ်ပူပန်နေသည့် ကိစ္စရပ်များကို မြန်မာအဆင့်မြင့် ခေါင်းဆောင် များနှင့် တွေ့ဆုံဆွေးနွေးဖြေရှင်းနိုင်ရန်လည်း မစ္စတာဘန်ကီမွန်းက မျှော်လင့်ထားသည်ဟု ၎င်းက ပြောသည်။

မစ္စတာဘန်ကီမွန်း လာရောက်မည့် ခရီးစဉ်အတွက် ကြိုတင်ပြင်ဆင်မှုများလုပ်ရန် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ ဂမ်ဘာရီသည် ယခုလ (၂၆) ရက်တွင် မြန်မာနိုင်ငံသို့ သွားရောက်ခဲ့ပြီးသည့်နောက် ယခုကဲ့သို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ ခရီးစဉ် အတည်ပြု ပေါ်ထွက်လာခြင်းဖြစ်သည်။

အတွင်းရေးမှူးချုပ် ဘန်ကီမွန်းသည် မြန်မာနိုင်ငံသို့ ၂၀၀၈ ခု မေလတွင် သွားရောက်ခဲ့ပြီး နာဂစ်မုန်တိုင်း ဒုက္ခသည်များအတွက် နိုင်ငံတကာအကူအညီများ ထောက်ပံ့ကူညီနိုင်ရေးအတွက် စစ်အစိုးရအာဏာပိုင်များနှင့် သွားရောက်ဆွေးနွေးခဲ့သည်။

ယခု သွားရောက်မည့် မြန်မာနိုင်ငံ ခရီးစဉ်အတွင်း၌လည်း လူသားချင်းစာနာမှု အကူအညီပေးရေး ကိစ္စရပ်များနှင့် ပတ်သက်၍ ထပ်မံဆွေးနွေးသွားရန်ရှိသည်ဟု ကုလသမဂ္ဂမှ သတင်းထုတ်ပြန်သည်။ မစ္စတာ ဘန်ကီမွန်းသည် ဇူလိုင် (၄) ရက်တွင် မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာမည်ဟု သိရသည်။

ဗုံးပေါက်ကွဲမှုကြောင့် ယနေ့ညတွင် လုံခြုံရေးတင်းကျပ်၊ ပေါက်ကွဲမှုမှာ နအဖလက်ချက်ဟု ဒေသခံအချို့ထင်

ကွန်းဟဒေ့

ဘုရားသုံး ဆူမြို့ အတွင်း ဗုံးနှစ်လုံး ပေါက်ကွဲမှု တွင် မည်သည့် အဖွဲ့ လက်ချက်ဖြစ် သည်ကို နအဖမှ ဖော်ထုတ် နိုင်ခြင်း မရှိသေး ဘဲ မြို့အတွင်း နှင့် မြို့ အပြင် ဝင်ပေါက်များ တွင် ယနေ့ည လုံခြုံရေး များ တိုးမြှင့် ချထား သည်ဟု သိရသည်။

လွန်ခဲ့သောညက အမြှောက်ကျည်ဆံနှစ်လုံး ပေါက်ကွဲခဲ့သည်ဟု အာဏာပိုင်များ ပြောဆိုခဲ့သည်ဟု အာဏာပိုင်နှင့် နီးစပ်သော သူတစ်ဦးက ပြောပြခဲ့သည်။ ပေါက်ကွဲမှုမှာ အမြှောက်ကျည်ဆံများ မဟုတ်ပဲ ဗုံးနှစ်လုံးသာ ဖြစ်ကြောင်း ယနေ့တွင် အာဏာပိုင်များ အတည်ပြုပြောကြားခဲ့သည်။

မည်သည့်အဖွဲ့ လက်ချက်ဖြစ်သည်ကို နအဖအာဏာပိုင်များမှ ရှာဖွေဖော်ထုတ်စုံစမ်းနေဆဲပင် ဖြစ်ပြီး ယနေ့ညတွင် စစ်သားနှင့် ရဲ လုံခြုံရေးကားများ မြို့အတွင်းတွင် ကင်းလှည့်နေသည်ဟု ဒေသခံများက ပြောသည်။

“စစ်သားနဲ့ရဲတွေ ကားနဲ့ရော ဆိုင်ကယ်နဲ့ရော မြို့တွင်းမှာ လုံခြုံရေးကင်းလှည့်နေတယ်၊ မြို့အပြင်ဘက် ဝင်ပေါက်ရှိသမျှကို သူတို့လုံခြုံရေး ချထားတယ်” ဟု မျက်မြင်သက်သေတစ်ဦးက ပြောသည်။

၎င်းနှင့်ကိုက် ၁၀၀ ခန့်အကွာတွင် ဗုံးပေါက်ကွဲခဲ့သော ခလရ တပ်ရင်း အမှတ် ၃၂ အနားရှိ ပရိဘောဂဆိုင်တွင် အလုပ်လုပ်နေသော အလုပ်သမားနှစ်ဦးကို အာဏာပိုင်များက ကေအင်ယူအဖွဲ့အစည်းနှင့် ဆက်စပ်မှုရှိသည်ဆိုကာ မသင်္ကာမှုဖြင့် ဖမ်းဆီးထားသည်ဟု မျက်မြင်သက်သေ ဒေသခံတစ်ဦးက ပြောသည်။

ယခုပေါက်ကွဲမှုမှာ မည်သည့် အဖွဲ့မှမပြောသော်လည်း ၄င်းတို့နှင့်ဆန့်ကျင်သော အဖွဲ့အစည်းတခုခုမှ ဖောက်ခွဲသည်ဟု နအဖအာဏာပိုင်များက ထင်မြင်ယူဆနေသည်။ သို့သော် မြို့ခံအချို့နှင့် ၄င်းဒေသရှိ အပစ်အရပ် တိုင်းရင်းသားလက်နက်ကိုင် အရာရှိအချို့ကမူ နအဖအာဏာပိုင်များက ဒေသခံများ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအပေါ် အမြင်မှားစေရန်နှင့် ထိုလက်နက်ကိုင်အဖွဲ့ များ၏ ဂုဏ်သိက္ခာကို ထိခိုက်စေသည့်ရည်ရွယ်ချက်ဖြင့် အာဏာပိုင်များကိုယ်တိုင်သာ လုပ်ဆောင်သည်ဟု ထင်နေကြသည်။

“ကျနော့အထင်ပြောရရင် တကယ်လို့သူတို့နဲ့ ဆန့်ကျင်တဲ့အဖွဲ့တစ်ခုတစ်ခုက လုပ်မယ်ဆိုရင် ထိအောင်လုပ်မှာပေါ့၊ အခုဟာက လူမရှိတဲ့နေရာမှာ ပေါက်တဲ့ဆိုတော့ တစ်မျိုးပဲ၊ ဥပမာ SB ရုံးကွင်းထဲမှာ ပေါက်တဲ့တစ်လုံးကလည်း မသင်္ကာစရာပဲ၊ ဘာဖြစ်လို့လဲဆိုတော့ အဲဒီရုံးရှေ့မှာ ဆီဆိုင်တစ်ဆိုင်ရှိတော့ မီးကလင်းနေရောပဲ၊ ရန်သူဘက်မှ လာပြီး ပစ်ဖို့တော့ မလွယ်ဘူး ထင်တယ်” ဟု မြို့ခံတစ်ဦးက ၄င်း၏ထင်မြင်ချက်ကို ပြောပြခဲ့သည်။

ခလရ တပ်ရင်း ၃၂ ရှေ့တွင် ပေါက်ကွဲသော ဗုံးတစ်လုံးသည်လည်း တပ်ရင်းနှင့် ကိုက် ၁၀၀ ခန့်အကွာ နအဖစစ်သားများမရှိသော နေရာတွင် ပေါက်ကွဲခဲ့သည်ဟု ၄င်းက ဆက်ပြောသည်။

ပွင့်စပန်းတွေ လန်းပါစေ

မော်တခဲ

ထိုင်း - မြန်မာ နယ်စပ် မယ်ဟောင် ဆောင် ခရိုင် အတွင်း မှာရှိတဲ့ ကရင်နီ ဒုက္ခသည် အမှတ်(၁) စခန်းကို ရောက်ရှိ သွားချိန် မှာတော့ နှင်းထု လေးတွေ လို တဖွဲဖွဲ ကျနေတဲ့ မိုးဖွဲ လေးတွေ က ကျမကို ဦးစွာ ဆည်းလို့ ကြိုလိုက် ပါတယ်။

စခန်းက လျှိုမြောင်လေးထဲမှာပါ။ အရပ်လေးမျက်နှာကို တောင်းတန်းတွေက ၀ိုင်းရံထားပါတယ်။ ဖက်၊ သစ်၊ ၀ါးတွေနဲ့ ယာယီပုံစံမျိုး ဆောက်လုပ်ထားတဲ့ တဲအိမ်လေးတွေကို ကြည့်ပြီး လူဦးရေ နှစ်သောင်းလောက် နေထိုင်ကြတယ်ဆိုတာကို ကျမ ယုံရခက်ခက် ဖြစ်သွားပါတယ်။

မိုးဖွဲလေးတွေကြောင့် စခန်းထဲက ရပ်ကွက်တခုနဲ့ တခုသွားရတဲ့ လမ်းကျင်းလေးတွေက ရွံ့တွေကြောင့် မနည်း သတိထားသွားရပါတယ်။ ရပ်ကွက် (၁၇)ကို ရောက်သွားချိန်မှာတော့ တဲအိမ်ငယ်လေးရဲ့ ကွပ်ပျစ်လေးပေါ်မှာ အသက်(၁၆) နှစ်အရွယ်ရှိတဲ့ ကောင်လေးတစ်ယောက် မိုးဖွဲလေးတွေကို သူကြည့်ပြီး တစ်ယောက်ထဲအတွေးတွေ မျှောနေတာကို မသဲမကွဲမြင်နေရလို့ တအောင့်လောက် ရပ်ကြည့်နေရင်းနဲ့ ရွံ့တွေကြားက ကျမ ခြေလှမ်းတွေ သူရှိရာကို ဦးတည်သွားပါတော့တယ်။

မိုးအေးအေးနဲ့ ညနေခင်းချိန်မှာ ကောင်လေးက ကျမကိုတွေ့တော့ သူ့အတွေးတွေ ချက်ချင်းရုတ်သိမ်းကာ အပြုံးလေးကို ရှေ့တန်းတင်ပြီး လှိုက်လှိုက်လှဲလှဲ ကြိုဆိုလိုက်တဲ့အတွက် ကျမတကိုယ်လုံး နွေးထွေးသွားစေပါတယ်။ သူရဲ့နာမည်လေးကို သိုးသိုးရယ်လို့ ဆိုကြပါစို့...

ကျမက သူခုနတွေးနေတဲ့ အတွေးလေးတွေကို စိတ်ဝင်စားတဲ့အတွက် စပ်စုကြည့်တဲ့အချိန်မှာ သူက “ကျနော် အိမ်ထောင် ဦးစီးဘ၀နဲ့ လောကကို ဖြတ်သန်းရတော့မှာမို့ လို့ တွေးလိုက်တိုင်း အဆင်ပြေပါ့မလားဆိုပြီး စိုးရိမ်နေလို့ပါ” လို့ ကရင်နီဘာသာနဲ့ ချိုချိုသာသာလေး ရင်ဖွင့်ပြလိုက်တဲ့ အသံလေးကို ကြားလိုက်ရတဲ့အတွက် ကျမအရမ်းကို အံသြသွားပါတယ်။

ဘာဖြစ်လို့လဲ ဆိုတော့ သူဟာ ကျမ မျက်စိရှေ့မှာ ဘာမှမသိသေးတဲ့ ကလေးလေး တစ်ယောက်လို အရမ်းကို ငယ်ရွယ်နေသေးလို့ပါပဲ။ သူရဲ့ခန္ဓာကိုယ် ပုံပန်းသဏ္ဍန် ဟာ ကလေးတစ်ယောက်လို အရပ်တောင် မထွက်သေးတဲ့ အသားဖြူဖြူငယ်ငယ် ချောချော လေးတစ်ယောက်ဖြစ်ပြီး ကျမရင်ထဲမှာ သူ့ကို ကလေးလေးတယောက်လို့ဘဲ အခုထိ မှတ်ယူနေဆဲပါဘဲ။

ဒီလိုတက်ကြွဖျတ်လတ်နေတဲ့ အရွယ်ဟာ မှန်ကန်သော အတွေးအခေါ်နဲ့ မိမိလူမျိုးဘာသာနှင့် သက်ဆိုင်သော လူမှုအသိုင်းအ၀ိုင်းများမှာ ငြိမ်းချမ်းစွာ နေထိုင်ပြီး မိမိရရှိသော အခွင့်အရေးများကို မိမိရရ လက်ဆုတ်လက်ကိုင် ထားခြင်းဖြင့် အနာဂတ်ရဲ့ ခေါင်းဆောင်ကောင်းများ ဖြစ်လာဖို့ ပညာရေးကို မုချသင်ယူရမှာ ဖြစ်ပါတယ်။

သူဟာမှုးယစ်ဆေးဝါး သောက်စားမှု လုံးဝကင်းရှင်းပြီး သူ့ရဲ့ ဘ၀ကို အမဲစက် ကလေးတစ်စက် စွန်းထင်းတာလေး ရှိနေတယ်လို့ သူခံယူနေတဲ့ အကြောင်းအရာ လေးရှိနေပါတယ်။

“ဆယ်ကျော်သက် အရွယ်လည်းရောက်ရော ဘ၀အတွက် စိတ်ကူးတွေယဉ် အိမ်မက်တွေ မက်ပြီး ပျော်နေခဲ့တယ်၊ ရင်ခုန်တတ်စအရွယ်ဆိုတော့ အချစ်ဆိုတဲ့အရာကို စိတ်ဝင်စား ရှာဖွေမိတာပေါ့ ” လို့ ကောင်လေးကပြောပါတယ်။

သူဟာအချစ်ရဲ့ စိန်ခေါ်မှု နောက်ကို လိုက်ပါရင်း လိုချင်တပ်မက်မှုတွေကို ချိုးနှိမ့်ခဲ့ရမှန်း မသိပဲ အောက်တိုဘာလ ၂၀၀၈ ခုနှစ်မှာပဲ သူဟာ အချစ်ရဲ့ နွံထဲကို နှစ်မြုပ် သွားမှန်း သူမသိလိုက်ပါဘူး။

“ ကျနော့် ရည်းစားနဲ့ ချိန်းတွေ့တဲ့ညမှာ စိတ်လှုပ်ရှားပြီး မထိန်းနိုင်ပဲ သူနဲ့ အတူတူ နေခဲ့တာပါ” လို့ သူကပြောတယ်။

ငယ်ရွယ်စဉ်ကတော့ မိဘရင်ခွင်ခိုလုံရင်း အစားနဲ့ ကစားဖို့လောက်ပဲ သိခဲ့တယ်။ ပြီးတော့ ဆယ်ကျော်သက်အရွယ်လဲ ရောက်လာရော ပျင်းရိ ငြီးငွေ့စရာ ကောင်းတဲ့ တောင်တန်းများ ကာရံထားပြီး ထွက်ပေါက်မရှိ၊ လွှတ်လပ်စွာ ပြန်သန်းခွင့် မရှိတဲ့ဘ၀မှာ ခါးသီးလှတဲ့ ဘ၀ကို ချိုမြိန်စွာနဲ့ စခန်းထဲမှာ နှစ်ရှည်လများ နေထိုင်ရတဲ့ သိုးသိုးရယ်ဟာ တင်းတင်းကြပ်ကြပ် ကန့်သတ်ထားတဲ့ အခွင့်အရေးတွေကြားက ရရာထွက်ပေါက်ကိုရှာပြီး ပျော်နေခဲ့တယ်။ အပျော်တွေ လွန်သွားတဲ့အခါမှာ အခုလို အရွယ်မရောက်၊ ပညာမစုံသေးတဲ့ဘ၀နဲ့ အိမ်ထောင် စောစောကျသွားရရှာတယ်။

သိုးသိုးရယ် တယောက်ထဲ မဟုတ်ပါဘူး…

ကျမအခုရောက်ရှိနေတဲ့ အမှတ်(၁)စခန်းမှာ သိုးသိုးရယ်လို အိမ်ထောင်ဦးစီးဖြစ်နေတဲ့ ဆယ်ကျော်သက်လေးတွေကို တော်တော်များများ တွေ့ရပါတယ်။

အဲဒီအကြောင်းကို စိတ်ဝင်စားလို့ စခန်းထဲမှာရှိတဲ့ သူတို့လေးတွေရဲ့ မိဘတွေ၊ ကျောင်းဆရာ/မတွေ၊ သက်ဆိုင်ရာ စခန်းရပ်ကွက်လူကြီးတွေ၊ ဘာသာရေးခေါင်းဆောင်တွေကို လေ့လာစုံစမ်းရသလောက် ဆယ်ကျော်သက် အတော်အများများဟာ သူတို့လေးတွေရဲ့ ပျော်ပါးချင်တဲ့ စိတ်ဆန္ဒတွေက တချို့ကိစ္စတွေမှာ အပျော်တွေလွန်ပြီး မူးရစ်စေတဲ့ သေရည်သောက်စားမှုတွေလွန်ပြီး လိင်ပိုင်းဆိုင်ရာဘက်မှာလဲ အရွယ်မရောက်သေးသော်လည်း ကျူးလွန်နေကြတယ်လို့ ဆိုပါတယ်။

စခန်းထဲက ဆယ်ကျော်သက် တွေကြားမှာလည်း ကျမလေ့လာခဲ့ပါတယ်။ သူတို့လေးတွေ ကိုယ်တိုင်ရင်ဖွင့် ပြောပြတဲ့ထဲမှာ ကျမအတွက် ပိုမိုတုန်လှုပ်စရာဖြစ်မိတာကတော့ အသက်မပြည့်သေးတဲ့ ဆယ်ကျော်သက်တွေ မဖြစ်သင့်မဖြစ်ထိုက်တဲ့ ကိုယ်ဝန်ဖျက်ချမှုတွေ ရှိနေတယ်ဆိုတာကိုဘဲ။

ဆယ်ကျော်သက် အရွယ်တွေရဲ့ဘ၀ဟာ အရာရာကို လက်တည့်စမ်းချင်ကြပြီး ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ အတုမြင်အတတ်သင် လေ့ရှိကာ သူတို့ရဲ့ ပတ်ဝန်းကျင်မှ (၁၈)နှစ်အထက် အသက်ပြည့် ပြီးသောလူငယ်တွေဟာ အသက်မပြည့်သေးသော ဆယ်ကျော်သက်လူငယ်များရဲ့ ရှေ့တွင် မပြောသင့် မပြောအပ်သော စကားများကိုပြောဆိုခြင်း၊ မကောင်းသော ဇတ်ကားများ ကိုကြည့်ခြင်း၊ မိုဘိုင်းဖုန်းတွေထဲကို ညစ်ညမ်းစေသောဓါတ်ပုံများ၊ ဗီဒီယိုကလစ်များကို ထည့်ပြီး ကြည့်ခြင်းစတဲ့ အရာတွေဟာ သူတို့လေးတွေကို တစ်နည်းတစ်လမ်းအားဖြင့် ပျက်ဆီးရာသို့ တွန်းပို့နေပါတယ်။

“ သူတို့အချစ်အကြောင်း ပြောတဲ့ခါ ပျော်စရာကောင်းတယ်၊ အပျင်းပြေ နားထောင်ရတာ စိတ်လှုပ်ရှားစရာလည်းကောင်းတယ် ” လို့ ရပ်ကွက် (၈) တွင်နေထိုင်သော (၇) တန်းကျောင်းသားလေး တဦးကပြောပါတယ်။

“ကျနော့်သူငယ်ချင်း တချို့တွေဆို အရက်တွေမူးတယ်၊ သူ့ရည်းစားနဲ့ တူတူနေ ကစားပြီး ဗိုက်ကြီးသွားလို့ မိန်းမ မယူပဲနေတာတွေ တချို့ရှိတယ်” လို့ သူက ဆက်ပြောပြပါတယ်။

စိမ်းလန်းစိုပြေတဲ့ တောင်တန်းများ၊ သစ်ပင်ပန်းမာန် မွေးရနံ့များဖျန်းလျက် စမ်းရေတစ်သွင်သွင်စီးဆင်းတဲ့ အေးမြကြည်နူးစရာ ကောင်းတဲ့ ကျေးငှက် သံသာသာယာယာ ရှု့မ၀နိုင်တဲ့ သဘာဝအလှရှုခင်းတွေထဲမှာနဲ့ အေးမြပြီး အလင်းရောင်မဲ့နေတဲ့ ကျောက်ဂူတွေထဲမှာ ပူအိုက်သောရာသီချိန်မှာ တူနှစ်ကိုယ် အဖော်တွဲများ ပျော်ရွင်တာတွေလဲ ရှိနေပါတယ်။

အသက်(၁၅) နှစ်အရွယ်ရှိတဲ့ လူငယ်လေးတဦးက “ ကျောက်ဂူတွေထဲမှာ နွေလိုပူတဲ့ခါဆို သမီးရည်းစား အတွဲတွေ တွေ့ရပါတယ် ” လို့ပြောပါတယ်။

ရပ်ကွက်(၁၈)နေ အသက် (၁၉) နှစ် အရွယ်ရှိပြီး ကလေးတစ်ယောက်အဖေဖြစ်နေတဲ့ လူငယ်တဦးက “ ကျနော့်ရည်းစားနဲ့ အဲဒီ(ဂူပေါက်)ထဲမှာ ချိန်းခဲ့ဖူးပါတယ် ” လို့ပြောပါတယ်။

လှောင်အိမ်ထဲက ငှက်တွေဟာ အချိန်တန်ရင် ပိုင်ရှင်က အစာလာ ချပေးသွားပေမယ့် သူတို့ဟာ လွှတ်လွှတ်လပ်လပ် ပျံသန်းဖို့ ထွက်ပေါက်ကိုရှာနေတာဟာ သဘာဝပါ။ အဲဒီလိုပဲ ဆယ်ကျော်သက် လူငယ်လေးတွေကလည်း စခန်းထဲနှစ်ရှည်လများစွာ အကျယ်ချူပ်ကျသလို ဖြစ်နေတဲ့ချိန်မှာ သူတို့လေး တွေရဲ့ စိတ်ထွက်ပေါက် တွေက နည်းအမျိုးမျိုးဖြင့် ရှာကြပါတယ်။ တချို့လည်း လမ်းမှန်ကို ရွေးချယ်နိုင်တဲ့ လူငယ်များရှိသလို တချို့ကလည်း ရွေးချယ်မှုမှား တတ်ကြပါတယ် ။

“ လူငယ်ဆိုတော့လည်း နှစ်ရှည်လများ စွာကြာလာတဲ့အခါ ထွက်ပေါက် မရှိတော့ တခါတလေတော့လဲ အရက်သေစာ သောက်စား တာတွေတော့ရှိတာပေါ့ ” လို့ အမှတ်(၁) ကရင်နီ ဒုက္ခသည် စခန်းကော်မတီဝင်တဦးက ပြောပါတယ်။

သား/မီးတွေက ကျောင်းတက်နေတယ်၊ စာတတ်ကြတယ်ဆိုပြီး မိဘတွေက သား/မီးတွေရဲ့ လိုအင်ဆန္ဒတွေကို အလွယ်တကူ လိုက်လျောပေးနေရတဲ့ကိစ္စက မိဘတွေရဲ့ အားနည်းချက်လို့ ကောက်ချက်ချဖို့ မလွယ်လှဘူး။ ယေဘုယျအားဖြင့် စခန်းထဲမှာ ကျမလေ့လာတွေ့ရှိရသလောက် မိဘအုပ်ထိန်းသူတွေထက် ကလေးတွေက ပိုပြီး စာတတ်ကြတာကို တွေ့ရတယ်။ စာပေမတတ်ခဲ့တဲ့ မိဘတွေအနေနဲ့ ခေတ်နောက်ကို စမ်းတ၀ါးဝါး လိုက်နေကြတဲ့ သား/မီးတွေကို ဆုံးမသွန်သင်ဖို့ အခွင့်အလမ်းတွေ မရှိပါဘူး။

စခန်းထဲက လူငယ်တွေဟာ ခေတ်စားမှုကို အရမ်းဆာလောင်ကြတယ်။ ဒီနေရာမှာ အသက်မပြည့်သေးတဲ့ ကလေးတွေ ခေတ်နောက်လိုက်ပြီး အတုယူမှုကို ဦးစားပေးတဲ့အတွက် ပျက်စီးသွားကြတယ်။ အခုဆို အသက် ၅နှစ် အရွယ်လောက်သာရှိသေးတဲ့ ကလေးတွေလဲ ဆံပင်တွေကို ဆိုးဆေးနီတွေနဲ့ ဆင်ယင်ထားတာကို စခန်းရဲ့ လမ်းကြိုလမ်းကြားတွေမှာ တွေ့ရတတ်ပါတယ်။

“နိုင်ငံခြားသားတွေက အသက်(၁၈) နှစ်ပြည့်ပြီလေ။ သူတို့နေထိုင်သောပုံစံမျိုးကို ဒီက အသက်မပြည့်သေး တဲ့ ကလေးတွေက ဘာမှမသိသေးပဲ လိုက်တုကြတယ် ” လို့ ကျောင်းဆရာတဦးက ပြောပါတယ်။

“လူ့အခွင့်အရေး” ဆိုသော စကားလုံးရဲ့ အဓိပ္ပါယ်နဲ့ အနှစ်သာရကို သေချာနားလည်ဖို့လိုပါတယ်။ နားမလည်ဘဲ ဒါငါတို့ရဲ့ အခွင့်အရေး ဘဲ ဆိုပြီး လုပ်ချင်တိုင်းလုပ် နေကြတာဟာ အခွင့်အရေးဆိုတာကို သဘောမပေါက်တာဘဲဖြစ်တယ်လို့ စခန်းထဲရှိ ဥပဒေရုံးမှ ဆရာတဦးက ပြောပါတယ်။

ဆယ်ကျော်သက်တွေ အရွယ်မရောက်သေးဘဲ ပျက်စီးသွားရတဲ့ အကြောင်းရင်းမှာ ပညာမတတ်တဲ့ မိဘများရဲ့ အုပ်ထိန်းမှုက အားနည်းတယ်လို့ ယူဆရပေမဲ့လည်း လူငယ်အချို့မှာ နိုင်ငံခြားက ထောက်ပံ့ပေးနေတဲ့ ထမင်းဟင်းကိုသာ စားသောက်ရ၍ သူတို့မိဘများ ရှာဖွေကျွေးမွေးတာ မဟုတ်တဲ့အတွက် မိဘရဲ့ ပြောဆိုဆုံးမမှုကို နာခံစရာမလို ဟူသော အယူအဆများလည်း ရှိနေတာကို ရပ်ကွက်ထဲမှာ ကြားနေရပါတယ်။

ဆယ်ကျော်သက်အရွယ်များအား မိမိကိုယ်ကို ထိန်းကျောင်းနိုင်အောင် ကိုယ့်ရဲ့အတတ်သင် ပညာနှင့် ဂုဏ်သိက္ခာ၊ တန်ဖိုး ထားတတ်ရန် ပညာပေးသင်တန်းများလည်း စခန်းထဲမှာ ရှိနေတာကိုတွေ့ရပါတယ်။

ဒါ့အပြင် ကိုယ်ဝန်ဆောင်နှုန်း ကျဆင်းစေရန်၊ ကိုယ်ဝန်များ ရှိနေသူများ မိမိကိုယ်ကို ယုံကြည်မှုရှိလာအောင်၊ ကိုယ်ဝန်ဆောင် ဆယ်ကျော်သက်များ ကိုယ်ဝန်ဖျက်ချခြင်းမှ ကင်းဝေးရလေအောင်၊ လိင်ဆက်ဆံမှုများ လျော့လာအောင်၊ လိင်ကိစ္စနဲ့ ပါတ်သက်ပြီး နောက်ဆက်တွဲပြသာနာများကို မိမိကိုယ်ကို ကာကွယ်တတ်ရန် သင်တန်းများကိုလည်း ပို့ချပေးနေကြပါတယ်။

“ဒီလိုဆယ်ကျော်သက် အရွယ်တွေ ကိုယ့်ကိုယ်ကို ထိန်းကျောင်း နိုင်ဖို့ ဘာသာရပ်တစ်ခု အနေနဲ့ သင်ကြားပေးပါတယ်” လို့ အလယ်တန်း ကျောင်းဆရာမ တစ်ဦးက ပြောပါတယ်။

စခန်းအတွင်းတွင် လူငယ်လူရွယ်များအတွက် မငြီးငွေ့ရလေအောင် အားလပ်သောချိန်များ၌ ဗဟုသုတများ ရရှိစေရန် စာကြည့်တိုက်များ၊ ကွန်ပြူတာနှင့် အင်္ဂလိပ် စာသင်တန်းကျောင်းများ၊ အားကစားသင်တန်းများ၊ ဂီတအနုပညာ သင်တန်းများ၊ ပန်းချီသင်တန်းများကိုလည်း စီစဉ်ထားပေးကြပါတယ်။

ဆယ်ကျော်သက်တွေ အိမ်ထောင် စောစီးစွာကျသောကိစ္စဟာ ယခုမှ ဖြစ်ပေါ်လာသောကိစ္စ မဟုတ်ပါဘူး။ ကရင်နီ လူမှုအသိုင်းအ၀ိုင်းထဲမှာဆိုရင် နှစ်ပေါင်းများစွာ ကတည်းကပင် ဖြစ်နေခဲ့တာကြောင့် အဘက်ဘက်မှ ပညာပေး တားဆီး ခဲ့သော်လည်း ယခုထက်ထိ ရှိနေဆဲပါပဲ။

လူငယ်တွေမှာ သာမာန်စွမ်းအားထက်ပိုတဲ့ စွမ်းအင်ထူးတွေရှိပါတယ်၊ အဲဒီအပို စွမ်းအင်ထူးဖွံ့ဖြိုးစေဖို့ သူတို့ရဲ့ ပါတ်ဝန်းကျင် လူမှုအသိုက်အ၀န်းက နည်းမျိုးစုံဖြင့် ပံ့ပိုးကူညီမှု ပြုပေးပါတယ်။

စခန်းထဲမှာ ထွက်ပေါက်မရှိတဲ့ လောင်အိမ်တခုလို့ဆိုနိုင်ပေမဲ့ ဆယ်ကျော်သက် လူငယ်လေးတွေအတွက် အခွင့်အလမ်းဟာ အများအပြားပါဘဲ။ အထက်တန်းအထိ အခမဲ့ပညာသင်ခွင့်ရနေတာကိုက အခွင့်ရေးထူးလို့ဆိုရမျာပါ။ မြန်မာစစ်အစိုးရ လက်အောက်မှာ ပညာကို ငွေနဲ့ဝယ်ယူပြီး သင်ယူနေရတဲ့အချိန်မှာ ယခုလိုစခန်းမှာအခမဲ့ရရှိတဲ့ ပညာကို တန်ဖိုးမထားခဲ့ရင် မိမိအတွက်ဖြစ်စေ၊ အမျိုးသားရေး တရပ်လုံးအတွက်ဖြစ်စေ၊ ဘယ်နေရာ ဘယ်ဒေသပဲ ရောက်ရောက် ကိုယ့်ဘ၀ ကိုယ်ရပ်တည်တဲ့ အခါမှာ အခက်အခဲပေါင်းများ စွာနဲ့ ကြုံတွေ့နေရမှာပါ။

အမှတ်(၁)စခန်းမှာ ထိုင်းဘာသာသင် ကြားပေးနေသော ဆရာခရုပိ က “ပညာသင် ကြားနေတဲ့ ဆယ်ကျော်သက် အရွယ်တွေကတော့ ပညာရေးကိုပဲ ဦးစားပေး ရပါမယ်” လို့ပြောပါတယ် ။

စခန်းထဲကလူငယ်တွေဟာ “ လက်တွေ့ဘ၀မှာ ရုန်းကန်ကျော်လွှားဖို့ လွယ်သလား၊ ခက်သလားဆိုတာ မစဉ်းစားကြဘူး” လို့ ကရင်နီဆယ်တန်းလွန် ( post ten ) ကျောင်းအုပ် ဆရာကြီး ရီးချတ်က ပြောပါတယ်။

လူငယ်တွေအတွက် အချစ်ဆိုတဲ့စိတ်ကူးယဉ် အိမ်မက်ဟာ ပျော်စရာကောင်းလှပေမဲ့ တကယ့်လက်တွေ့ဘ၀မှာ ရုန်းကန်ကျော်လွှား တတ်ဖို့ အတွေ့အကြုံတွေ တပွေ့တပိုက်ကြီး လိုအပ်ပါတယ်။

အခုဆို ကျမနဲ့အတူ ၀ါးရံတန်လေးမှာ အတူထိုင်နေတဲ့ သိုးသိုးရယ်ဆိုရင် မကြာမှီ လူ့လောကထဲ ရောက်ရှိလာတောမည့် ရင်သွေးငယ်လေးရဲ့ အနာဂတ်ကို ရှေ့ဆောင်လမ်းပြပေးမည့် ဖခင်တစ်ဦး ဖြစ်လာတော့မှာပါ။

“ ကျနော် အရမ်းကြောက်ပါတယ်၊ ကျနော် ဖခင် မဖြစ်ချင်သေးပါဘူး” လို့ (ထထထ)က ကလေးလေးတစ်ယောက်လို မျက်နှာလွှဲပြီး ရှက်ရမ်းရမ်းနဲ့ ပြောပါတယ်။ သူ့လို ငယ်ရွယ်နေသေးတဲ့ လူငယ်လေးတွေကိုလဲ သူ့လို အဖြစ်မျိုးမကြုံရစေချင်ဘူးလို့ ပြောပါတယ်။ သူက “ကျနော့် အကြောင်း တခြားသော သူငယ်ချင်းတွေ သိရင် ကျနော့်လိုမဖြစ်တော့ ဘူးပေါ့ ” လို့ပြောပါတယ်။

လူသားတိုင်းမှာ ဒုက္ခကိုယ်စီရှိကြတာမို့ ဘ၀အတွက်ပညာ သင်ယူချိန်မှာ ၎င်းဒုက္ခကိုဖြတ်ကျော်ပြီး လုံးလ၀ရိယ စိုက်ထုတ်ရမှာ ဖြစ်ပါတယ်။ ကျမတို့ ကရင်နီအမျိုးသားတွေရဲ့ အနာဂတ်အတွက် ခေါင်းဆောင်ကောင်းများအဖြစ် အလင်းဆောင်နိုင်မဲ့ ကြယ်ပွင့်ကလေးတွေဟာ ဆယ်ကျော်သက် လူငယ်လေးများရဲ့ လက်ထဲမှာပဲရှိပါတယ်။

အနာဂတ်ကို အလှဆင်နိုင်သူဟာ သူတို့လေးတွေပါ။ အဲဒီဖူးပွင့်စ အသီးအပွင့်ကလေးတွေကို ဘယ်မိဘ၊ ဘယ်ဆရာ/မ၊ ဘယ်လူမှုအတိုင်းအ၀ိုင်းကမှ အကြွေစောစေချင်ကြပါ့မလဲ...

စစ်အစိုးရ နှင့် ရုရှားပူးပေါင်းသည့် လူ့အခွင့်အရေးချိုးဖေါက်မှု အကြောင်း ပအိုဝ်းလူငယ်များ ရှင်းလင်းပွဲလုပ်

သျှမ်းသံတော်ဆင့်

တောင်ကြီး မြို့ အရှေ့ တောင်ဘက် တွင် ရုရှား နှင့် စစ် အစိုး ရတို့ ပူးပေါင်း ၍ သတ္တု သန့်စင် စက်ရုံ တည်ဆောက် နေခြင်း ကြောင့် ဒေသ ခံများ လယ်ယာ မြေဆုံး ရှုံးခြင်း၊ လူ့ အခွင့် အရေး ဆုံးရှုံး နေခြင်း နှင့် ပတ်သက်ပြီး ထိုင်း နိုင်ငံ အခြေစိုက် ပအိုဝ်း လူငယ်များ ရှင်းလင်းပွဲ တရပ် ကျင်းပ ခဲ့ကြောင်း သိရ သည်။

ယနေ့ နံနက် ၁၀း၃၀ နာရီမှ ၁၂း၀၀ နာရီ အထိ ထိုင်းနိုင်ငံ ချင်းမိုင် တက္ကသိုလ်IC (International Center) ခန်းမတွင် ပအိုဝ်း လူငယ် များ ရှင်းလင်း ပွဲတရပ် ကျင်းပရာ လူအင် အား ၅၀ ကျော် တက်ရောက် ခဲ့သည် ဟုဆို သည်။

သတင်းစာ ရှင်းလင်း ပွဲနှင့် ပတ်သက် ၍ ပအိုဝ်း လူငယ် အစည်း အရုံး ပြောခွင့် ရပုဂ္ဂိုလ် ခွန်ချန်ကြည် က -“ကျနော်တို့ ရည်ရွယ် ချက်က ပင်း ပက်တောင် (လွယ်ပန်ပက်) သတ္တု တူးဖေါ်ရေး လုပ်ငန်းကြောင့် သစ်တော ပြုန်းတီးမှု၊ သဘာဝ ပတ်ဝန်းကျင် ပျက်စီး ဆုံးရှုံး မှု တွေဖြစ် လာ တယ်၊ ဒီတော့ ဒေသခံလူထုရဲ့ ယဉ်ကျေးမှု အမွေ အနစ် တွေကို ကာကွယ်မှု ရအောင် နိုင်ငံ တကာ အင်အား စုတွေ အနီး ကပ် စောင့် ကြည့် စစ်ဆေး မှုပြုပေး ဖို့၊ စီမံကိန်း မှာပါဝင် ပတ်သက်တဲ့ ကုမ္ပဏီ တွေ လုပ်ငန်း မှာရပ်ဆိုင်း ပြီး၊ ဒေသခံ တွေ နစ်နာ ဆုံး ရှုံးခဲ့တဲ့ အိုးအိမ် လယ် ယာတွေ အတွက် ထိုက်တန် တဲ့ နစ်နာ ကြေးရဖို့ -- ကျနော်တို့ သတင်းစာ ရှင်းလင်း ပြွဲုပ လုပ်ရ ခြင်းဖြစ် တယ်” ဟု ဆို၏။

စစ်အစိုးရ စီမံကိန်းက သံရိုင်းတူးဖေါ်သန့်စင်စက်ရုံဟု ပြောဆိုနေသော်လည်း ဒေသခံများကြားတွင် ယူရေနီယံ (နျူကရီး ယားလက် နက် ထုတ်လုပ်ရေး ကုန်ကြမ်း) တူးဖေါ်သန့်စင်နေသည်။ နျူကရီးယား စက်ရုံတည်ဆောက်နေသည်ဆိုသည့် သတင်း ပျံ့နှံ့ နေသော ကြောင့် ဆိုင်ရာအဖွဲ့ အစည်းများက စောင့်ကြည့် စစ်ဆေးမှုများ ပြုလုပ်နိုင်ရန်လည်း ပါဝင်ကြောင်း ဆက်ပြောပါသည်။

မဆလ အစိုးရခေတ် ၁၉၇၉ တွင်လည်း ဗိုလ်ချုပ်နေ၀င်း ညွှန်ကြားချက်ဖြင့် ဦးစိုးဝင်းဦးဆောင်သည့် သတ္တုရှာဖွေရေးအဖွဲ့ တဖွဲ့လည်း ပင်း ပက်တောင်ကြောတွင် စခန်းချပြီး ယူရေနီယံလျှို့ဝှက်ရှာဖွေမြှုပလုပ်ခဲ့ဖူးကြောင်း၊ ယခုလည်း ရုရှား နှင့် စစ်အစိုးရ ပူးပေါင်းပြီး နျူကရီးယားဓါတ်ပေါင်းဖို စက်ရုံတည်ဆောက်နေသည်ဟု သတင်းထွက်ရှိနေသောကြောင့် ဒေသခံလူထု က ပိုမိုစိုးရိမ်ကြောင်း ပအိုဝ်းလူ ငယ်အစည်းအရုံးက ဆိုသည်။

“၂၀၀၄ ခု အဲဒီစီမံကိန်းစတင်ကတည်းက လယ်ယာမြေ အများအပြား သိမ်းပိုက်တယ်။ အနီးတ၀ိုက်ကျေးရွာက မိသားစု တချို့ကို အဓမ္မ အိမ်ယာပြောင်းရွေ့ခိုင်းတယ်။ ရွာသားတွေ အသုံးပြုတဲ့ ချောင်းတွေလဲ ပိတ်ပစ်တယ်။ စိုက်ပျိုးလို့မရအောင် လုပ်တယ်။ ဆောက်လုပ် ရေးအတွက်လိုအပ်တဲ့ ကျောက်တုံး ကျောက်ခဲတွေကို ရွာအနီးတ၀ိုက်ကကျောက်တောင်/ကျောက် ကမ်းပါးတွေမှာ မိုင်းခွဲတဲ့အတွက် ကျောင်းကန် အဆောက်အဦး၊ စေတီပုထိုး၊ အက်ကွဲကုန်တယ်။” ဟု ပြောခွင့်ရပုဂ္ဂိုလ် ခွန်ချန်ကြည်က ရှင်းပြ၏။

ထိုစီမံကိန်းကြောင့် တောတောင်မှီခိုအားထားသည့် ဒေသခံများ တောင်ပေါ်တက်ခွင့် မရတော့ဘဲ မှို၊ မျှစ်၊ ထင်း ရှာဖွေရာ၌ အခက် အခဲဖြစ် သည့်အပြင် ကန့်သတ်နယ်မြေကြောင့် လွတ်လပ်စွာသွားလာရန် အခက်အခဲဖြစ်သောကြောင့် ရိုးရာပွဲတော် ကျင်းပခွင့်လည်း ဆုံးရှုံးကြောင်းပြောပါသည်။

ပင်းပက် (ခေါ်) လွယ်ပန်ပက် သတ္တုတူးဖေါ်ရေး စီမံကိန်းနေရာသည် သျှမ်းပြည်မြို့တော် တောင်ကြီးမြို့ ၏ အရှေ့ တောင်ဘက် ၇ မိုင် အကွာဝေးပြီး၊ အနီးအနားကျေးရွာ ၂၅ ရွာ၊ သျှမ်း နှင့် ပအိုဝ်း လူဦးရေ ၇ ထောင်ခန့်နေထိုင်ကြောင်း ပြောပါသည်။

အဆိုပါရှင်းလင်းပွဲနှင့်ပတ်သက်၍ အင်္ဂလိပ်/မြန်မာဘာသာဖြင့် စာမျက်နှာ ၅၉ မျက်နှာရှိ “အနာဂတ်ကိုလုယူဖျက်ဆီးခြင်း” ဆိုသည့် အစီ ရင်ခံစာ (ဖတ်ရှုရန့် http://paoyouthorganization.blogspot.com) လည်း ထုတ်ဝေဖြန့်ချီလိုက်ပြီဖြစ်ကြောင်း ဆိုပါသည်။


ကမ္ဘာကြီး ၏ မသေချာ၊ မရေ ရာလှသော စွမ်းအင် လိုအပ်ချက် အပေါ် နိုင်ငံ ဒေသ တခုချင်း စီ၏ စွမ်းအင် လိုအပ် ချက်နှင့် စွမ်းအင် လုံခြုံရေး သည် ၎င်းနိုင်ငံ ၏ စီးပွားရေး ဖွံဖြိုး တိုးတက်မှု နှင့် ချမ်းသာ ကြွယ်ဝမှု အတွက် အဓိက လက်တွေ့ ကျသော အခန်း ဏ္ဍမှ ပါဝင် ပေသည်။ ဒေသတွင်း အင်အား ကြီးနိုင်ငံ များ၏ လောင်စာ စွမ်းအင် ရရှိရေး တဟုန်ထိုး လိုက်လာ နေကြ သည်က မြန်မာ့ နိုင်ငံ ရေးကို ရိုက်ခတ် စေတော့ သည်။

၂၀၀၈ ခုနှစ် မေလတွင် တဟုန်ထိုး မြင့်တက်သွားသော လောင်စာဆီဈေးနှုန်းကြောင့် ကမ္ဘာတဝှမ်းရှိ စီးပွားရေး လုပ်ငန်းများ တုန်လှုပ်ခြောက်ခြားစေခဲ့သည်။ အထူးသဖြင့် အာရှ စီးပွားရေးတက်သည့် ဂျပန်၊ တရုတ်၊ အိန္ဒိယနှင့် အာဆီယံနိုင်ငံ အချို့ကိုပါ ရိုက်ခတ်သွားခဲ့သည်။ အာဆီယံဒေသတွင်လည်း ရေနံထုတ်လုပ်ရောင်းချသော မလေးရှားနှင့် ဘရူနိုင်းနိုင်ငံမှအပ ကျန်နိုင်ငံများ အားလုံးသည် ရေနံနှင့် သဘာဝဓာတ်ငွေ့ကို မိမိနိုင်ငံ၏ စွမ်းအင်အတွက် အဓိက မှီခိုရသည့် အားလျော်စွာ ရေနံကုန်ဈေးနှုန်း မြင့်တက်ခြင်း၏ ဂယက်ရိုက်မှုကို ခံခဲ့ရပေသည်။

တရုတ်နဂါးနှင့် အိန္ဒိယဆင်တို့ အပြိုင်

ရေနံ အဓိကတင်သွင်းပြီး စွမ်းအင် အဓိကလိုအပ်နေသည့် တရုတ်နှင့် အိန္ဒိယ၏ စွမ်းအင်လိုအပ်ချက်အရ ၂ဝ၁ဝ ခုနှစ်နောက်ပိုင်းတွင် ၎င်းနိုင်ငံများ၏ ရေနံတင်သွင်းမှုမှာ သိသိသာသာ တိုးတက်လာမည် ဖြစ်ပေသည်။ ဤကဲ့သို့ ဆက်တိုက် စီးပွားရေးကြီးထွားလာမှုများ၏ လိုအပ်ချက်အရ လာမည့်နှစ်များတွင် ကြီးမားသော စွမ်းအင်တင်သွင်းမှုနှင့် စဉ်ဆက်မပြတ် စွမ်းအင်ရယူမှုများသည်လည်း ဒေသတွင်း၌ ပိုမို၍ ယှဉ်ပြိုင်မှုများ ဖြစ်ပေါ်လာစေသည်။

ယနေ့ ကမ္ဘာစွမ်းအင်မြင်ကွင်းကို ကြည့်မည်ဆိုလျှင် အာရှနိုင်ငံများ၏ သုံးစွဲမှုနှုန်း ကြီးထွားမှုကို ထင်ထင်ရှားရှား မြင်ရသည်။ စီးပွားရေး လျင်မြန်စွာ တိုးတက်နေသည်နှင့်အမျှ စွမ်းအင်သုံးစွဲမှုမှာလည်း အတက်ဘက်ကိုသာ ပြနေသည်။ ၂၀၁၀ ခုနှစ် နောက်ပိုင်းတွင် အာရှနိုင်ငံများ၏ စွမ်းအင်လိုအပ်မှုသည် မြောက်အမေရိက တခုလုံးထက် မြင့်တက်သွားပေမည်။ စက်မှုစီးပွားရေး နိုင်ငံများဖြစ်သည့် ဂျပန်၊ တရုတ်နှင့် ကိုရီးယားနိုင်ငံများသည် အရှေ့မြောက် အာရှဒေသတွင် စွမ်းအင် ပိုမိုသုံးစွဲလာပြီး တပြိုင်နက်တည်းမှာပင် တောင်အာရှနှင့် အရှေ့တောင်အာရှ နိုင်ငံများ၏ စွမ်းအင်လိုအပ်ချက်မှာလည်း ကြီးထွားလာနေသည်။

မေ့လျော့ခံ ဖြစ်ခဲ့ပေမယ့်

ဘင်္ဂလားပင်လယ်အော်နှင့် ဆက်စပ်နေသော ကပ္ပလီပင်လယ်၊ မာလကာ ရေလက်ကြားတို့သည် တောင်အာရှနှင့် အရှေ့အာရှ နိုင်ငံများ၏ ရေနံနှင့် သဘာဝဓာတ်ငွေ့ကို ထုတ်လုပ်တင်ပို့ ရောင်းချရာတွင် အရေးပါသော လမ်းကြောင်းများ ဖြစ်သည်။

စစ်အေးကာလ နိုင်ငံရေး ဆက်စပ်ပြောင်းလဲမှုများအရ ထိုစစ်အေးကာလအတွင်း အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ မြန်မာနှင့် သီရိလင်္ကာ နိုင်ငံတို့၌ အနောက်နိုင်ငံများမှ နိုင်ငံတကာ ရေနံကုမ္ပဏီကြီးများသည် ရေနံနှင့် သဘာဝဓာတ်ငွေ့ ရယူရေးအတွက် ကြီးမားသော ရင်းနှီးမြှုပ်နှံမှုများ လုပ်ခဲ့သည်ကို မတွေ့ရချေ။ သို့သော်လည်း နောက်ပိုင်းတွင် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီများ အပါအဝင် ဒေသတွင်းနိုင်ငံများ၏ ရင်းနှီးမြှုပ်နှံမှုများပါ တိုးပွားလာသည်ကို တွေ့ရပေသည်။ အထူးသဖြင့် မြန်မာနိုင်ငံရှိ မုတ္တမကွေ့နှင့် ရခိုင်ကမ်းလွန်ရှိ သဘာဝဓာတ်ငွေ့ ရှာဖွေတွေ့ရှိချိန်၊ ၎င်းနည်းတူ ဘင်္ဂလားဒေရှ်နှင့် အိန္ဒိယနိုင်ငံ၌ ကမ်းလွန် သဘာဝဓာတ်ငွေ့ ရှာဖွေ့တွေ့ရှိသော ကာလတွင် ဖြစ်သည်။

ဘင်္ဂလားပင်လယ်အော်သည် အရှေ့တောင်အာရှ၊ တောင်အာရှနှင့်အရှေ့မြောက်အာရှနိုင်ငံများ၏ ရေနံနှင့် သဘာဝဓာတ်ငွေ့၏ ဗဟိုအချက်အချာ ဖြစ်လာပေသည်။ ဘင်္ဂလားပင်လယ်အော်အပြင် တောင်တရုတ် ပင်လယ်နှင့် ဆက်စပ်နေသည့် မာလကာ ရေလက်ကြားသည်လည်း ၎င်းနှင့်ထိစပ်နေသော မလေးရှား၏ ရေနံနှင့် သဘာဝဓာတ်ငွေ့ ထုတ်လုပ်ရောင်းချရေးအတွက် အရေးပါသလို စင်္ကာပူနိုင်ငံ၏ နိုင်ငံတကာ ရေနံသိုလှောင် ချက်လုပ်ရေးအတွက်လည်း များစွာ အထောက်အကူပြုပေသည်။ ၎င်းအပြင် တရုတ်၊ ဂျပန်နှင့် ကိုရီးယား၏ ပါရှန် ပင်လယ်ကွေ့မှ တင်သွင်းလာသော ရေနံများအား ဘင်္ဂလားပင်လယ်အော်မှတဆင့် အဓိက သယ်ယူရသော ပင်လယ်ရေလမ်းကြောင်းလည်း ဖြစ်ပေသည်။

ဘင်္ဂလားပင်လယ်အော်သည် အိန္ဒိယနိုင်ငံအတွက် စီးပွားရေး မဟာဗျူဟာ ကျလှပြန်ပေသည်။ အိန္ဒိယနှင့် အာဆီယံထဲမှ ၅ နိုင်ငံ ဖြစ်သော မြန်မာ၊ ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှား၊ စင်္ကာပူ နိုင်ငံတို့ကို ကူးသန်းရောင်းဝယ်ရေးတွင် ဘင်္ဂလားပင်လယ်အော်သည် အခရာကျပေသည်။

ဘင်္ဂလားပင်လယ်အော် စီးပွားရေးနှင့် နည်းပညာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (ဘင်းစတက်ခ်) သည်လည်း ဒေသတွင်း သဘာဝဓာတ်ငွေ့ ပိုက်လိုင်းဖြစ်သည့် မြန်မာ-ဘင်္ဂလားဒေ့ရှ်-အိန္ဒိယ ဓာတ်ငွေ့ပိုက်လိုင်း ဖြစ်ပေါ်လာရေး ကြိုးပမ်းသည်။

ဘင်္ဂလား ပင်လယ်အော်ဒေသတွင်လည်း စွမ်းအင်ရရှိရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းများကို ဒေသခွဲအလိုက် (သို့) ဒေသအလိုက် (သို့) အစိုးရအချင်းချင်း ပုံစံအမျိုးမျိုး လုပ်ကိုင်လျက် ရှိပေသည်။

နိုးထလာသော နဂါးကြီးအတွက် လောင်စာ

တရုတ်၏ ရေနံသုံးစွဲမှုက ကမ္ဘာတခုလုံး စုစုပေါင်း သုံးစွဲမှု၏ ၃၈ ရာခိုင်နှုန်းရှိပြီး ကမ္ဘာပေါ်တွင် တတိယအကြီးဆုံး ရေနံတင်သွင်းသော နိုင်ငံ (အမေရိကန်နှင့် ဂျပန် ပြီးလျှင် အများဆုံး) ဖြစ်သည်။ တရုတ်နိုင်ငံသည် ကမ္ဘာကုန်သွယ်ရေး အဖွဲ့အစည်းတွင် အဖွဲ့ဝင်ဖြစ်လာပြီးနောက် စီးပွားရေးနှင့် စွမ်းအင်ကဏ္ဍများတွင် ပိုမိုပြီး အခွန်လျှော့ချမှုများ၊ ပယ်ဖျက်မှုများ လုပ်ဆောင်လာခဲ့သည်။ တရုတ်အစိုးရသည် ၁၉၉၈ ခုနှစ်တွင် နိုင်ငံ၏ အကြီးဆုံး ရေနံနှင့် သဘာဝဓာတ်ငွေ့ ကုမ္ပဏီများဖြစ်သော စီအမ်ပီစီ၊ စီနိုပက်နှင့် စီအန်အိုအိုစီ တို့ကို ပြန်လည်စုစည်းပြီးနောက် ကမ္ဘာတဝှမ်းလုံးရှိ နေရာဒေသအသီးသီးတွင် ရင်းနှီးမြှုပ်နှံမှုများ ပိုမို တိုးချဲ့၍ လုပ်ကိုင်လာခဲ့ပေသည်။ (မှတ်ချက်။ ၎င်းကုမ္ပဏီ သုံးခုမှာ တရုတ်အစိုးရ၏ ထိန်းချုပ်လုပ်ကိုင်မှုအောက်တွင် ရှိပြီး ဗဟိုစွမ်းအင်မူဝါဒနှင့် စွမ်းအင်မဟာဗျူဟာတို့၏ လိုအပ်ချက်များနှင့် လိုအပ်သော လုပ်ငန်းများကို အကောင်အထည် ဖော်ပေးရပေသည်။)

မြန်မာ-တရုတ် ဆက်ဆံရေး

မြန်မာနိုင်ငံရှိ ရခိုင်ကမ်းလွန်ဒေသမှ ထွက်ရှိလာမည့် သဘာဝဓာတ်ငွေ့အပြင် အာဖရိကနှင့် အရှေ့အလယ်ပိုင်းမှ လာရောက်မည့် ရေနံများအား ကျောက်ဖြူမြို့၌ ပင်လယ်ရေနက်ဆိပ်ကမ်း တည်ဆောက်ပြီး ပိုက်လိုင်းကြီးများဖြင့် တရုတ်နိုင်ငံ ယူနန်ဒေသသို့ သယ်ယူမည် ဖြစ်သည်။

တရုတ်အစိုးရအနေဖြင့် နအဖ စစ်အုပ်စုအား ထောက်ပံ့အကာအကွယ် ပေးနေခြင်းဖြင့် ၎င်းတို့၏ အဓိက စွမ်းအင်လိုအပ်ချက်နှင့် စွမ်းအင်လုံခြုံရေးအတွက် လမ်းကြောင်းသစ် ရှာဖွေနိုင်ခဲ့ပေသည်။

တရုတ်အစိုးရအနေဖြင့် စွမ်းအင်တင်သွင်းရာတွင် ဖြစ်ပေါ်ခဲ့သော အနှောင့်အယှက်၊ အတားအဆီးများကို လုံးဝ ရှောင်ရှားနိုင်ပေမည်။ ဤအခွင့်အရေးသည်ကား တရုတ်အစိုးရအတွက် နအဖနှင့် ဆက်ဆံနေစဉ်ကာလတွင် တရုတ် အနာဂတ် စီးပွားဖွံ့ဖြိုးတိုးတက်မှုအတွက် မဟာအခွင့်ထူးဖြစ်လာသည့် အားလျော်စွာ အဆုံးရှုံးမခံလိုတော့ပေ။

စွမ်းအင်အတွက် လုံခြုံရေး

တရုတ်နိုင်ငံ၏ လိုအပ်ချက်အရ ပိုမိုလာသော ရေနံတင်သွင်းရာတွင် ကြီးမားသော အတားအဆီးများ၊ လုံခြုံရေး ပြဿဿနာသစ်များနှင့် သယ်ယူပို့ဆောင်ရေး လုပ်ငန်းစဉ်များတွင် အခက်အခဲ ကြီးမားသည်။ ဤတွင် တချို့သော အရေးယူ ဆောင်ရွက်မှုများ ပြုလုပ်ခဲ့သည်။ ၎င်းတို့မှာ အိန္ဒိယသမုဒ္ဒရာနှင့် အာရေဗီယံ ပင်လယ်ရေကြောင်းရှိ ရေတပ်အင်အား အသုံးပြုရေး၊ တရုတ် ရေနံကုမဏီများနှင့် စာချုပ်ချုပ်ဆိုထားသော နိုင်ငံများသို့ လက်နက်ရောင်းချရေး၊ တရုတ် လုံခြုံရေးဝန်ထမ်းများအား နိုင်ငံတွင်း နေရာချထားရေးနှင့် ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ဝင် Shanghai Cooperation Organization (SCO) နိုင်ငံများမှတဆင့် လိုအပ်သော လုံခြုံရေးကို တိုးမြှင့်ဆောင်ရွက်ခြင်းတို့ ဖြစ်သည်၊၊ (မှတ်ချက်။ ။ တရုတ်၊ ရုရှား၊ ကာဇက်စတန်၊ ကာဂျစ်ကစ်တန်၊ တာဂျစ်ကစ္စတန်၊ ဥစဘက်ကစ္စတန်နိုင်ငံတို့မှာ ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ဝင်များ ဖြစ်သည်။)

SCO အဖွဲ့ဝင်နိုင်ငံများသည် ရေနံနှင့် သဘာဝဓာတ်ငွေ့ သယ်ယူပို့ဆောင်ရာတွင် အမေရိကန် ရေတပ်ကြီးစိုးမှု၊ မာလာကာ ရေလက်ကြားမှ ဖြစ်ပေါ်လာနိုင်သည့် လုံခြုံရေးအခက်အခဲများ၊ ရေနံသိုက် ရှာဖွေရေးတွင် ဖြစ်ပေါ်လာနိုင်သော ပြဿဿနာများကို ဖြေရှင်းရာ၌ များစွာ ကူညီထောက်ပံ့မှုများ ပြုလုပ်ခဲ့ပေသည်။

တရုတ်အစိုးရသည် ၎င်းစွမ်းအင်များ တင်သွင်းရာတွင် ပိုမိုအဆင်ပြေချောမွေ့လာစေရန် အိန္ဒိယ သမုဒ္ဒရာ မြောက်ဖက်စွန်းရှိ နိုင်ငံအတော်များများဖြင့် ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ခဲ့သည်။ ၎င်းနိုင်ငံများနှင့် အဓိက သဘောတူချက်မှာ ‘ပုလဲကုံး’ ဟု အမည်တွင်သော ရေတပ်အင်အားများ ပူးပေါင်းကူညီဆောင်ရွက်ချက် ဖြစ်သည်။ ပူးပေါင်းဆောင်ရွက်သော နိုင်ငံများမှာ မြန်မာ-ဘင်္ဂလားဒေ့ရှ်နှင့် ပါကစ္စတန်နိုင်ငံများ ဖြစ်ပြီး၊ ၎င်းနိုင်ငံများအား စွမ်းအင်တင်သွင်းရာ၌ အရေးပါသော ရေနက်ဆိပ်ကမ်းများ ဆောက်လုပ်ခြင်းနှင့် အခြား လိုအပ်သော ငွေကြေးနှင့် နည်းပညာ အကူအညီများကို တရုတ်က ပံပိုးလျက်ရှိပေသည်။

စွမ်းအင်တင်သွင်းရာ၌ အနှောင့်အရှက်များ ရှိခဲ့သော်လည်း တရုတ်အစိုးရအနေဖြင့် ရေတပ်အင်အား တိုးချဲ့ဆောင်ရွက်မှုများ ပိုမိုလုပ်ဆောင်လာခဲ့ပေသည်။ ရေနံ တင်သွင်းနိုင်ရေးနှင့် ရေနံစာချုပ် ချုပ်ဆိုရေး လုပ်ငန်းများတွင် ပိုမိုခရီးတွင်စေရန် လက်နက်ရောင်းချခြင်းကို တရုတ်က အပိုဆုအဖြစ် အသုံးပြုခဲ့ပေသည်။ ဥပမာ -ဆူဒန်နိုင်ငံသည် တရုတ်၏ ကူညီပံပိုးမှုဖြင့် လက်နက်စက်ရုံတည်ဆောက်ရေး၊ လက်နက်ငယ်များ ထုတ်လုပ်ရေး၊ လေယာဉ်ပစ် လက်နက်များ ရောင်းချရေး စသော ကူညီပံပိုးမှုများကို ရရှိခဲ့ပေသည်။

အချုပ်အားဖြင့်ဆိုရသော် မြန်မာ့နိုင်ငံရေး အပြောင်းအလဲတွင် တရုတ် အပါအဝင် ဒေသတွင်း နိုင်ငံများကို မက်လုံးပေးလျက်ရှိသော မြန်မာ့စွမ်းအင်သည် အရေးပါသော တွန်းအားတခု ဖြစ်လာပါတော့သည်။

•မွန်ပြည်သစ်-နအဖ အပစ်ရပ်အခမ်းအနား နအဖအရာရှိများ တက်ရောက်ရန် ပျက်ကွက်

NEJ

ယနေ့ ကျရောက် သည့် မွန်ပြည်သစ် ပါတီနှင့် နအဖ စစ်အစိုးရ တို့ အပစ် အခတ် ရပ်စဲရေး အထိမ်း အမှတ် အခမ်း အနား ကျင်းပ ခဲ့ရာ တွင် မွန်ပြည် နယ်ရှိ စစ်အစိုးရ ထိပ်ပိုင်း အရာရှိများ တက်ရောက် ခဲ့ခြင်း မရှိကြောင်း သိရသည်။

“အရှေ့တောင်တိုင်း (စစ်ဌာနချုပ်) ကို ကျနော်တို့ ဖိတ်စာပို့ထားပါတယ်။ ထိပ်ပိုင်းအရာရှိတွေ တက်ရောက်ဖို့ပါ။ ဒီနေ့ အခမ်းအနား ကျင်းပတဲ့နေ့အထိ သူတို့ဘက်က အကြောင်းပြန်ကြားတာ မရှိခဲ့ဘူး။ စရဖဘက်က ဓာတ်ပုံလာ ရိုက်တဲ့ (၂) ယောက်ပဲ အခမ်းအနားတက်ရောက်ခဲ့ပါတယ်” ဟု မော်လမြိုင်မှ မွန်ပြည်သစ်ပါတီ အရာရှိတဦးက ပြောသည်။

ဇွန်လ (၂၉) ရက်နေ့တွင် ကျရောက်သည့် (၁၄) နှစ်မြောက် အပစ်အခတ်ရပ်စဲရေး အခမ်းအနားကို မော်လမြိုင်မြို့ ငန်းတေးရပ်ကွက်က ဥက္ကဋ္ဌကြီး နိုင်ရွှေကျင် စာကြည့်တိုက်တွင် ကျင်းပခဲ့ရာ မွန်သံဃာတော်များအပါအဝင် တက်ရောက်သူပေါင်း (၁၀၀) ခန့်ရှိသည်ဟု ၎င်းက ပြောသည်။

မွန်ပြည်သစ်ပါတီမှ ဗဟိုအလုပ်အမှုဆောင် နိုင်တလညီ၊ ဗဟိုကော်မတီဝင်များဖြစ်ကြသည့် မော်လမြိုင်ဆက်ဆံရေး တာဝန်ခံ ဗိုလ်မှူးဗညားချမ်းနွန်၊ စည်းရုံရေးဌာန (မော်လမြိုင်) တာဝန်ခံ နိုင်ဃောသိုက်၊ ကျန်းမာရေးဌာနတာဝန်ခံ နိုင်တင်လှနှင့် မွန်ပြည်သစ်ပါတီဝင်အချို့ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားကို မွန်ပြည်သစ်ပါတီမှ မော်လမြိုင်မြို့ ဆက်ဆံရေးတာဝန်ခံ နိုင်ဗညားချမ်းနွန်နှင့် ပါတီ ဗဟိုအလုပ်အမှုဆောင် နိုင်တလညီတို့က ဦးဆောင်ကျင်းပခဲ့ခြင်းဖြစ်ပြီး စစ်အစိုးရဘက်မှ ထိပ်ပိုင်းအရာရှိများ တက်ရောက်လာပါက မွန်ပြည်သစ်ပါတီမှ ဒု-ဥက္ကဋ္ဌ နိုင်ရတ်စကလည်း တက်ရောက်ရန် စီစဉ်ထားကြောင်း အထက်ပါ မွန်ပြည်သစ်ပါတီ အရာရှိက ပြောသည်။

ယနေ့ကျင်းပခဲ့သည့် အခမ်းအနားတွင် သံဃာတော် (၅) ပါးအား ဆွမ်းကျွေးအလှူဒါနပြုလုပ်ပြီး အခမ်းအနားကို အကျဉ်းချုံးပြီး ကျင်းပခဲ့သည်။

နှစ်စဉ်ကျင်းပခဲ့သည့် အဆိုပါအပစ်အခတ်ရပ်စဲရေး အထိမ်းအမှတ်အခမ်းအနားကို အစောပိုင်းနှစ်များတွင် မော်လမြိုင်မြို့ပေါ် ဟိုတယ်ကြီးများ၌ အဆိုအက ဖျော်ဖြေရေးများအပါအဝင် အကြီးအကျယ် ကျင်းပခဲ့သော်လည်း လွန်ခဲ့သည့် ၂၀၀၆ ခုနှစ်မှစ၍ နိုင်ရွှေကျင် စာကြည့်တိုက်တွင်သာ အကျဉ်းချုံးကျင်းပခဲ့ပြီး စစ်အစိုးရ ဘက်မှလည်း တိုင်းမှူးအဆင့် တက်ရောက်ခဲ့ရာမှ ဗိုလ်မှူးအဆင့်သာ တက်ရောက်ခဲ့သည်။

ယနေ့ မြန်မာ့ရေးရာ သတင်းများ June,30th,2009

( 45 )မြစ်ကြီးနား လေယာဉ်ကွင်းတိုးချဲ့ရန် လူနေအိမ် အများအပြား ရွေ့ပြောင်းခိုင်းမည်

( 44 )ဘန်ကီမွန်း မကြာမီ မြန်မာပြည်သို့သွားမည်

( 43 )Late onset of monsoons hampers paddy cultivation in Central Burma

( 42 )ရွှေ့ပြောင်းတောင်ယာ ပပျောက်ရေး စီမံချက်ကြောင့် ဒေသခံများအခက်တွေ့

( 41 )Piracy hits Burmese music industry hard

( 40 )တလအတွင်း မြန်မာ ၄၀၀၀ ထိုင်းတွင် အဖမ်းခံရ

( 39 )Japanese Police Block Suspected Missile Technology Exports for Burma

( 38 )စံပြရွာသားများ နေအိမ်များကို စွန့်ခွာထွက်ပြေး

( 37 )Ban to Arrive in Burma on Friday

( 36 )UN chief urged to meet Suu Kyi on Burma visit

( 35 )စစ်တပ်က အတင်းအကျပ် စစ်သင်တန်းတက်ခိုင်း

( 34 )Myanmar's first new flu patient recovers

( 33 )UN secretary general arrives in Japan for talks

( 32 )စိုက်ပျိုးစရိတ်ထောက်ပံ့ပေးရာတွင် ငွေကြေးဖြတ်တောက်နေမှုများ ပြုလုပ်နေ

( 31 )UN chief urged to meet Suu Kyi on Myanmar vis

( 30 )UN chief aims to meet jailed activist

( 29 )ရုရှားစီမံကိန်းကြောင့် ရွာသားများ အိုးအိမ်မဲ့စေမည်

( 28 )3 arrested for conspiracy

( 27 )Myanmar's Suu Kyi should be allowed to campaign

( 26 )ကုလ အတွင်းရေးမှူးချုပ် မြန်မာခရီးစဉ်အတွင်း အရေးပါသူ အားလုံးနဲ့ တွေ့ဆုံသွားမည်

( 25 )UN head must meet Suu Kyi on Myanmar visit: party

( 24 )UNsecretary-general to visit Myanmar this week

( 23 )မောင်တောမှ ရွှေဇားတံတားကြီးအား ယူအန်က အသစ်ပြန်လည် တည်ဆောက်ပေးမည်

( 22 )၁၄ နှစ်မြောက် မွန်ပြည်သစ် ပါတီ အပစ်အခတ် ရပ်စဲမှု အထိမ်း အမှတ် အခမ်းအနား

( 21 )BNI ၁၃ ကြိမ်မြောက် အစည်းအဝေး ကျင်းပ

( 20 )ဦးတင်ဦးနှင့် ဦးဝင်းတင်ကို ဗဟိုတရားရုံးက ပယ်ချ

( 19 )Burma presses rebels in bid to eliminate armed opposition

( 18 )မွန်နှင့် အပစ်ရပ်မှု အထိမ်းအမှတ်ပွဲ စစ်အစိုးရ မတက်

( 17 )Pearl Jam, Mission of Burma, The Offspring and More Come to Wii Rock Band

( 16 )တောင်ကြီးမြို့အနီး ရုရှား ကုမ္ပဏီက လျှို့ဝှက် သတ္တုတွင်း တူးဖော်

( 15 )ခိုးကူးနှိမ်နင်းရန် နည်းလမ်းတခုအဖြစ် လေးဖြူ၏ MTV စလွှင့်သည်ဟုဆို

( 14 )Japan Police Arrest Three for Illegal Exports, Yomiuri Says

( 13 )ပဲခူးတွင် မိုးခေါင်သဖြင့် စပါးစိုက် နောက်ကျ

( 12 )UN chief to visit Myanmar

( 11 )ထိုင်း-မြန်မာနယ်စပ် Moei မြစ်တလျှောက် လုံခြုံရေး တပ်လှန့်ထား

( 10 )အပူလှိုင်းကြောင့် မြန်မာဒုက္ခသည်များ ရောဂါဝေဒနာများ ဖြစ်ပွား

( 9 )Myanmar court rejects 2 witnesses for Suu Kyi

( 8 )အဖွဲ့ချုပ် တဦး အပါအ၀င် ၂ ဦး သောကြာနေ့က အဖမ်းခံရ

( 7 )Court upholds ban on Suu Kyi witnesses

( 6 )မြန်မာတေးသီချင်း ထုတ်လုပ်မှု ၈၀ ရာခိုင်နှုန်းခန့် ကျဆင်း

( 5 )3 held over export bid of DPRK missile know-how to Myanmar

( 4 )မြန်မာနိုင်ငံတွင် ၀က်တုပ်ကွေး စတင်ဖြစ်ပွားနေ၍ အများပြည်သူ သတိထားသင့်

( 3 )Ban Ki-moon to travel to Myanmar

( 2 )UN chief to return to Myanmar on same day opposition leader Suu Kyi's trial resumes

( 1 )ဒေါ်စုအမှု သက်သေအယူခံဝင်မှု ဗဟိုတရားရုံးချုပ် ပယ်ချ

Monday, June 29, 2009

တောင်ကြီးမြို့အနီး ရုရှား ကုမ္ပဏီက လျှို့ဝှက် သတ္တုတွင်း တူးဖော်

သန်းထိုက်ဦး Monday, 29 June 2009

ရှမ်းပြည် နယ် တောင်ပိုင်း တောင်ကြီး မြို့အနီး တွင် မြန်မာ စစ်အစိုးရ နှင့် ရှရှား နိုင်ငံပိုင် (Tyazhpromexport) ကုမ္ပဏီ တခုက ပူး ပေါင်း ၍ သတ္တုတွင်း တူးဖော်ရန် ပြင်ဆင် နေသည်ဟု ပအို့ဝ်(ပအိုဝ်း) လူငယ် အစည်း အရုံး (PYO)က ယနေ့ ပြောဆို လိုက်သည်။


အဆိုပါ PYO အဖွဲ့အစည်း က ထိုင်းနိုင်ငံ ချင်းမိုင်တက္ကသိုလ် International Center - IC ခန်းမ၌ ယနေ့ ကျင်းပ သည့် “အနာဂတ်ကို လုယူဖျက်ဆီးခြင်း”ဟူသော ခေါင်းစဉ်ဖြင့် ထုတ် ပြန်သော အစီအရင်ခံစာ သတင်းစာ ရှင်း လင်းပွဲတွင် ဤသို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် သတင်းထုတ်ပြန်မှု မရှိသောကြောင့် ယခုကဲ့သို့ သတ္တုတွင်း တူးဖော်ရေးနှင့် ပတ်သက်ပြီး လူ့ အခွင့်အရေး ချိုးဖောက်မှု ၊ သဘာဝ ပတ်ဝန်းကျင် ပျက်စီးမှုများကို အဓိကထားပြီး ထုတ်ပြန်ထားခြင်း ဖြစ်သည် ဟု PYO မှ ပြောရေးဆိုခွင့်ရှိသူ ခွန်ချန်ကီက ဧရာဝတီသို့ ပြောသည်။

ယင်း အစီရင်ခံစာတွင် စက်ရုံသွားရာလမ်းဖောက်လုပ်ရန် ဒေသအာဏာပိုင်များက ရွာ ၃ ရွာမှ လူ ၅၅ ဦးကို ၎င်းတို့၏ အိုးအိမ်များမှ အတင်းအကျပ် ဖယ်ရှားပြောင်းရွှေ့စေခဲ့ပြီး စိုက်ပျိုးမြေ ဧက ၁၁၀၀၀ ခန့်ကို သိမ်းပိုက် ခဲ့ကြောင်း ဖော်ပြထားသည်။

ထို့အပြင် ခရီးသွားလာခွင့် အတင်းအကျပ် ကန့်သတ်နေခြင်း၊ ၎င်း စီမံချက်နှင့် ပတ်သက်၍ သတင်းထုတ်ပြန်မှု မရှိခြင်းကြောင့် ဒေသခံများက အနုမြူ စီမံကိန်းနှင့် ဆက်စပ်နေမည်ဟု သံသယရှိနေကြကြောင်းလည်း ရေးသား ထားသည်။

“ကျနော်တို့ အဓိက သဘာဝ ပတ်ဝန်းကျင်နဲ့ ကွင်းဆင်းလေ့လာတော့ ဒေသခံလူထုကို တွေ့တဲ့အခါမှာ သူတို့က အဲဒီနေရာ သတ္တုတူးဖော်ဖို့အတွက် မကဘူး၊ အနုမြူဓာတ်ပေါင်းဖို ကိစ္စလည်းပါတယ်လို့ပြောတယ်။ နောက် အဲဒီ ကိစ္စကိုလည်း စိုးရိမ်နေကြတယ်”ဟု ခွန်ချန်ကီက ပြောသည်။

ရှရှားနိုင်ငံ အနုမြူစွမ်းအင် အေဂျင်စီက၂၀၀၇ ခုနှစ်တွင် မြန်မာနိုင်ငံ၌ အနုမြူဓာတ်ပေါင်းဖိုတခု တည်ဆောက် မည်ဟုကြေညာထားသောကြောင့် ဒေသခံပြည်သူများက ပို၍သံသယကြီးထွားနေကြခြင်းဖြစ်ကြောင်းသိရသည်။

တည်ဆောက်နေဆဲ သံရည်ကြိုစက်ရုံသည် မြန်မာ စစ်တပ် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် နှင့် ၁၀ ကီလိုမီတာ ခန့် အကွာအဝေးတွင် တည်ရှိပြီး ယခုနှစ်ကုန်တွင် ဆောက်လုပ်ရေးလုပ်ငန်းများ ပြီးမည်ဟုယူဆရသည်။ ၎င်း စက်ရုံ တွင်လည်း မြေအောက် ဥမင်များတည်ရှိပြီး ၁၀ ပေကျော် အုတ်နံရံ ၂ ထပ်နှင့် သံဆူးကြိုး တစ်ထပ်ဖြင့် ကာရံ ထားကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

“သူတို့က နံရံတွေ၊ အတားအဆီးတွေနောက်မှာ သူတို့ဘာလုပ်နေတယ်ဆိုတာ လျှို့ဝှက်ထားကြတယ်။ ဒါပေမယ့် အခုစီမံကိန်းကြောင့် နစ်နာရမယ်ဆိုရင်တော့ ကျနော်တို့က ရှေ့ဆုံးက နစ်နာကြရလိမ့်မယ်။ မြန်မာပြည်မှာတရား ဥပဒေ မရှိတာကို နိုင်ငံခြား ကုမ္ပဏီတွေက အခွင့်ကောင်းယူပြီး ကျနော်တို့ သယံဇာတတွေကို လာအမြတ်ထုတ် ယူနေကြတယ်။ ကျနော်တို့ အနာဂတ်ကို လာပြီးလုယက်ဖျက်ဆီးနေကြတယ်”ဟု ထုတ်ပြန်ချက်တွင် ပြောဆို ထားသည်။

သတ္တုတွင်း တူးဖော်မှုကြောင့် မြေတိုက်စားမှုများ၊ အနယ်အနှစ်များကို စွန့်ပစ်မှုကြောင့်ဤလွင်ပြင်ရှိ ပင်မရေ အရင်း အမြစ်ဖြစ်သည့် သဘက်ချောင်းသည်လည်း ညစ်ထေးရဖွယ်ရှိသည့်အပြင် ယင်းဒေသတလျှောက် ရှိ လူဦးရေ ၃၅၀၀၀ ခန့်သည် ထိခိုက်နစ်နာရဖွယ်ရှိကြောင်း ၎င်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

မြန်မာစစ်အစိုးရ၏ နျူကလီးယား ထုတ်လုပ်မည့် အစီအစဉ်နှင့် ပတ်သက်နိုင်ဖွယ်ရှိသော မြေအောက် ဥမင်များ တည်ဆောက်နေမှု ဓာတ်ပုံနှင့် ဗီဒီယို မှတ်တမ်းများကိုလည်း ပြီးခဲ့သည့် ရက်များအတွင်းက သတင်းဌာနများတွင် ထုတ်လွှင့်ပြသခဲ့ကြသည်။

ယင်းထုတ်လွှင့်ချက်များအပြီး အဆိုပါမှတ်တမ်းများသည် စစ်အစိုးရ၏ နိုင်ငံနှင့် တ၀န်းတွင် တည်ဆောက်နေ သော ရေအားလျှပ်စစ် စီမံ ကိန်း များမှ မှတ်တမ်း များ ဖြစ်နိုင် မည်လား ဟူသည့် ပြည်တွင်း ၊ပြည်ပရှိ အင်ဂျင်နီယာ အများစုက မေးခွန်များ ထုတ်နေကြ သည် ဟု လည်း သိရသည်။

စင်ကာပူက လူလိမ် မြန်မာမ တစ်ရောက်အကြောင်း

ကျွန်ုပ်၏ မေးလ်ထဲသို့ ရောက်ရှိလာသော forward မေးလ်လေး မှ တဆင့် စင်ကာပူသို့ လာရောက် အလုပ် ရှာဖွေကြသော မြန်မာများ သိရှိ ရှောင်ရှားစေရန် ရည်ရွယ်ပြီး မူရင်းအတိုင်း ဖော်ပြ ပေးလိုက်ရပါကြောင်း........................

စင်ကာပူ ရောက်မြန်မာ များနှင့် စင်ကာပူသို့ လာပြီး အလုပ်ရှာ သောမြန်မာ များ
အတွက်.................................................................

ဒေါ်ခင်ခင်ထက် ( ခ ) Lilian Smith
Managing Director
Tanjong Pagar Cantonment Towers.
Blk 13 # 30-29
Ph- 97788251
Fax-- 67370163
Email-- atlanticsolution@hotmail.com


ယခု အမျိုး သမီးသည် မြန်မာများ ကို အလုပ် ရှာပေးမည် ဟု ဆိုကာ ပိုက်ဆံ တောင်းပြီးသူဌေး နှင့် ပေါင်းကာ မြန်မာ များအား ပြန်လည် အလုပ်ဖြုတ်ပြီး ငွေကို လိမ်လည် စားနေ ပါသည်။ မြန်မာများ ဘက်မှ ကာကွယ် လုပ်ဆောင်ခြင်း မရှိပါ။ဤအမျိုး သမီး ဖြင့် အလုပ်ရှာ ခိုင်း သော မြန်မာ မိန်းခလေး နှင့်ယောင်္ကျား လေးများ အလွန်ပင် ဒုက္ခ ရောက်ရ ပါသည်။ ဤအမျိုး သမီးသည်ငွေရပြီ ဆိုလျှင် ငွေပေး ထား သောသူကို အဆက် အသွယ်ဖြတ်ကာနောက်ထပ် လူသစ်များ ထံမှ ငွေလိမ် လည်စား ရန်နည်း မျိုးစုံဖြင့် လုပ်ကိုင် လျှက်ရှိ ပါသည်။

ထို့ အတွက် ကျွန်တော် သူငယ်ချင်းများ သိသင့် သိထိုက် သော စင်ကာပူကအမျိုး သမီး အကြောင်းကို ပြောပြ လိုက်ရ ပါသည်။ဤစာ ကိုဖတ်ပြီး သော သူငယ်ချင်း များ တစ်ခြား မိမိတို့ ရဲ့ သူငယ်ချင်း များထံသိုစာများ ကို ဖြန့် ဝေပေးခြင်းနှင့် ကူညီပေး ကြပါခင်ဗျာ။
မြန်မာ အချင်းချင်း ဂုတ်သွေး စုတ်နေတဲ့ မြန်မာ တွေကို စာဖြန့် ဝေသော အနေဖြင့်ကူညီ ပေးကြ ပါခင်ဗျာ။

ဘုရားသုံးဆူမြို့တွင် ဗုံးနှစ်ကြိမ်ဆက်တိုက်ပေါက်ကွဲ

Kaowao ဇွန် ၂၉၊ ၂၀၀၉။

စံခလပူရီ(ဇွန်-၂၉)။ ။ ထိုင်း မြန်မာ နယ်စပ် ဘုရားသုံး ဆူမြို့ ၌ ယမန်နေ့ ဇွန်လ ၂၈ ရက်၊ ည ၈ နာရီ ကျော်ခန့်တွင် မိနစ်ပိုင်း ခန့်ခြား ၍ ဗုံးနှစ်လုံး ကျယ်လောင် စွာ ပေါက်ကွဲ သံများ ကြားရ သည်ဟု မြို့ခံများ နှင့် ဆက်သွယ် မေးမြန်း ချက်အရ သိရသည်။


ပထမပေါက်ကွဲမှုမှာ ဘုရားသုံးဆူမြို့ ၊ တပ်ကုန်းရှိ ခလရ ၃၂ တပ်ဧရိယာ ဧည့်ရိပ်သာအနီးဖြစ်ပြီး နောက် ၄ မိနစ် ခန့်အကြာတွင် SB နှင့် စရဖရုံးအနီး၌ ဒုတိယပေါက်ကွဲမှုဖြစ်ပွားခဲ့သည်ဟု ဆိုကြသည်။ အဆိုပါပေါက်ကွဲမှုကြောင့် အထိအခိုက်ပျက်စီးမှု တစ်စုံတစ်ရာမရှိကြောင်း သိရသည်။

အဆိုပါပေါက်ကွဲမှုကို မည်သူ၊ မည်သည့်အဖွဲ့အစည်း၏ လက်ချက်ဖြစ်သည်ကို မှန်းဆရ အလွန်ခက်ခဲကြောင်း ဘုရားသုံးဆူဒေသရှိ မွန်ပြည်သစ်ပါတီမှ အမည်မဖေါ်လိုသော အရာရှိတစ်ဦးက မိမိသတင်းဌာနကို ဆက်သွယ် ပြောကြားခဲ့သည်။

ပေါက်ကွဲမှုကို ယူဆချက်အမျိုးမျိုးဖြင့် ထင်မြင်ခန့်မှန်းနေကြသည်။ သို့သော် စစ်အစိုးရအာဏာပိုင်များက လက်ပစ်ဗုံးဖြစ်သည်ဟု မွန်ပြည်သစ်ပါတီကို အတည်ပြုပြောကြားခဲ့သည်။

ဤပေါ်က်ကွဲမှုသည် ဘုရားသုံးဆူမြို့ပေါ်ရှိ လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုခုက ဖြစ်နိုင်ကြောင်း၊ ဒေသတစ်ဝိုက် တွင် လှုပ်ရှားလျှက်ရှိသော အဖွဲ့အစည်းအသီးသီးမှ ခေါင်းဆောင်ပိုင်းများ၏ အတွင်းရေးများ၊ မူယစ်ဆေး ရောင်းဝယ်ခြင်း၊ လူကုန်ကူးခြင်းတို့တွင် ပါဝင်ပတ်သက်နေသူ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းတို့အား ဘုရားသုံးဆူမြို့
ပေါ်ရှိ လက်ရှိ SB, စရဖ၊ တပ်ရင်းထောက်လှန်းရေးတို့သည် သက်ဆိုင်ရာအထက်ဌာနအသီးသီးသို့ သတင်း တင်ပြမှုများ ပြုလုပ်နေသည်ကို သိရှိနေကြကြောင်း၊ ၄င်းလုပ်ရပ်အားမကျေနပ်၍ သတိပေးသည့်အနေဖြင့် ဖေါက်ခွဲပြခဲ့သည်ဟု ၄င်းတို့ယူဆကြောင်း ဘုရားသုံးဆူမြို့ရှိ အမည်မဖေါ်လိုသော မြန်မာရဲတစ်ဦးနှင့် ဆက်သွယ် မေးမြန်းမှုတွင် အသေးစိတ်ဖြစ်စဉ်များနှင့်တကွ ရှင်းပြခဲ့သည်။

အဆိုပါပေါက်ကွဲမှုဖြစ်ပေါ်ခဲ့ပြီးနောက် စစ်အစိုးရဖက်မှ ဘုရားသုံးဆူဒေသတစ်ဝိုက် လှုပ်ရှားလျှက်ရှိသော အပစ်ရပ်အဖွဲ့များနှင့် လက်နက်ချအဖွဲ့အစည်းများကိုလည်း လုံခြုံရေးကိစ္စများကိုအစဉ်သတိရှိနေစေရန်၊ သတင်း ဖလှယ်ကြရန်နှင့် ညဖက်များတွင် လက်နက်များကိုင်ဆောင်ပြီး၊ ပြောက်ကျားစစ်ဝတ်စုံများဖြင့် သွားလာလှုပ်ရှား
မှု မပြုကြရန် အသိပေးအကြောင်းကြားခဲ့သည်။

ဘုရားသုံးဆူမြို့နှင့်အနီးတဝိုက်တွင် စစ်အစိုးရတပ်ဖွဲ့များအပြင် မွန်ပြည်သစ်ပါတီ၊ ဒီကေဘီအေ၊ ကရင် ငြိမ်းချမ်းရေးတပ်ဖွဲ့ KPF,၊ KNU-KNLA/PC အမှတ် ၇၀၉ တပ်ရင်းနှင့် ပြည်သူ့စစ်အဖွဲ့များ လှုပ်ရှားလျှက်ရှိသည်။

ကရင်နီအမျိုးသမီး စစ်မြေပြင်တွင် အသုံးချခံရ

နှောင်းလှိုင်/ဇွန်လ ၂၉၊ ၂၀၀၉

ကရင် နီပြည် အမှတ် ၂ ခရိုင် ဂီလိုရွာ တွင် မြန်မာ စစ်တပ် ခလရ ၇၂ နှင့် ကရင်နီ တပ်မတော် များ ခြုံခို တိုက်ပွဲ တခု ဖြစ်ခဲ့ပြီး နောက် ရွာထဲမှ အမျိုး သမီး နှစ်ဦးအား စစ်တပ်မှ ဖမ်းဆီး ခေါ်ဆောင် သွားသည်ဟု ကရင်နီ တပ်မတော် က ဆိုသည်။

အသက် ၆၀ နှစ်အရွယ်ရှိ နော်သားခု နှင့် အသက် ၄၆ နှစ်အရွယ်ရှိ နော်ဘဲလေတို့ကို ဗိုလ်မှူးကျော်မျိုးဦး ဦးဆောင်သော ခလရ ၇၂ မှ ယခုလို အတင်းဖမ်းဆီးခေါ်ဆောင်သွားခြင်းမှာ ကရင်နီတပ်မတော်မှ မြန်မာစစ်တပ်အား ပစ်ခတ်မှုများ မပြုလုပ်နိုင်ရန် ထိုအမျိုးသမီးနှစ်ဦးဖြင့် ဓါးစာခံ အကာအကွယ်ယူရန် ရည်ရွယ်၍ ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်ဟု ကရင်နီတပ်မတော် တပ်ရင်း ၁ မှ ထောက်လှန်းရေးအရာရှိ စောခဲရိုက ပြောပါသည်။

၎င်းက“ကောင်မလေးကို ခေါ်သွားတာ ဒီလမ်းပြအနေနဲ့ပေါ့၊ လမ်းပြလည်းဖြစ်တယ် နောက်ပြီး သူတို့အတွက် အကာအကွယ်ပေါ့နော်၊ ဥပမာ ကျနော်တို့ ကေအဲန်ပီပီက သူ့တို့ကို လမ်းမှာ စောင့်တိုက်မယ်ဆိုလို့ရှိရင် မိန်းမသားလည်း ဖြစ်တယ် ပြည်သူလူထုလည်းဖြစ်တယ် ဆိုတော့ ကျနော်တို့ ကေအဲန်ပီပီက မတိုက်ရဲတော့ဘူးလေ” ဟုပြောပါသည်။

ယခုလ ၂၆ ရက်နေ့ ညနေ ၄ နာရီအချိန်တွင် ဖြစ်ပွားခဲ့ကြသော တိုက်ပွဲတွင် နှစ်ဘက် ကျဆုံးမှုမရှိဘဲ မြန်မာစစ်တပ်ဘက်မှ တပ်သားအချို့သာ ဓါဏ်ရာရရှိသွားသည်ဟု ကရင်နီတပ်မတော်က ဆိုပါသည်။

ဒေါ်စုမွေးနေ့ပွဲ၌ ဖမ်းဆီးခံရသူများကို မလေးရှားက ရုံးတင်စစ်ဆေးမည်

ဇော်ကြီး။

ဒေါ်အောင်ဆန်း စုကြည် မွေးနေ့ပွဲ ၌ ဖမ်းဆီး ခံခဲ့ ရသည့် မြန်မာ နိုင်ငံသား ၉ ဦးကို မလေးရှား အာဏာ ပိုင်များက ရုံး တင် စစ်ဆေး မည် ဟု သိရကြောင်း မလေးရှား NLD(LA) ဥက္ကဋ္ဌ က ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ၆၄ နှစ်မြောက်မွေးနေ့ အခမ်းအနားတွင်မြန်မာနိုင်ငံသား ၁၆ ဦးဖမ်းဆီးခံခဲ့ရကာ အ လုပ်သမားလက်မှတ်ကိုင်ဆောင်သူ ၂ ဦးနှင့် UNHCR လက်မှတ်ကိုင်ဆောင်သူ ၅ ဦးပြန်လွှတ်ပေးခဲ့ပြီးနောက် ကျန်သူ ၉ ဦးအား ရုံးတင်စစ်ဆေး ခံရမည်ဟု မလေးရှား NLD(LA) ဥက္ကဋ္ဌ ကိုကျော်ကျော် ကယခုလို ပြော သည်။

“မနေ့ကညနေ ၆ နာရီခွဲမှာ ၅ယောက်ပြန်လွတ်တယ်။ ကျန်တဲ့ ၉ယောက်ကတော့ ဂျူလိုင်လ ၂ ရက် နေ့မှာ ရုံးတင်မယ်လို့ပြောတယ်။ ရုံးတင်ဖို့ကိစ္စကို မတင်ဖို့ ကျနော်တို့က ညှိတယ်။ ဒါပေမယ့်မရဘူး။ ဒါဟာ အထောက်အထားတစုံတရာမရှိဘူး။ လ၀က အမှုနဲ့ တရားစွဲမယ် ဆိုပြီး သူတို့(အာဏာပိုင်)က လုပ်လိုက်တယ်။”

ဆက်လက်ထိမ်းသိမ်းခံထားရသူ ၉ ဦးမှာ ကိုထင်ကျော်၊ ကိုသန်းဦး၊ကိုငြိမ်းချမ်း၊ ကိုလွင်ဦး၊ ကိုအောင်ကျော်သူ၊ ကိုအောင်သူရ၊ကျော်ကိုကိုကျော်၊ ပြည့်ဖြိုးနိုင်နှင့် ကျော်ကျော် တို့ဖြစ်ကြပြီးတရားမ၀င်အလုပ်သမားဥပဒေအရ တ ရားစွဲဆိုခံရပါက ထောင်ဒဏ် ၆ လနှင့် ကြိမ်ဒဏ်တစ်ချက် အပြစ်ပေးခံရနိုင်သည်။

ထိမ်းသိမ်းခံထားရဆဲ ၉ ဦး အာမခံရရှိရေးအတွက် UNHCR နှင့် မလေးရှားနိုင်ငံ ရှေ့နေများကောင်စီသို့ အကူညီ တောင်းခံစာများပေးပို့ထားသည်ဟု သိရသည်။

၎င်းတို့သည် မလေးရှားအာဏာပိုင်တို့၏ တရားဝင်ခွင့်ပြုချက်မရဘဲ ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ပွဲကို ကျင်း ပခဲ့သောကြောင့်အဖမ်းခံခဲ့ရခြင်းဖြစ်သည်။


လွပ်လပ်စွာ တွေခေါ်ပြောဆိုမှု

NEJ

ဗုဒ္ဓ ၀ါဒသည် ဒီမိုကရေစီ အကျဆုံး အယူ အဆ ဖြစ် သော်လည်း ဗုဒ္ဓ ဘာသာ ၀င်ဟု ဆိုသူ အများ အပြား နေထိုင်ရာ ဒေသ များတွင် ဒီမို ကရေစီ အခြေခံ သဘော တရား မထွန်း ကားသည် ကို ဆန်းစစ်ရန် လိုသည်။ ဗုဒ္ဓ ၀ါဒသည် သံသရာမှ လွတ်မြောက် စေရန် မိမိ ဖာသာ ကြိုးစား ရသော အယူ အဆဖြစ် သဖြင့် သူများ ကို မှီခို အားထားပြီး ကိုးကွယ် ဆည်းကပ် ပူဇော် မှုကို အား မပေးပါ။ ဗုဒ္ဓ ရှင် တော် သည် စိတ်ပိုင်း ဆိုင်ရာ လွတ်လပ်မှုကို တန်ဖိုး ထားသဖြင့် ဗုဒ္ဓ ဘာသာတွင် လွတ်လပ်စွာ တွေးခေါ်မှုသည် အလွန် အရေး ကြီး၏။


အဂုင်္တ္တရနိကယ် သုတ္တန်ပိဋကတ်တော်လာ ကေသမုတ္တိသုတ်သည် လူသား၏ စိတ်ပိုင်းဆိုင်ရာ လွတ်လပ်မှုကို တန်ဖိုးထားသော ရှေးအ ကျဆုံး သာဓကတခုဖြစ်သည်။ အိန္ဒိယပြည် ကာလမမျိုးနွယ်များ နေထိုင်ရာ ကေသမုတ္တိ ရွာကြီးသို့ ဗုဒ္ဓရှင်တော် ကြွချီလာ သည့်အခါ၌ ရွာသူရွာသားများက သမဏဗြဟ္မဏများသည် သူတို့၏ အယူဝါဒကိုသာ ကောင်းကြောင်း တဖက်သတ်ပြောကြပြီး သူတပါးကို ပုတ်ခတ် ပြောဆိုနေသည့်အတွက် ရွာသူရွာသားများသည် အမှားအမှန်မသိနိုင်ဘဲ ဖြစ်နေကြောင်း လျှောက်ထားကြပါသည်။

ထိုအခါတွင် ဗုဒ္ဓဘုရားက “ယုံမှားသင့်သည့်အရာကို ယုံမှားရခြင်းဖြစ်ကြောင်း၊ သူများပြောသည်ကို ကြားဖူးရုံနှင့်၊ သတင်း စကား ကြားဖူး ရုံနှင့် ဟုတ်ပြီမှန်ပြီလို့ မယူဆသင့်ကြောင်း၊ ပိဋကတ်စာပေနှင့် ကိုက်ညီသည်ဟူ၍လည်း ကောင်း၊ ဆင်ခြင်တုံတရားနှင့် ကိုက်ညီ သည်ဟူ ၍လည်းကောင်း၊ ဖြစ်နိုင်စရာရှိသည်ဟူ၍လည်းကောင်း၊ မိမိဆရာ၏ အဆိုအမိန့်နှင့် ကိုက်ညီသည်ဟူ၍လည်းကောင်း၊ အပေါ် ယံ အသွင် အပြင်ကိုကြည့်၍လည်းကောင်း မယုံကြည်လေ နှင့်” ဟု ဟောကြားခဲ့သည်။ မိမိကိုယ်တိုင် မကောင်းသည့်အကုသိုလ်တရားကို သိမှသာ လျှင် မကောင်းမှုကို စွန့်ပြီး ကောင်းသည့်တရားကို ယုံကြည်ရန် ဗုဒ္ဓဘုရားက ဟောကြားခဲ့ပါသည်။ ဗုဒ္ဓဘာသာအတွေးအခေါ်သည် အ လွန်ဒီမိုကရေစီကျကြောင်း အဂုင်္တ္တရနိကယ်လာ ကေသမုတ္တိသုတ်က သက်သေပြ၏။ ဤသုတ်ကို ဒေါ်အောင်ဆန်းစုကြည်ကလည်း ကိုး ကားတင်ပြဖူးပါသည်။

အမှားအမှန်ဝေဖန်ပိုင်းခြား၍ မိမိယုံကြည်ချက်ကို ဖော်ထုတ်ရာတွင် လွတ်လပ်မှုသည် အလွန်အရေးကြီးကြောင်း ဗုဒ္ဓရှင်တော် ဟောကြား ပြီး နှစ်ပေါင်း (၂၅၀၀) ကြာသောအခါတွင် ကမ္ဘာ့ကုလသမဂ္ဂလူ့အခွင့်အရေးကြေညာစာ တမ်း၌ လူသား၏လွတ်လပ်မှုကို ဖော်ပြပြန်ပါ သည်။ လူ့အခွင့်အရေးကြေညာစာတမ်းအပိုဒ် (၁၈) နဲ့ (၁၉) သည် လွတ်လပ်စွာ တွေးခေါ်ပြောဆို ရေးသားနိုင်ခွင့်ကို ဖော်ပြပါသည်။

လူသား၏ စိတ်ပိုင်းဆိုင်ရာ လွတ်လပ်မှုကို ဗမာစစ်အစိုးရ အမျိုးမျိုးဖိနှိပ်ချိုးဖျက်နေသည်မှာ (၄၇) နှစ်ရှိနေပါပြီ။ လွတ်လပ်စွာ ပြောဆို ရေးသားခွင့်ကို ဗမာစစ်အစိုးရ အကြောက်ဆုံးဖြစ်ပါသည်။ ဗမာစစ်အစိုးရသည် မိမိနဲ့ သဘောထားချင်း မတူသူကို ရန်သူလို သဘော ထား ပါသည်။ ဒီမိုကရေစီဆိုသည်မှာ အယူအဆချင်း မတူသူများ အတူတူနေနိုင်အောင် စီစဉ်ပေးသည့် နိုင်ငံရေးစနစ်ဖြစ်ပါသည်။ ထို ကြောင့် ဒီမိုကရေစီနှင့် ဗမာစစ်အစိုးရသည် ပြဒါးတလမ်း သံတလမ်း ဖြစ်နေသည်။

ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးကို အစိုးရက ဦးဆောင်မည်ဆိုပါက ပထမဦးစွာ လွတ်လပ်ခွင့် ပေးရပါလိမ့်မည်။ အင်္ဂလိပ်လို Liberalization ဟု ခေါ်ပါသည်။ ဒီမိုကရေစီဆိုသည်မှာ အမိန့်ပေးပြီး ခိုင်းသည့်ကိစ္စမဟုတ်ပါ။ ထိုကြောင့် လွတ်လပ်စွာ ပြောဆို ရေးသား နိုင်ရန် အလွန်အရေးကြီးပါသည်။ လွတ်လွတ်လပ်လပ် ပြောဆိုရေးသားနိုင်သော အဆင့်သို့ ရောက်လာမှသာလျှင် နိုင်ငံရေးဆွေးနွေးပွဲကို ပီပီသသလုပ်နိုင်ပါလိမ့်မယ်။ လွတ်လပ်စွာ ပြောဆို ရေးသားခွင့်သည် ဒီမိုကရေစီစနစ်၏ အနှစ်သာရတခုပင် ဖြစ်ပါသည်။

ဒီမိုကရေစီအသွင်ပြောင်းရာတွင် လွတ်လပ်စွာ ပြောဆိုရေးသားသည့် အလေ့အကျင့်ရှိရန် လိုသည်။ ဖိနှိပ်ချုပ်ချယ် ခံရသော လူ့အဖွဲ့ အ စည်း၏ အတွေးအခေါ်နှင့် လွတ်လပ်သော လူ့အဖွဲ့အစည်း၏ အတွေးအခေါ်သည် ကွဲပြား ခြားနားလှပါသည်။ အပြန်အလှန် ဝေဖန်ခြင်း သည် ဒီမိုကရေစီဓလေ့ ဖြစ်ပါသည်။ နိုင်ငံရေးလုပ်သူတိုင်း ဝေဖန်ခံနိုင် ရပါလိမ့်မည်။

ထိုကြောင့် လွတ်လပ်စွာ ပြောဆိုရေးသားခွင့်နှင့်စုဝေးခွင့်သည် မဲဆန္ဒပေးပွဲထက် ပို၍ အရေးကြီးသည်ဟု ပြောကြခြင်းဖြစ်သည်။ လွတ် လပ်စွာ ဆွေးနွေးနိုင်ပါက စစ်တပ်ရော၊ ပြည်သူလူထုရော အတွေးအခေါ် ပြောင်းလဲ လာနိုင်ဖွယ် ရှိပါသည်။

သို့သော်လည်း ဂျပန်နှင့် အင်္ဂလိပ်ကို ဗမာစစ်တပ်က တိုက်ထုတ်လိုက်သဖြင့် လွတ်လပ်ရေးရသည်ဟူ၍ ၀ိုင်းဝန်း လိမ်ညာဝါဒဖြန့် ထား သည့် သမိုင်းလိမ်မှုကဲ့သို့ အကျင့်ဖြစ်နေသော ကိစ္စများသည်တွင်မူ ပြည်သူ့ အတွေးအခေါ်သည် ချက်ချင်း ပြောင်းလဲသွားမည်မဟုတ်ပါ။ အချိန်ကြာမြင့်စွာ လက်ခံထားသော ယုံကြည်ချက်ကို စတင်ဆွေးနွေးပါက ပထမပိုင်းတွင် လက်ခံနိုင်ကြမည်မဟုတ်ပါ။

သို့သော်လည်း ယင်းအယူအဆကို အဆက်မပြတ် အလေးအနက် အပြန်အလှန် ဆွေးနွေးတင်ပြနိုင်ပါက ပြည်သူ တရပ်လုံး လက်ခံ စဉ်း စားသောအဆင့်သို့ ရောက်ရှိသွားနိုင်ပါသည်။ တဖက်သတ် ပြောဆိုမှုကိုသာ နားထောင်သည့် ဓလေ့ အားနည်းလာသည့်အခါတွင် အပြန် အလှန်ဆွေးနွေး၍ အဖြေရှာသောဓလေ့ ထွန်းကားလာမည်ဖြစ်ပါသည်။

ပြည်သူလူထုကိုယ်တိုင် အမှားအမှန်ကို ဆုံးဖြတ်နိုင်ရန်အတွက် ပထမဦးစွာ သတင်းမီဒီယာလွတ်လပ်မှု ရှိရပါ လိမ့်မည်။ အစိုးရ (သို့ မ ဟုတ်) ပုဂ္ဂလိက အဖွဲ့အစည်း အုပ်စုများ၏ နှောင့်ယှက်မှုကင်းရှင်းစွာ အယူအဆအတွေး အခေါ်နှင့် အချက်အလက်များကို သတင်းစာ၊ စာအုပ်၊ ရေဒီယို၊ ရုပ်မြင်သံကြားနှင့် ကွန်ပျူတာ ကွန်ချာများမှ ထုတ်ဖော်ပြောဆို ရေးသားပိုင်ခွင့် ရှိရပါလိမ့်မည်။

စာနယ်ဇင်းလွတ်လပ်မှု Freedom of the press ကို ပုံနှိပ်စက်ပေါ်ပေါက်သည့် (၁၅) ရာစုမှာစ၍ အပြင်းပွား လာခဲ့ပါသည်။ အကြောင်းမှာ စာရေးခြင်းအတတ်သည် လူသား၏ စိတ်ကို ဆွဲဆောင်နိုင်သောကြောင့်ပင် ဖြစ်ပါသည်။ ယခုခေတ်တွင် ပုံနှိပ်သတင်းစာသာမကတော့ဘဲ နည်းမျိုးစုံဖြင့် သတင်းဖြန့်ချိနိုင်သဖြင့် သတင်းမီဒီယာ ပို၍ အားကောင်းလာပါသည်။ ထိုကြောင့် သတင်းမီဒီယာကိုသုံး၍ အစိုးရ ဆန့် ကျင်ရေးလုပ်မည်ကို ကြောက်ရွံ့သော အစိုးရများ ရှိလာပါသည်။

သတင်းမီဒီယာ၏ စွမ်းအားကိုသိသော အာဏာရှင်အစိုးရများသည် စာနယ်ဇင်းလွတ်လပ်မှုကို ပိတ်ပင်ထားကြပါ သည်။ ဗမာ စစ်အစိုးရ နှင့် ကွန်မြူနစ် အစိုးရ သည် သတင်း မီဒီယာကို အစိုးရ ပိုင်လုပ်ပြီး ၀ါဒဖြန့် ရာ၌ အသုံးပြုနေ၏။ လွတ်လပ်သော သတင်း မီဒီယာ ရှိပါက အာဏာရှင် စနစ် သက်ဆိုး ရှည်မည် မဟုတ်ပါ။

ဒီမိုကရေစီစနစ်ကို အပြည့်အ၀ ကျင့်သုံးသော နိုင်ငံများတွင်သာ သတင်းမီဒီယာ လွတ်လပ်မှုရှိပါသည်။ အယူအဆချင်း ဖလှယ်ရန်နှင့် အ စိုးရ ထင်သလိုမလုပ်နိုင်ရန် သတင်းမီဒီယာလွတ်လပ်မှု ရှိရပါလိမ့်မည်။ နိုင်ငံရေး၊ လူမှုရေးကိစ္စတွင်သာမကဘဲ စီးပွားရေး၊ ယဉ်ကျေး မှု၊ ဘာသာရေးနှင့် သိပ္ပံရေး ရာများတွင်ပါ လွတ်လပ်စွာ တွေးခေါ် ပြောဆို ခွင့်ရှိရန် လိုအပ်ပါသည်။


မည်သို့ပင်ဖြစ်စေ ဘန်ကီမွန်း မြန်မာနိုင်ငံသို့ သွားသင့်သည်

အောင်ဇော်

ကုလ သမဂ္ဂ အထွေထွေ အတွင်း ရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း မြန်မာ နိုင်ငံသို့ သွားသင့် ပါသလား။ ကျနော် ကတော့ ချက်ချင်းပင် သွား သင့် သည်ဟု အဖြေပေး ရပါ လိမ့် မည်။ ဤသို့ သွားလျှင်ဖြင့် အဓိပ္ပာယ် ရှိသော ရလဒ် တစုံတရာ ထွက်ပေါ် လာစရာ အကြောင်း ရှိပါ သလား။ ကျနော့် အဖြေ ကတော့ မမြင် မိပါဟု ဆိုရ လိမ့်မည်။ သို့ဆိုလျှင် မည်သည့် အတွက် ကြောင့် မစ္စတာ ဘန်ကီမွန်း သွားသင့် ပါသနည်း။

စစ်အစိုးရက နိုဗဲလ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို လိမ်ညာ အကွက်ဆင်၍ တရားစွဲဆိုခဲ့ပြီးနောက်ပိုင်းတွင် ဤဖြစ်ရပ်က မြန်မာပြည်၏ လူပြန်ပေးဆွဲထားခံရသည့် ဇာတ်လမ်းတပုဒ်ပမာဖြစ်ကြောင်း ပိုမိုထင်ရှားလာခဲ့သည်။ ဤသို့ သော အကျပ်အတည်း အခြေအနေတွင် ကျွမ်းကျင်လိမ္မာသည့် ညှိနှိုင်းဖြန်ဖြေရေးသမားတဦး လိုအပ်နေပြီ ဖြစ်ပါသည်။

မစ္စတာဘန်ကီမွန်းက မြန်မာနိုင်ငံသို့ တဖန်ပြန်လာလိုသည့် ဆန္ဒရှိကြောင်း သေချာရှင်းလင်း ထုတ်ဖော်ပြောဆိုထားဖူး သည်။ ပြီးခဲ့သည့်အပတ်က ထွက်ပေါ်လာသည့် သတင်းများအရ စစ်အစိုးရဘက်ကလည်း သူ့ကို လာမည့်ဇူလိုင်လတွင် လက်ခံတွေ့ဆုံရန် အသင့်ရှိနေသည်ဟု ကြားသိလာရသည်။

သို့သော်လည်း ကုလအထွေထွေအတွင်းရေးမှူးချုပ်က စိုးရိမ်ပူပန်နေသည်။ ယခုခရီးစဉ်က ရလဒ်များများစားစား ထွက် ပေါ်လာဖွယ် မရှိ။ ထိုမျှမက စစ်အစိုးရက ၀ါဒဖြန့်ချိရေးရည်ရွယ်ချက်ဖြင့် အသုံးချခံရဖွယ်ရှိကြောင်းကိုလည်း ကုလသမဂ္ဂ ဌာနများက အကြံပြုလာကြသည်။ သို့အတွက်ကြောင့် ဆက်လက်၍ မည်သည့်အစီအစဉ်မှ ပြုလုပ်ဆောင်ရွက်ခြင်းမရှိသေး ဟု ဆိုသည်။

ကုလဌာနချုပ်၌ သဘောထား အမျိုးမျိုးကွဲလွဲနေကြသည်ဟုလည်း ဆိုသည်။ မစ္စတာဘန်ကီမွန်း သွားသင့်၊ မသွားသင့် ၀ိရောဓိ ဖြစ်နေကြသည်ဟု ကြားရသည်။ အဆိုးမြင်သူများက အကယ်၍သူသွားလျှင်လည်း လက်ချည်းဗလာ ပြန်လာရ လိမ့်မည်ဟု ဆိုနေကြသည်။

မြန်မာနိုင်ငံမှ ထင်ရှားသည့် အတိုက်အခံနိုင်ငံရေးသမားတဦး ဖြစ်သည့် ဦးဝင်းတင်က လွန်ခဲ့သည့်အပတ်က မိမိသို့ ပြော ကြားခဲ့ရာတွင် မြန်မာပြည်ခရီးစဉ် မလာမီတွင် မစ္စတာ ဘန်ကီမွန်းက အသေအချာ“အိမ်စာ” ပြုလုပ်ခဲ့ရန်လိုအပ်သည်ဟု အကြံ ပေးပါသည်။ ယခုခရီးစဉ်ကို ထောက်ခံသူများကမူ ကုလ အထွေထွေအတွင်းရေးမှူးချုပ်၏ တာဝန်ဝတ္တရားများတွင် မည် သည့် ရလဒ်ထွက်ပေါ်သည်ဖြစ်စေ၊ မထွက်ပေါ်သည်ဖြစ်စေ ပဋိပက္ခဖြစ်ပွားနေရာ ဒေသများသို့ သွားရောက်ကြည့်ရှု ခြင်းလည်း ပါဝင်သည်ဟု ဆိုကြပါသည်။

မြန်မာနိုင်ငံမှ မစေ့စပ်စတမ်း ခေါင်းမာကြသည့်၊ နိုင်ငံတကာ သဘောထားကို နားမထောင်နိုင်ဘဲ ရှိနေကြသည့် ဗိုလ်ချုပ် ကြီးများကို ကြည့်၍ မစ္စတာဘန်ကီမွန်းကိုယ်နှိုက်က တွန့်ဆုတ်နေပုံရသည်ကို နားလည်မှု ပေးနိုင်ပါသည်။
သူ၏ အထူးသံ မစ္စတာ အီဗရာဟင် ဂန်ဘာရီ၏ ပြီးခဲ့သည့်ကာလက မြန်မာပြည် ခရီးစဉ်များသည်လည်း အကျအရှုံးနှင့် သာ အဆုံးသတ်ခဲ့ရပါသည်။ နိုင်ဂျီးရီးယားနိုင်ငံသား ကုလအရာရှိတဦးအတွက် သိက္ခာများ အလဟဿ ပုံပေးလိုက်ရ သည့်နှယ် ရှိနေခဲ့ပါသည်။

စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်အပေါ် မတရားပြုမူနေပုံကို မစ္စတာဂန်ဘာရီက ယခုနောက်ဆုံးတိုင် တလုံးတပါဒ ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပါ။ ထို့ထက်မက မြန်မာပြည်ရေးရာနှင့် ပတ်သက်၍ သူနားမလည်ကြောင်း သက်သေ အထောက်အထား မြောက်များစွာ ရှိနေပါသေးသည်။ ဤသို့ဖြင့် မြန်မာစစ်အစိုးရဘက်ကရော၊ အတိုက်အခံများကပါ သူ့ အပေါ် ယုံကြည်မှုပျက်လာကြသည်မှာ အံ့သြဖွယ်အချက် မဟုတ်တော့ပါ။ သူက နောက်ဆုံး ရယ်မောစရာ လူပြက်သဖွယ် ဖြစ်နေရပါ တော့သည်။

ထို့အတွက်ကြောင့်လည်း မစ္စတာဘန်ကီမွန်း အနေနှင့် ဂန်ဘာရီ၏ အမှားမျိုး နောက်ထပ်မလိုက်မိစေရန် လိုအပ်ပါသည်။

လွန်ခဲ့သည့်နှစ် နာဂစ်ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်စဉ်က မစ္စတာဘန်ကီမွန်းနှင့်အဖွဲ့တို့ မုန်တိုင်းသင့် ဒေသများသို့ သွားရောက်ကြည့်ရှုခဲ့ကြပါသည်။ ယခင်တကြိမ် ခရီးစဉ်အတွင်း လူအများက အဖုံဖုံတုံ့ပြန်မှုများဖြင့် ကြုံခဲ့ရပါသည်။ စစ်ဗိုလ်ချုပ်များ ငြိုငြင်မည်စိုးသောကြောင့် ဒေါ်အောင်ဆန်းစုကြည်၏ အမည်ကို လုံးဝထုတ်ဖော်ပြောဆိုခြင်း မရှိ ခဲ့သည့် အတွက်ကြောင့်လည်း အတိုက်အခံအင်အားစုများက သူ့အပေါ် ဒေါသဖြစ်ခဲ့ကြရပါသည်။

ယခုတကြိမ် မစ္စတာဘန်ကီမွန်း မြန်မာနိုင်ငံသို့ သွားမည်ဆိုပါက ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေး အကျဉ်းသား ၂,၀၀၀ ကျော် လွတ်မြောက်ရေးသည် ဆောင်ရွက်ရန် အဓိက တာဝန်တခု ဖြစ်ရပါလိမ့်မည်။ ခရီးစဉ်တကြိမ်တည်းနှင့် ဤသို့အဖြေ ထွက် အောင်မြင်လာမည်လောဟု သံသယဖြစ်ဖွယ် ရှိနေပါသည်။ သို့သော်လည်း သူက မြန်မာစစ်ခေါင်း ဆောင်များကို အပြတ်သားဆုံး သတင်းစကားပါးရန် လိုအပ်ပါသည်။ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် သူကိုယ်တိုင်ကတောင်းဆိုရန် လိုအပ်ပါသည်။

ပထမအချက်အနေနှင့် သူပြုလုပ်ရမည့်လုပ်ငန်းများအတွက် အသေအချာပြင်ဆင်ရန်(အိမ်စာ)လိုအပ်ပါသည်။ အခြေ အနေကို အပြည့်အစုံ နားလည်ရန် လိုအပ်ပြီး အခွင့်အလမ်းများနှင့် ပြဿနာများကိုလည်း ခွဲခြားသိရန် လိုအပ်ပါသည်။

သူနားလည်ထားရန် လိုအပ်သည့်အချက်မှာ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ ၂၀၁၀ ခုနှစ် ရွေး ကောက်ပွဲကာလ မတိုင်မီ လွတ်မြောက်လာစေရေး ကိစ္စမျှသာမက၊ ဤရွေးကောက်ပွဲတွင် အင်အားစုအားလုံး ပါဝင်နိုင် စေရေးအတွက်လည်း သေချာစေရန် ဖိအားပေးရမည် ဖြစ်သည်။ ကုလသမဂ္ဂက စစ်အစိုးရ၏ လမ်းပြမြေပုံတွင် အင်အားစု များ အားလုံးပါဝင်နိုင်စေရန် တောင်းဆိုထားခဲ့ပြီး ဤအချက်ကိုလည်း စစ်အစိုးရက စိုးစဉ်းမျှ နားမထောင်ခဲ့ပါ။ လျစ်လျူရှု ထားခဲ့ပါသည်။

ထိုမျှမက မစ္စတာ ဘန်ကီမွန်းက စီးပွားရေးနှင့် လူမှုရေးကပ်ပြဿနာများကိုလည်း ကြည့်ရှုဖြေရှင်းပေးရန် လိုအပ်နေသေး သည်။ မြန်မာနိုင်ငံရှိ တိုင်းရင်းသားလူမျိုးစုများ၏ ပြဿနာနှင့် အပစ်ရပ်အဖွဲ့များနှင့် စစ်အစိုးရအကြား ပဋိပက္ခကိုလည်း သေချာလေ့လာ ကိုင်တွယ်ရန် လိုအပ်နေပါသည်။ ဤပြဿနာများကို စေ့ငုစွာ နားလည်နိုင်ရေးအတွက်ဆိုလျှင် သူက တိုင်းရင်းသားလူမျိုးစုများ၏ ဒေသများသို့ ကိုယ်တိုင်ကိုယ်ကျ သွားရောက်ကြည့်ရှုရန် လိုအပ်ပြီး ဒုက္ခသည်များစွာနှင့် အန္တရာယ်မှ ကင်းလွတ်စေရန် ရွှေ့ပြောင်းထွက်ပြေးနေကြရသူများ၏ ဒေသများသို့လည်း သွားရောက်စစ်ဆေးကြည့်ရှုရန် လိုအပ်နေပါသည်။

သိသာထင်ရှားသည့် ရလဒ်ပေါ်ထွက်လာစေရန် သူက မဟာဗျူဟာ အသေအချာ ချမှတ်ရေးဆွဲရန်လိုအပ်ပြီး တိကျ သေချာသည့် အချိန်ဇယားလည်း လိုအပ်ပါသည်။ မြန်မာနိုင်ငံတွင် ငြိမ်းချမ်းစွာ နိုင်ငံရေးပြဿနာများ ပြေလည်စေရေး ကိစ္စကို ခေါင်းထဲထည့်၍ စစ်အစိုးရခေါင်းဆောင်များချည်းကသာ နိုင်ငံကိုကယ်တင် ဆယ်မနိုင်လိမ့်မည် မဟုတ်ကြောင်း သိထားရမည် ဖြစ်ပါသည်။

သူပြောလိုသည့် သတင်းစကားကို ပါးနိုင်ရန်အတွက် သူက တင်းတင်းမာမာ ဆက်ဆံနိုင်ရန်လည်း လိုအပ်ပါသည်။ ဤ နေရာတွင် " မြန်မာနိုင်ငံ အရေးကိစ္စနှင့် ပတ်သက်၍ အထွေထွေအတွင်းရေးမှူးချုပ်၏ မိတ်ဆွေနိုင်ငံများ" ၁၄ နိုင်ငံထံမှ ကျောထောက်နောက်ခံ ပံ့ပိုးမှုရရန် လိုအပ်ပါသည်။ ဤအဖွဲ့ဝင်များနှင့် လွန်ခဲ့သည့် ၂၀၀၇ ခုနှစ်မှစ၍ ဆွေးနွေးညှိနှိုင်း မှုများ ပြုလုပ်လာခဲ့ရာ သူတို့ကိုလည်း သေချာတိုက်တွန်းသင့်သည်။ ထိုမျှမက ဒေသအတွင်းရှိ အရေးပါသည့်နိုင်ငံ အစိုးရ များထံမှလည်း ထောက်ခံမှုအပြည့်အ၀ရရှိရန် လိုအပ်ပါသည်။

မည်သို့ပင်ဖြစ်စေ မစ္စတာဘန်ကီမွန်းက အသေအချာ အိမ်စာမဆောင်ရွက်သွားပါက သူကြုံတွေ့ရနိုင်သော အန္တရာယ်မိုင်း ကွင်းလည်း ရှိနေပါသေးသည်။ သူ၏ ခရီးစဉ်ကို စစ်အစိုးရက အသုံးချနိုင်သေးသည်။ အောင်မြင်မှုမရှိဘဲ ပြန်လာရပြီး လူ အများပြောင်လှောင်ခံရဖွယ်၊ အရှက်ရဖွယ် အခြေအနေလည်း ရှိနေပါသေးသည်။

ဤနေရာတွင် ယခင်သူ မြန်မာပြည်သို့ စေလွှတ်ခဲ့သည့် အထူးသံ ကိုယ်စားလှယ်ထံမှလည်း လေ့လာ သင်ခန်းစာထုတ်ယူ နိုင်ပါသေးသည်။ ပြီးခဲ့သည့် အနှစ် ၂၀ ကာလအတွင်း မြန်မာနိုင်ငံသို့ ကုလသံအရာရှိများ၊ ကိုယ်စားလှယ်များ မည်မျှ သွား ရောက်ခဲ့ကြပါပြီနည်း။ ခရီးတကြိမ်တိုင်းသာ ရလဒ်များပေါ်ထွက်လာခဲ့မည်ဆိုပါက ကျနော်တို့ ယခု ဒုက္ခကြုံရစရာ အကြောင်း မရှိတော့ပေ။ အခြေအနေက များစွာတိုးတက်ကောင်းမွန်နေပြီး မစ္စတာ ဘန်ကီမွန်း၏ အကူအညီကိုပင် လိုအပ် တော့မည် မထင်ပေ။

ဤသို့ အပြုသဘောဆောင်သည့် ရလဒ်များ မတွေ့ရရုံမျှမက နိုင်ငံရေး အကျဉ်းသားများ လွန်ခဲ့သည့် ဆယ်စုနှစ် အတွင်း ပိုမိုများပြားလာသည်ကိုသာ ထူးခြားစွာကြုံတွေ့ခဲ့ရပါသည်။ တိုင်းရင်းသားလူမျိုးစုများအပေါ် ရာဇ၀တ်မှုများ ပို၍ကျူးလွန် လာသည်ကိုသာ ကြုံတွေ့ခဲ့ရပါသည်။ နိုင်ငံ၏ လူမှုရေးအခြေအနေမှာလည်း ယိုယွင်းကျဆင်းလာနေပြီး မြန်မာနိုင်ငံသည် ယခု အခါ ကြောက်မက်ဖွယ် လူရူးများအုပ်ချုပ်နေသည့် ပြဿနာ ဗရပွနှင့် နိုင်ငံဖြစ်နေသည်။

အမှန်ပြောရလျှင် မစ္စတာဘန်ကီမွန်း မြန်မာနိုင်ငံသွားလျှင်လည်း လက်ချည်းဗလာ ပြန်လာရဖို့သာ ရှိပါသည်။ ကောက် ကျစ်လှသည့် ဗိုလ်ချုပ်များက လှည့်စားလိုက်သည်ကို ကြုံရဦးမည် ဖြစ်သည်။ စစ်ဗိုလ်ချုပ်ကြီးများက သူတို့၏လမ်းပြမြေပုံ အကြောင်း ရှည်ရှည်လျားလျား ဟောပြောပို့ချသည်ကို နာကြားရဖွယ်ရှိပြီး ကုလသမဂ္ဂက စစ်အစိုးရကို ထောက်ခံနေ သယောင် အတူတွဲ၍ ဓာတ်ပုံအရိုက်ခံရ၊ ဖော်ပြခံရဦးမည်လည်း ဖြစ်သည်။ ယခင်ကလည်း ဤကဲ့သို့ ပြုမူ အသုံးချခဲ့ပြီး ဖြစ်သည်။

အကယ်၍ မစ္စတာဘန်ကီမွန်းသည် ထိရောက်စွမ်းဆောင်နိုင်သည့် ဆွေးနွေးညှိနှိုင်းရေးသမား ဖြစ်လိုပါက သူက စင်မြင့် ပေါ်တက် ရဲရဲဝံ့ဝံ့ရင်ဆိုင်၍ ဗိုလ်ချုပ်သန်းရွှေကို တွေ့ဆုံ စိန်ခေါ်သင့်ပါသည်။ အကယ်၍ စစ်အစိုးရက လိုက်နာရန် ငြင်းဆန် နေပါကလည်း နောက်ဆက်တွဲကြုံရမည့် ဆိုးကျိုးများကို သေချာသတိပေးပြောပြရန် လိုအပ်ပါသည်။

ဤစဉ်းစားချက်အရဆိုလျှင် မည်သည့်အကြောင်းပြချက်ဖြင့် ကြည့်ကြည့် မစ္စတာဘန်ကီမွန်း မြန်မာနိုင်ငံသို့ သွားရောက် သင့်ပါသည်။ ကမ္ဘာတခုလုံးက မျှော်လင့်ချက်အပြည့်ဖြင့် စောင့်စားနေကြချိန် ဖြစ်သည်။ စစ်အစိုးရ၏ စိန်ခေါ်မှုကိုလည်း ထိပ်တိုက်ရင်ဆိုင်ရတော့မည့် အချိန် ဖြစ်ပါသည်။

အောင်ဇော် ရေးသားသည့် Cost what it May, Ban Ki-moon Must Go to Burma ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြပါသည်။

အရှုံးမပေးသူများ

ဒေလီထက်၊ နှောင်းလှိုင်

ထိုင်း - မြန်မာ နယ်စပ် ကရင်နီ တွေထိန်းချုပ် ထားတဲ့ ကျေးရွာလေး တရွာက ၀ါးထရံ တွေနဲ့ သာမန် ဆောက်လုပ် ထားတဲ့ အိမ်လေး အ တွင်း မှာတော့ လူနှစ်ယောက် မျက်နှာချင်းဆိုင် ထမင်း လက်ဆုံ စားနေ ကြပါတယ်။

ထူးခြားတာကတော့ တယောက်က လက်နှစ်ဖက် ပြတ်နေပြီး ကျန်တဲ့ တယောက်ကတော့ မျက်စေ့ နှစ်ဖက်လုံး မမြင်တော့တာပဲ ဖြစ်ပါတယ်။ သူတို့တွေဟာ မျက်စိနှစ်ကွင်းလုံး မြင်နိုင်စွမ်းမရှိတော့တဲ့ အတွက် ခင်မင်သူ သူငယ်ချင်းတွေက ထီးဆိုင်လို့ နာမည်သွင်ခေါ်ဆိုခြင်းခံရတဲ့ ဆိုတေးရိုနဲ့ လက်နှစ်ဖက်လုံး မရှိတော့တဲ့ ဦးရယ် တို့ပဲ ဖြစ်ပါတယ်။

ဦးရယ်ကတော့ ပြတ်နေတဲ့လက်နှစ်ဘက်အစား ဟင်းခူးဇွန်းကြီးတစ်ချောင်းကို ကော်ပိုက်လုံးနဲ့ ဆက်ပြီး ထမင်း၊ ဟင်းတွေကို ခူးခပ်စားသောက်နေပါတယ်။ မျက်လုံးနှစ်လုံးစလုံး မမြင်တော့တဲ့ ဆိုတေးရိုကတော့ ထမင်းဟင်း ပန်းကန်တွေကို တယောက်ယောက်က ရွေ့လိုက်ရင် ရှာမတွေ့တော့ပါဘူး။

လက်နှစ်ဖက် မရှိတော့တဲ့ ဦးရယ်က “ကိုယ့်ဟာကို ထွင်ပြီးလုပ်ထားတာ ကျနော်စဉ်းစားတယ် ကျနော့် အတွက် ဒ်ီလိုကောင်းတယ် ဆိုပြီး သူများကိုပြောပြတော့ သူတို့လုပ်ပေးတယ်” လို့ပြောပြပါတယ်။

အခုလို သူတို့တွေ ဒုက္ခိတဘ၀ကို ရောက်လာရတာဟာ မြန်မာနိုင်ငံရဲ့ မပြီးဆုံးသေးတဲ့ ပြည်တွင်း စစ်မှာ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ မြန်မာစစ်တပ်တို့ကြား အပြန်အလှန်မိုင်းထောင်တဲ့ အတွက် ထိမိကြတာဖြစ်ပါတယ်။

သူတို့တွေဟာ ကရင်နီတပ်မတော်အတွက် အသက် ၁၉ နှစ်အရွယ်လောက်မှာ တာဝန် ၀င်ရောက် ထမ်းဆောင်ရင်း ကိုယ်တိုင် ပြုလုပ်ရတဲ့ ဓါတ်ခဲမိုင်း၊ လီပိုမိုင်းတွေကို သွားရောက် ထောင်ရာကနေ ထိခိုက်မိသွားခြင်းဖြစ်ပါတယ်။

၁၉၉၆ ခုနှစ်အချိန်က ရန်သူသွားနိုင်တဲ့ လမ်းတွေနားကို ကိုယ်တိုင်ကိုယ်ကျ သွားရောက် ထောင်ရာမှ စတင်ပြီး စူးရှကျယ်လောင်လှတဲ့ ဗုံးပေါက်ကွဲသံကို ကြားလိုက်ရတဲ့ ၁ စက္ကန့်အချိန်လောက်မှာပဲ သူ့တို့ရဲ့ဘဝ တလျှောက် လုံးဆုံးရှုံးလိုက်ရပြီး ဒုက္ခိတမျက်မမြင် ဘ၀နဲ့ လက်နှစ်ဖက် စလုံးမရှိတော့တဲ့ ဘ၀ကို ရောက်ရှိသွားလို့နေပါတယ်။

ထိုင်းနဲ့ ကရင်နီနယ်စပ် တလျှောက်မှာဆိုရင် မြန်မာစစ်အစိုးရတွေ ထောင်ထားတဲ့ မြေမြုပ်မိုင်း ၃၀၀၀ နီးပါး လောက် ရှိတယ်လို့ ကရင်နီဒေသမှ မြန်မာ့ရေးရာ အစီစဉ်ရေးဆွဲရေးကော်မတီဝင် ဆရာတော်ရယ် ကပြောပါ တယ်။

“ကျနော်သိတာကတော့ အခြားအဖွဲ့အစည်းတွေကတော့ သူတို့တပ်စခန်း လုံခြုံရေးအတွက် အကုန်လုံး အသုံးပြု ကြတယ်။ ဒါပေမယ့် သူတို့ရဲ့ မြေမြုပ်မိုင်းအရည်အချင်း တွေက ကွာကြတယ်။ ဥပမာ ကေအဲန်ပီပီနဲ့ ကလလတ မိုင်းတွေဆိုရင် အရည် အချင်း ပုံစံက လက်လုပ်ပဲ။ ဓါတ်ခဲနဲ့လုပ်ပြီး မိုးရွာပြီးရင်၊ ဒါမှမဟုတ် ကောင်းကောင်း မချီပိတ်ထားရင် သိပ်ကြာရှည် မခံဘူး” လို့ပြောသွားပါတယ်။

ကရင်နီအမျိုးသား တိုးတက်ရေးပါတီ ဥက္ကဌ ခူထဲဘူးဖဲကတော့ ကရင်နီဒေသအတွင်း စစ်ဖြစ်ပွားရာ ဇုံတွေမှာ တော့ မြေမြုပ်မိုင်း ၁ သောင်းပတ်ဝန်းကျင်းလောက်ရှိမယ်လို့ ပြောပါတယ်။

အခုလို ဒေသအတွင်းမှာ မြေမြုပ်မိုင်း အများအပြာထောင်ရတာဟာ တပ်လုံခြုံရေးအတွက်၊ လောပိတ လုံခြုံရေးအတွက်နဲ့ နယ်စပ်ဒေသမှာဆိုရင်တော့ စစ်သားတွေရဲ့ လုံခြုံရေးအတွက် ထောင်ထားတာဖြစ်ပြီး နိုင်ငံရေး ပြဿနာပြေလည်ခြင်း မရှိသေးတဲ့ ကာလပတ်လုံးမှာ အခုလိုမြေမြုပ်မိုင်းထောင်ထားတာနဲ့ ပတ်သက်ပြီး ဘယ်လိုမှဖြေရှင်းလို့မရနိုင်ဘူးလို့ ခူထဲဖူးဖဲက ဆက်လက်ပြောသွားပါတယ်။

မြေမြုပ် မိုင်းတွေအများအပြာ ရှိနေတဲ့အတွက် ရဲဘော်တွေအပြင် ကရင်နီလူထုတွေလည်း မိုင်းတွေကို မကြာခဏ နင်းမိတဲ့ အခက်အခဲ အန္တာရာယ်တွေနဲ့ရင်ဆိုင် ကြုံတွေ့နေရပါတယ်။ ၁၉၉၀ ခုနှစ်မှ စကာ ၂၀၀၈ ခုနှစ်အထိ မိုင်းဒဏ်ကြောင့် ဒုက္ခိတဘ၀ကို ရောက်ရှိသွားတာ လူဦးရေ ၈၁ ယောက်ရှိတယ်လို့ မသန်မစွမ်း ပြုစုပျိုးထောင် ရေး တာဝန်ခံက ပြောပါတယ်။

ဒုက္ခိတဘ၀ကိုရောက်သွားသူတွေကို စိတ်ဓါတ်မကျနိုင်ရေးအတွက် အချင်းချင်း အားပေးမှုတွေကို ပြုလုပ်ပေး ပါတယ်။

သူတို့စိတ်ဓါတ်ပျော်ရွှင်မှုရှိအောင် တခါတလေ သူတို့အတွက် NGOs အဖွဲ့အစည်းတွေထံ ဂစ်တာ သွားတောင်း ပေးတယ်။ သူတို့တွေအပျင်းပြေ ဂစ်တာတီးနိုင်အောင်လို့ တောင်းယူ ပေးတာတွေရှိပြီး တဖက်နည်းလမ်းနဲ့ စိတ်ဓါတ်မြင့်တင်ပေးလေ့ရှိပါတယ်။

“ကျနော်တို့လည်း အားပေးစကားအမြဲတမ်း ပြောကြတာပဲလေ။ အမြဲတမ်းထိတွေ့ကြတယ် လူတစ်ယောက် စိတ်ဓါတ်မကျအောင် ထိတွေ့တယ်၊ စကားပြောတယ် နောက်သူ ဘာတွေလုပ်ချင်သလဲ ဥပမာ ခြံလုပ်ချင်လား ကြက်၊ ဝက်မွေးချင်လား အစစအရာရာပေါ့” လို့ မသန်မစွမ်း ပြုစုပျိုးထောင်ရေး တာဝန်ခံက ပြောသွားပါတယ်။

“ဒုက္ခိတတွေဟာ များသောအားဖြင့် စိတ်ဓါတ်တက်ကြွကြပါတယ် စိတ်ခိုင်မာကြတယ်” လို့ ဘဝကို ဘယ်တော့မှ အရှုံးမပေးသော ညာခြေတဖက်ပြတ်နေတဲ့ HI တာဝန်ခံ တဦးက ဝင့်ကြွားစွာ ပြောပါတယ်။

သာမာန် ခြေတဖက်ပြတ်နေသော ဒုက္ခိတ တဦးဟာ ဘယ်လောက် ခက်ခဲသလဲဆို “သူများ တစ်နာရီ သွားတာကို ကိုယ်က နှစ်နာရီလောက်ကြာကြာသွားမှရောက်တယ်” လို့ သူက ဆက်ပြော ပါတယ်။

ခြေတဖက်ပြတ်တဲ့ လူက အဲလိုဖြစ်နေတာကို ကြည့်ပြီး လက်နှစ်ဖက်စလုံး ပြတ်နေသော ဦးရယ်နှင့် မျက်လုံး နှစ်ဖက်စလုံး ကန်းနေပြီး ခြေလက်သိပ်မသန်စွမ်းဖြစ်နေတဲ့ ထီးဆိုင်တို့ဘဝက ဘယ်လောက် ခက်ခဲလိမ့်မယ် ဆိုတာ ပေါ်လွင်နေပါတယ်။

ချက်ထားပြီးသား ထမင်းဟင်းတွေကို အခန့်သား ခူးခပ်စားသောက် နေရပေမယ့် လွယ်လွယ် ကူကူ ချောချော မွတ်မွတ်ဖြစ်အောင် စားသောက်နိုင်ဖို့ သူတို့လိုလူတွေအတွက်ကတော့ မလွယ်လှတဲ့ အလုပ်တခုပဲဖြစ်ပါတယ်။

အခုလိုလွယ်ကူချောမွတ်စွာ စားသောက်နိုင်ဖို့အတွက် တော်တော်လေး ရုန်းကန်ကြိုးစားခဲ့ရတယ်လို့ ဦးရယ်က ပြောပါတယ်။

အခုလို ကော်ပိုက်လုံးနဲ့ တပ်ထားတဲ့ ဇွန်းကြီး မရှိသေးတဲ့အချိန်မှာ သူငယ်ချင်းတွေက ထမင်း တွေကို ခွန့်ကျွေး ရတဲ့အတွက် ပါးစပ်ထဲကထမင်းလုံးတွေ ရှိနေဆဲအချိန်မှာ ထပ်ထည့်ပေးတယ်၊ နောက်တခါ တလေ ထမင်းလုံး တွေကုန်နေပြီ မထည့်ပေးဘူး အဲလိုပဲစောင့်နေရတယ်။ အဲလိုမျိုးအချိန်မှာ ထမင်း စားရတာအားမရတဲ့အပြင် စိတ် မရှည်စွာနဲ့ ခံစားရတယ်လို့ ပြောပါတယ်။

မျက်လုံးနှစ်လုံးစလုံး ကွယ်သွားတဲ့ ထီးဆိုင်လို့ အများက နောက်ပြောင်ခေါ်တဲ့ ဆိုတေးရိုအတွက် ကလည်း အခက်အခဲတွေ အများကြီး ကြုံခဲ့ရတာပါ။

“အရှေ့မှာဘာရှိလဲ လူလာလား နောက်မှာ လူရှိလား နားကို အဓိကအသုံးပြုရတယ်။ လူအများကြားမှာ မသွား ချင်ဘူး ကိုယ်သွားနေရင်းနဲ့ သူများအသံကြားးရရင် မသွားတတ်တော့ဘူး”

သာမာန်လူ ရှိနေတဲ့ လူလည်ခေါင်ကြားမှာ ကိုယ့်ကို မနေချင်လောက်အောင် စိတ်ထဲမှာ ဒါဏ်ခတ် ထားသကဲ့သို့ ဖြစ်နေတဲ့ ဦးရယ်ဟာ စိတ်ကို ဖြေဖျောက်နိုင်ရန်အတွက် အရက်ကို စိတ်အင်အား ဖြည့်တဲ့အနေနဲ့ သောက်ခဲ့ မိတယ်လို့ ပြောပြပါတယ်။

ကြာလာတော့မှ အကျင့်ရှိသွားပြီး သက်သာသွားတယ်လို့ ပြောကြပါတယ်။

အခုအချိန်မှာ ဦးရယ်ဟာပြတ်နေတဲ့ လက်ဖျံကို ကော်ပိုက်လုံး ဇွန်းကြီးတပ်ပြီး အကူအညီမရှိ သော်လည်း အခက်အခဲမရှိပဲ စားသောက်နိုင်နေပါပြီ။

ဒါပေမယ့်လည်း ဒုက္ခိတဘ၀ဆိုတာ လွယ်လွယ်လေး မဟုတ်ပါဘူးလို့ မျက်စိမမြင်တော့တဲ့ ထီးဆိုင်ခေါ် ဆိုတေးရိုက ပြောပါတယ်။

“ဘဝကို အရှုံးမပေးဘူးဆိုတာတခါတလေ ပေါ်လာတယ် ပေါ်သည့်တိုင်အောင်လည်း အားကိုးလို့ မရတော့ ဘူးလားလို့ အဲလိုမျိုး ခံစားရတယ် အဲဒါကြောင့် ကျနော်ကတော့ စိတ်ညစ်ရင် ကိုယ့်စိတ်ကို ဘုရားနဲ့ပဲ ဖြေသိမ့် ရတယ်” လို့ ဦးခေါင်းကိုမော့ပြီး ပြောနေတဲ့ ထီးဆိုင်က မရေရာတဲ့ ခရီးကို ဆက်လျှောက်ဖို့ ဆုံးဖြတ်ထား ပါတယ်။

သူကအပြုံးကလေးနဲ့ “သူငယ်ချင်းက တခါခေါ်သွားပြီးရင် နောက်တခါ သွားတတ်တယ် အဲဒါဟာ ဘုရားပေးတဲ့ လက်ဆောင် လို့သတ်မှတ် ထားတယ်” လို့ ပြောနေတတ်ပါတယ်။

သာမန်လူတွေလို မဟုတ်တော့ပဲ ဒုက္ခိတဘ၀ကို ရောက်သွားတော့ စိတ်ဓါတ်ကျတာတွေ ရှိနေပေမယ့် ကိုယ့် ဘာသာ ကိုယ်ဖြေသိမ့်ရင်း ဘ၀ကိုအရှုံးမပေးပဲ ရင်ဆိုင်ကျော်လွှားနေကြ တဲ့သူတွေပါ။

“ကိုယ်ခံစားရလည်း ကိုယ့်ဟာကိုယ်ပဲပြန်ဖြေသိမ့်ရတယ်” လို့ မျက်မမြင်ထီးဆိုင်က ပြောပါတယ်။

လက်နှစ်ဖက်လုံးမရှိတော့တဲ့ ဦးရယ်ကလဲ “ဘာမှ မလုပ်တတ်တော့ဘူး ကိုယ့်စိတ်ကို ပျော်အောင် ထားရတော့ တာပဲ” လို့ပြောပါတယ်။

အသက်အားဖြင့် ၃၉ နှစ်နီးပါး ရောက်နေပြီဖြစ်တဲ့ ဦးရယ် နဲ့ ထီးဆိုင် တို့ကတော့ သာမာန်လူတွေ အတွက် အလေးမထားလောက်စရာ ကိစ္စတွေဟာ သူတို့အတွက်ကတော့ အမြဲတမ်း ခက်ခဲနေတတ်ပါတယ်။

ဒါပေမဲ့ ဘယ်လိုပဲ ဖြစ်ဖြစ် ဘဝဆိုတာ ဘယ်အခြေအနေရောက်ရောက် အရှုံးမပေးသမျှ မရှုံးဘူးဆိုတာ သူတို့ နှစ်ယောက်ရဲ့ ရုန်းကန်မှုတွေက သက်သေပြနေပြီမဟုတ်လား။…

ထိုင်းမြန်မာနယ်စပ် ဘုရားသုံးဆူမြို့တွင် လက်နက်ကြီးကျည်ဆံများ ကျရောက်ပေါက်ကွဲ

ကွန်းဟဒေ့

ယနေ့ ည ၈နာရီ မိနစ် ၂၀ ခန့်တွင် ထိုင်း မြန်မာ နယ်စပ် ဘုရားသုံး ဆူမြို့ အတွင်းတွင် လက်နက်ကြီး ကျည်ဆံ နှစ်လုံး ကျရောက် ပေါက်ကွဲ ခဲ့သည်ဟု သိရ သည်။

ဘုရားသုံးဆူမြို့အတွင်းသို့ လက်နက်ကြီး ကျည်ဆံသုံးလုံး ကျရောက်ခဲ့ရာ နအဖ စစ်တပ် ခလရ အမှတ် ၃၂ တပ်ရင်းရှေ့တွင် တစ်လုံးနှင့် သတင်းစုဆောင်းရေးတပ်ဖွဲ့ ရုံးကွင်းထဲတွင် တစ်လုံးပေါက်ကွဲကာ စုစုပေါင်း ကျည်ဆံနှစ်လုံး ပေါက်ကွဲခဲ့သည်။ နအဖစစ်ကြောင်း ၂ မှ လုံခြုံရေးချထားရာ တိုင်တစ်ရာ ဘုန်းကြီးကျောင်းအနားတွင် ကျရောက်သွားသော ကျည်ဆံတစ်လုံးမှာ မပေါက်ကွဲခဲ့ဟု ဘုရားသုံးဆူ မြို့ခံတစ်ဦးက ပြောသည်။

လက်နက်ကြီး ကျည်ဆံနှစ်လုံးပေါက်ကွဲမှုကြောင့် မြို့ခံများနှင့် နအဖစစ်သားများ တစ်စုံတစ်ရာ ထိခိုက်မရှိဟု အခြားမြို့ခံတစ်ဦးက ပြောသည်။

“သုံးလုံး ပစ်သွင်းလာတယ်ပဲလို့ကြားတယ်၊ တစ်လုံးက (Sb) ရုံးကွင်းထဲမှာ ပေါက်တယ်၊ လူတော့တစ်ယောက်မှ မထိဘူး၊ ကျည်ဆံအစအနကြောင့် မှန်တွေပဲ နည်းနည်းကွဲသွားတယ်၊ တပ်ကုန်းရှေ့မှာ ပေါက်တဲ့တစ်လုံးလည်း လူတစ်ယောက်မှ မထိဘူးလို့ ပြောနေကြတယ်၊ ပြီးတော့ စစ်ကြောင်း ၂ လုံခြုံရေးယူထားတဲ့ တိုင်တစ်ရာဘုန်းကြီးကျောင်းနားမှာ ကျတဲ့တစ်လုံးကတော့ မပေါက်ဘူးလို့ ကြားရတာပဲ၊ အတိအကျတော့ မပြောတတ်သေးဘူး၊ မနက်ဖြန်ကျမှ အခြေအနေအားလုံးကို သိနိုင်မယ်” ဟု ၄င်းက ပြောသည်။ မည်သည့် လက်နက်ကြီး ကျည်ဆံအမျိုးအစားဖြစ်သည်ကိုလည်း မသိရသေးဟု ၄င်းက ဆက်ပြောသည်။

ထိုသို့ လက်နက်ကြီးကျည်ဆံနှစ်လုံးပေါက်ကွဲမှုကြောင့် နအဖစစ်သားများနှင့် ရဲများက အရေးပေါ်လုံခြုံရေး ကင်းများချထားပြီး မည်သည့်အဖွဲ့မှ ပစ်လိုက်သည်ကိုလည်း နအဖတာဝန်ရှိသူများက လိုက်လံစုံစမ်း နေဆဲပင် ဖြစ်သည်ဟု ၄င်းတို့၏ အသိုင်းအဝိုင်းနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ယနေ့ မြန်မာ့ရေးရာ သတင်းများ June,29th,2009

( 47 )သတ္ထုတူးစီမံကိန်းကြောင့် ပအိုဝ်း အိုးအိမ်များ ပျက်စီးမည်ဟု PYO ပြော

( 46 )Deputy Commander dies of unknown causes

( 45 )A (H1N1) အတွက် ဆေးဝါးလုံလောက်ဟု ကျန်းမာရေး အရာရှိ ပြောဆို

( 44 )North Korea Can Allay Fear at Regional Forum

( 43 )ဒေါ်စုအမှု သက်သေနှစ်ဦးကို ဗဟိုတရားရုံးက ပယ်ချ

( 42 )Junta Criticized for Censoring Media

( 41 )ဦးတင်ဦးနှင့် ဦးဝင်းတင်တို့အား သက်သေထွက်ခွင့်မပြု

( 40 )Junta Officials Snub Mon Party Ceasefire Anniversary

( 39 )Former First Lady Bush, U2 Rockers Support Suu Kyi

( 38 )နိုင်ငံခြားသားအလုပ်သမား (၂) သန်းအား အလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်

( 37 )Aung San Suu Kyi told not to call witnesses

( 36 )Burma Confirms First Case of Swine Flu

( 35 )သတင်းစာ ဆရာကြီး လူထုဦးစိန်ဝင်း ပြောဆိုချက် အန်အယ်လ်ဒီ တုန့်ပြန်

( 34 )Appeal to Reinstate Witnesses for Suu Kyi Rejected

( 33 )မြို့တော်စည်ပင်ကြောင့် ရန်ကုန်မြို့ ညစ်ညမ်းနံစော်နေ

( 32 )Gambari Leaves Burma, Set to Report to Ban

( 31 )မြေအောက် ဥမင်တူးခြင်းသည် မြောက်ကိုရီးယား လမ်းစဉ် လိုက်ခြင်းလော

( 30 )ဝက်တုပ်ကွေးကာကွယ် နှာခေါင်းစည်းများ ရောင်းကောင်း

( 29 )ရတနာပုံအပြင် ရန်ကုန်နဲ့ မကွေး ဘယ်သူ ဗိုလ်လုပွဲ ရောက်မလဲ

( 28 )U2 to launch tour with Suu Kyi in audience

( 27 )ဝက်တုပ်ကွေးအသိ မြန်မာပြည်တွင် အားနည်းသည်ဟုဆို

( 26 )Thailand burns six tons of drugs

( 25 )တုပ်ကွေးသတင်း လိုက်သူ သတင်းထောက် ထိန်းသိမ်းခံရ

( 24 )Legal setback for Suu Kyi defence

( 23 )၂၀၁၀စည်းရုံး ရေး အစည်း အဝေး ရွာလေးရွာ တက်ရောက်ခြင်းမရှိ

( 22 )In Burma, obstacles in Suu Kyi's trial

( 21 )Myanmar court rejects appeal for Suu Kyi witnesses

( 20 )နာဂစ်မုန်တိုင်းသင့် ကျေးလက်ဒေသများ နာလန်မထူနိုင်သေး

( 19 )Burma's court rejects Suu Kyi appeal

( 18 )ဘုရားသုံးဆူအနီးတဝိုက်တွင် စစ်အစိုးရတပ်များပိုမိုတိုးမြှင့်

( 17 )Myanmar To Add More GSM Radio Stations

( 16 )Myanmar court rejects appeal for Suu Kyi witnesses

( 15 )မြန်မာနိုင်ငံတွင် A( N1H1) ဖြစ်ပွားသူ တွေ့ရှိကြောင်း စစ်အစိုးရ တရားဝင်ကြေညာ

( 13 )Myanmar to add more GSM radio stations in capital Yangon

( 12 )H1N1 ၀က်တုပ်ကွေးပိုး မြန်မာနိုင်ငံမှာ ပထမဆုံး တွေ့ရှိ

( 11 )N. Korea must go to Phuket

( 10 )မြန်မာနိုင်ငံတွင် ၀က်တုပ်ကွေး ဝေဒနာရှင် တွေ့ရှိ

( 9 )Burma, North Korea in an unholy military alliance

( 8 )ဒေါ်စု အမှုကို သတင်းယူသည့် သတင်းထောက်တဦး အဖမ်းခံရ

( 7 )“Manipuri outfit has three terror camps in Bangladesh, Burma”

( 6 )အရှင် ဂမ္ဘီရ ၈ မှု၊ အယူခံလက်ခံ ၅နှစ် လျှော့ချ

( 5 )ဂမ်ဘာရီ မြန်မာနိုင်ငံက ပြန်လည်ထွက်ခွာ

( 4 )Myanmar pipelines confirm China's place in Bay of Bengal

( 3 )အသက်မပြည့် ကလေးများကို အဓမ္မ တပ်ထံသွင်းမှု ပိုများလာ

( 2 )US closely monitoring NKorean ship

( 1 )Laura Bush Calls For Myanmar Pressure

Sunday, June 28, 2009

ဆင်ခေါင်းခွေးမချီနိုင်ဖြစ်နေတဲ့ နအဖစစ်အစိုးရ


ဒီကာလ အတွင်း ဗမာပြည် နိုင်ငံရေး အခြေ အနေမှာ ပြောင်း လဲမှု တွေ့နေရပါတယ်။

ဗမာ ပြည်ရဲ့ ပတ်ဝန်းကျင် နိုင်ငံ တကာခွင် မှာလည်း အပြောင်း အလဲတွေ ပေါ်နေပါတယ်။

ဘိန်းပစ်ပြီး ဆင်ဖဲနဲ့ ထောင်ချဖို့ စနစ် တကျပြင် ဆင်ထားတဲ့ ဒေါ်အောင်ဆန်း စုကြည်ကို ရုံးတင် တဲ့ကိစ္စမှာ အဲဒီ ပြည်တွင်း ပြည်ပ အ ပြောင်း အလဲ တွေရဲ့ ဂယက်ရိုက် မှုတွေ တွေ့နေ ရပါတယ်။ အားလုံး သိတဲ့ အတိုင်း နအဖ စစ်အစိုးရ ဟာ ဒေါ်အောင်ဆန်း စုကြည်ကို တခြား နိုင်ငံရေး အကျဉ်းသား တွေတုန်း ကလိုပဲ ထောင်ထဲမှာ အကျဉ်းရုံး ပိတ်စစ်၊ အမြန်ဆုံး စီရင် ချက်ချဖို့ စီစဉ်ခဲ့ တာပါ။ ဒါပေမယ့် အခုတော့ နအဖ ကိုယ်တိုင်က အမှုကို တမင် အချိန်ဆွဲ တာတွေ တွေ့လာ နေရတော့ စဉ်းစား စရာတွေ အများကြီး ဖြစ်လာ ပါတယ်။


ဒီအမှုကို နအဖစစ်အစိုးရအနေနဲ့ သူတို့လက်ရာမပေါ်အောင် သေသေချာချာပြင်ဆင်ပြီး ပိုင်ပြီဆိုမှ ရုံးတင်ခဲ့တာပါ။ အမြန်ပြီးသွားမယ့် တရားစီရင်မှုမှာ သူတို့ဘာမှထပ်ပြီး ဝင်ပါဖို့ မလိုအောင် စီစဉ်ပြီး ဖြစ်မှာပါ။ ဒါပေမယ့် သူတို့တွက် ထားတာနဲ့ ပြောင်းပြန်အခြေအနေတွေက ဗြောင်းဆန်အောင်ပြောင်းကုန်ပါတယ်။ ဂျွန်ယက်တောက သူဟာ မင်းကြီးတာကထွက်လာတာ ဖြစ်ကြောင်း အစစ်ခံလိုက်တဲ့အချိန်ကစပြီး တရားခွင်မှာအခြေအနေတွေ တမျိုးပြောင်း ကုန်ခဲ့ပါတယ်။ တခါတည်း ဒီအမှုမှာ နအဖဟာ ခံစစ်လို ဖြစ်သွားပါတယ်။ ဒီတော့မှပဲ အမှုမှာ မျက်နှာမပြဘူးဆိုတဲ့ နေပြည်တော်က ဗိုလ်ချုပ်တွေ အလုပ်ရှုပ်ကုန်ကြတော့တာပါ။ ဒီလိုနဲ့ တရားရုံး တရုံးအနေနဲ့ လုပ်ခဲလှတဲ့ တရားခံပြ သက်သေတွေကို ပယ်တယ်ဆိုတာ လုပ်လာရပါတယ်။ ပယ်တာမှ (၇၅) ရာခိုင်နှုန်းကို ပယ်တာပါ။ ဟန်မဆောင်နိုင်၊ မရှက်နိုင်တော့ပါဘူး။ ဒီမှာပဲ နအဖဗိုလ်ချုပ်တွေ မျှော်လင့်မထားတဲ့ကိစ္စတွေ တခုပြီးတခု ပေါ်လာပါတော့တယ်။

အဲဒါတွေကတော့ နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ ပြင်းထန်လှတဲ့ ဆန့်ကျင်မှုတွေ ဖြစ်ပါတယ်။ ဒီအကြိမ် ကြုံရတာဟာ ဘယ်တုန်းကမှ မကြုံဖူးတဲ့ ဆန့်ကျင်မှုမျိုးလို့ ပြောရင်တောင် ရပါတယ်။ တရုတ်၊ စင်ကာပူ၊ ထိုင်း စတာတွေအပါ သူတို့ ထင်မထားတဲ့ နိုင်ငံတွေရဲ့ ဆန့်ကျင်မှုဖြစ်လို့ နအဖတကယ်ပဲ ဖြုံသွားပါတယ်။ တချိန်တည်းမှာ အမေရိကန်သမ္မတ အိုဘားမား (၁၈ဝ) ဒီဂရီ ပြန်လှည့်သွားတာကိုလည်း တွေ့ကြရပါတယ်။

တခါ ပြည်တွင်းမှာကျတော့လည်း မကျေနပ်သံတွေ၊ မကျေနပ်ကြောင်း ဖော်ပြချက်တွေဟာ နေရာတကာမှာ နည်းမျိုးစုံနဲ့ ပေါ်ထွက်လာနေပါတယ်။ အင်းစိန်ထောင်ဘူးဝကနေ နိုင်ငံ့အရှေ့ဖျားက မူဆယ်၊ ဧရာဝတီမြစ်ဝကနေ မြစ်ဖျားဖြစ်တဲ့ မြစ်ကြီးနားအထိ ပြန့်သွားပါပြီ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပါ ပြည်တွင်းအင်အားစုတွေလည်း သက်ဝင်လှုပ်ရှားနေကြပါတယ်။ ဒါ့အပြင် နှစ်ပေါင်းနှစ်ဆယ်ကျော် အပစ်အခတ်ရပ်စဲထားတဲ့ အဖွဲ့တွေနဲ့လည်း ပစ်ရခတ်ရတော့မလို ဖြစ်လာနေပါတယ်။ သေသေချာချာ မသိနိုင်တာကတော့ သူတို့တပ်တွင်း၊ သူတို့ခေါင်းဆောင် တွင်းက အခြေအနေပဲ ဖြစ်ပါတယ်။ ဗိုလ်သန်းရွှေတို့ကို ထိုင်နေအကောင်းသားလို့ အပြစ်တင်နေကြမှာကတော့ မလွဲပါဘူး။

ဒီလိုနဲ့ သက်သေတွေထဲက တဦးကို ထပ်ထွက်ဆိုခွင့်ပြုတယ်ဆိုတာ ဖြစ်လာပါတယ်။ သက်သေကိစ္စ အယူခံဝင်တော့ အယူခံကိစ္စကို နေ့လယ် (၁) နာရီလောက်မှာ (၁၇) ရက်နေ့ကို ရက်ချိန်ကြောင်း တရားဝင်ပြောပါတယ်။ ဒီလိုနဲ့ ညနေ (၄) နာရီလောက်ကျတော့ ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းကြောင်း ဖြစ်သွားပါတယ်။ တရားသူကြီးက နေ့လယ် အိမ်ပြန်ထမင်းစားတော့ မိန်းမနဲ့အတူ ထမင်းစားရင်း ဒီလိုရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းဖို့ ခေါင်းထဲမှာ အကြံပေါ်လာပြီး ပြင်လိုက်တာတော့ မဟုတ်နိုင်ပါဘူး။ နေပြည်တော်က အမိန့်တွေ လာနေတာပါ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့အမှုကို စီရင်ဆုံးဖြတ်နေတာဟာ အင်းစိန်ထောင်ထဲရှိ တရားရုံးက မဟုတ်ဘူး။ နေပြည်တော်ကနေ စီရင်ဆုံးဖြတ်နေတယ်ဆိုတာ ပို-ပိုရှင်းသွားပါတယ်။

အဲဒီလိုကနေ နအဖထိပ်သီးတွေ တရုတ်ပြည်ကိုသွားတယ်ဆိုတာ ဖြစ်လာပါတယ်။ ပထမတော့ ဗိုလ်ရွှေမန်း သွားတယ်လို့ သတင်းထွက်တာပါ။ နောက်တော့ ဗိုလ်မောင်အေး တကယ်ပဲ သွားပါတယ်။

တိုက်ဆိုင်လိုက်တာ။

နအဖ ဒု-ဥက္ကဋ္ဌ ဗိုလ်မောင်အေး ဘာကြောင့် တရုတ်ပြည်ကိုသွားတယ်ဆိုတာ သိဖို့မလွယ်ပါ။ ထုံးစံကတော့ အခုလိုအချိန်မှာ သွားတာဟာ နအဖအနေနဲ့ ဒေသတခုလုံးနဲ့ ဆိုင်တဲ့ ခြေလှမ်းတခုကိုလှမ်းမလို့၊ ဒါမှမဟုတ် တရုတ်-ဗမာနယ်စပ်နဲ့ ဆိုင်တဲ့ ခြေလှမ်းတခုခုကို ယူမလို့ ဖြစ်တတ်ပါတယ်။ ဥပမာ ငြိမ်းအဖွဲ့တွေကို တိုက်မယ်ဆို တာမျိုး သူတို့ဆုံးဖြတ်ရင် ဖြစ်ပါတယ်။ ဒါမှမဟုတ်လည်း တရုတ်နဲ့ထိပ်တိုက်ဖြစ်နေတဲ့ နိုင်ငံတွေနဲ့ သဘောတူညီမှုတွေ၊ စာချုပ်ချုပ်ဆိုမှုတွေ ရှိရင်လည်း သွားတတ်ပါတယ်။ ဒါပေမယ့် အခုအခါမှာ တရုတ်အဖို့ အဲဒီလို ထိပ်တိုက် ဖြစ်နေတဲ့ နိုင်ငံမရှိပါဘူး။ ဒီလိုအနေအထားအောက်မှာ အများအားဖြင့် ကိုယ့်ဘက်က ရှင်းပြစရာရှိရင်၊ ဒါမှမဟုတ် တောင်းဆိုချင်တာရှိရင် သွားကြလေ့ရှိပါတယ်။

ဒီလိုမှမဟုတ်ဘဲ တရုတ်က လာစေချင်လို့၊ တနည်း- ခေါ်လို့သွားတာလား။ ဒါဆိုရင်တော့ ဒီနေ့ ဒီအခြေအနေမှာ ဒါဟာ နအဖအတွက် သိပ်ကောင်းတဲ့ကိစ္စ မဖြစ်နိုင်ပါဘူး။ ဒီရက်ပိုင်းအတွင်းမှာပဲ တရုတ်ဟာ နိုင်ငံတကာ အရေးအခင်းတွေမှာ ထူးခြားတဲ့ ရပ်တည်ချက်နှစ်ခု ဖော်ပြခဲ့တယ်ဆိုတာကို အားလုံးသတိထားမိကြမှာပါ။ တခုက ဗမာနိုင်ငံအရေးနဲ့ နောက်တခုက မြောက်ကိုရီးယားရဲ့ နျူကလီးယားလက်နက်အရေးတို့ ဖြစ်ပါတယ်။ တကယ်လို့ တရုတ်က နအဖကို သူတို့ဘာလို့ အဲဒီလို ရပ်တည်ရတယ် ဆိုတာကို ရှင်းပြတာဆိုရင်တော့ နအဖအတွက် ပျော်စရာကောင်းမယ် မဟုတ်ပါဘူး။ သံတမန်နည်း၊ ပညာရှိနည်းတွေနဲ့ ပညာပေးတာ၊ ဆုံးမတာတွေ ဖြစ်ပါလိမ့်မယ်။ သူတို့ဆီကို ခေါ်ပြောတာ ဆိုတော့ ပီကင်းကပြောတာဟာ ဂိုချောက်ထောင်လောက်တော့ ရှင်းရှင်းပြတ်ပြတ် ဖြစ်ကောင်းမှ ဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် ရွှေဖော့လုံးနဲ့ ရိုက်တာက ပိုဆိုးတယ်ဆိုတာမျိုး ဖြစ်နေရင်တော့ မပြော တတ်ပါ။ ဒီနေရာမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုကို ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းတာဟာ ဒီခရီးစဉ်နဲ့များ ဆက်နေသလားလို့လည်း တွေးတောစရာလည်း ဖြစ်လာပါတယ်။

ဒီလိုလှုပ်ရှား ပြောင်းလဲနေတဲ့ အခြေအနေမှာ နအဖအနေနဲ့ သူတို့အတွက် မလုပ်မဖြစ် အရေးကြီးလုပ်ငန်းစဉ်အဖြစ် ချမှတ်ထားတွေက များလွန်းနေပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို စီရင်ချက်ချရေး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကို ရွေးကောက်ပွဲမတိုင်မီ နှိပ်ကွပ်ရေး၊ သို့မဟုတ် ဦးချိုးရေး၊ အပစ်အခတ်ရပ်စဲရေးအဖွဲ့တွေကို “စည်းကမ်းရှိတဲ့ ဒီမိုကရေစီ” ဘောင်ထဲကို ကျုံးသွင်းယူရေး၊ ရွေးကောက်ပွဲ ဥပဒေနဲ့ ပါတီတွေ မှတ်ပုံတင်တဲ့ ဥပဒေတို့ကို ပြဋ္ဌာန်းရေး၊ နောက်ပြီး သူတို့ရဲ့ အတုအယောင် ရွေးကောက်ပွဲကို ပိပိရိရိကျင်းပရေး၊ အချိန်က တနှစ်တောင်မကျန် တော့ပါဘူး။ နောက်ပြီး ဒီကိစ္စတွေအားလုံးက ဘယ်လိုမှ ရှောရှောရှူရှူမဖြစ်နိုင်တဲ့ ကိစ္စတွေချည်း ဖြစ်ပါတယ်။ ကိစ္စတခုချင်းမှာ သူတို့ကို ပြန်ထိခိုက်မယ့် အချင်းအရာတွေ ပြွမ်းတီးလို့ နေပါတယ်။ နောက်ပြီး ကိစ္စတိုင်းကိုလည်း နိုင်ငံတကာက ဂရုစိုက်စောင့်ကြည့်နေကြတာပါ။ နအဖ ခေါင်းမီလောင်နေချိန်မှာ နိုင်ငံတကာ ဖိအားကလည်း မြွေပူရာကင်းမှောင့်လို ဖြစ်နေပါတယ်။ နောက်ပြီး ဟုတ်ပါရဲ့၊ လူပုံလယ်မှာ သူတို့ကို အရှက်ခွဲခဲ့တဲ့ ထိုင်းတို့၊ ကမ္ဘောဒီးယားတို့ကို အခွင့်သင့်ရင် ပြန်နှိပ်ဖို့ကလည်း ရှိသေးတယ်။

ဒီနေ့ လက်တွေ့အခြေအနေကို အသေအချာပြန်ကြည့်လိုက်တော့ လား-လား၊ ဒေါ်အောင်ဆန်းစုကြည်ကို ချောက်ချမယ် ပြင်နေတဲ့သူတွေ အခု သူတို့ကိုယ်တိုင် ချောက်ကျနေပါတယ်။ အပစ်အခတ်ရပ်စဲရေးကို အကြီးအကျယ် ဂုဏ်ယူဝါဒဖြန့်နေတဲ့ စစ်ဗိုလ်တွေ အခု သူတို့ကစပြီး အပစ်အခတ်ရပ်စဲရေးကို ချိုးဖောက်ရတော့မယ့် ကိန်းဆိုက်နေ ပါပြီ။ ၂ဝ၁ဝ ရွေးကောက်ပွဲဆိုတာနဲ့ ပြည်တွင်း ပြည်ပမှာ ဝါဒဖြန့် မင်္ဂလာယူနေတဲ့ စစ်အာဏာရှင်တွေ အခုရွေးကောက်ပွဲကို ကျင်းပရမလား၊ ရက်ရွှေ့ရမလား စဉ်းစားနေရပါပြီ။ “(၉၃) ရာခိုင်နှုန်း ထောက်ခံမှု ရခဲ့တဲ့” ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေကြီးနဲ့ မိန့်မိန့်ကြီး အစိုးရလုပ်မယ်၊ သမ္မတလုပ်မယ် တွေးထားတဲ့ ဗိုလ်ချုပ်တွေ အာဏာသိမ်းပွဲ ထပ်လုပ်ရမလား စဉ်းစားနေရပါပြီ။

ဒီတော့ ၂၁ ရာစုနှစ်ရဲ့ ပထမဆုံးဆယ်စုနှစ် ကုန်တော့မယ့်အချိန် ဒီတကွေ့မှာ နအဖဗိုလ်ချုပ်တွေ ဆင်ခေါင်းခွေးချီ နိုင်ပါ့မလား စောင့်ကြည့်ကြပါစို့။

မြန်မာနှင့် မြောက်ကိုရီးယား စစ်ရေးလျှို့ဝှက်ချက်များ

အောင်ဇော်

ခေတ်သစ် ဒုံးပျံ ဆိုင်ရာ နည်းပညာများ ရရှိရန် နှင့် သမား ရိုးကျ လက်နက် များကို အဆင့် မြှင့်ရန် အသည်း အသန် ကြိုးပမ်း နေ သည့် မြန်မာ အစိုးရ ၏ ရည်ရွယ် လုပ်ဆောင် ချက်များမှာ လျှို့ဝှက် ကိစ္စ တခု မဟုတ် တော့ပါ။ သို့သော် လည်း သည် အတိုင်း လွှတ် ထား ပါက ဒေသ ဆိုင်ရာ တည်ငြိမ်မှုကို ခြိမ်းခြောက် လာဖွယ် ရှိနေ သည်ဟု သုံးသပ် ရပေ လိမ့်မည်။

သမိုင်း ကြောင်း အရ အဓိက ရန်သူ ဖြစ်ခဲ့ ရသည့် ထိုင်းနိုင်ငံမှ တပ်မတော် ခေါင်းဆောင် များက လည်း မြန်မာ နိုင်ငံတွင် တာတို နှင့် တာ လတ်ပစ် ဒုံးပျံများ ပိုင်ဆိုင် လာသည် ကို မြင်လိုဖွယ် မရှိကြပေ။ သို့ဆို လျှင်တော့ သူတင်း၊ ကိုယ်တင်း ဒေသတွင်း လက်နက် အင် အား ဖြည့်တင်း ပြိုင်ဆိုင် ပွဲများ လည်း ဖြစ်လာ နိုင်ဖွယ် ရှိနေသည်။ ထို့အပြင် မြန်မာ စစ်ဗိုလ်ချုပ် များက အနောက် နိုင်ငံများ ကို စိုးရိမ် ကြောက်ရွံ့ နေစိတ် ကလည်း နာတာရှည် ရောဂါ သဖွယ် ရှိနေရာ၊ ပြီးခဲ့ သည့်နှစ်က ဧရာဝတီ မြစ်ဝ ကျွန်းပေါ် ဒေသတွင် လေဘေးသင့် ဒုက္ခ သည် များ ကို အကူ အညီများ ပေးပို့ နိုင်ရေး အတွက် မြန်မာ့ ရေပိုင်နက် အနီးတွင် နိုင်ငံခြား ရေတပ် စစ်သင်္ဘောများ ဆိုက်ရောက် လာသည်မှ စ၍ ပို၍ အဖြစ်သည်း လာခဲ့သည်။

ထိုအချိန်မှ စ၍ မြန်မာ စစ်ခေါင်းဆောင်များက ပြင်ပ ခြိမ်းခြောက်မှု ရန်ကို ကာကွယ်နိုင်ရေးအတွက် တာလတ်ပစ် ဒုံးပျံများ၊ အဆင့်မြင့် လေကြောင်းရန်ကာကွယ်ရေး လက်နက်များ၊ ရေဒါစနစ်များ ရရှိရန် ကြိုးပမ်းလာခဲ့ကြသည်။

စစ်အစိုးရ၏ နံပါတ် ၃ ခေါင်းဆောင် ဗိုလ်ချုပ်ကြီး သူရရွှေမန်းသည်ပင် မြောက်ကိုရီးယား နိုင်ငံသို့ ၂ဝဝ၈ ခုနှစ်၊ နိုဝင်ဘာလတွင် လျှို့ဝှက် ခရီး သွားရောက်ခဲ့သည်။ အထက်ဖော်ပြပါ ခေတ်ပေါ် လက်နက်များသည် သူ၏ ဝယ်ယူရမည့် ပစ္စည်း စာရင်းတွင် ပါဝင်နေမည်ကတော့ အသေအချာပင်။

တပ်မတော် ကြည်းရေလေ ညှိနှိုင်း ကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီးရွှေမန်းက တရုတ်နိုင်ငံမှ တဆင့် နိုဝင်ဘာလ ၂၂ ရက်နေ့တွင် မြောက်ကိုရီးယား နိုင်ငံ၊ ပြုံယမ်း မြို့တော် သို့ ၇ ရက်ကြာခရီး သွားရောက်ခဲ့သည်။

အဆင့်မြင့် ကိုယ်စားလှယ် အဖွဲ့ကို ပြုံယမ်းမြို့တော်နှင့် မြိုယမ်းမြို့ရှိ အရေးပါသည့် နေရာများကို လှည့်လည် ပြသခဲ့ပြီး၊ တောင်ကြောများ အတွင်းရှိ ဥမင်များတွင် သိမ်းဆည်းထားသည့် ဂျက်တိုက်လေယာဉ်များ၊ ဒုံးပျံများ၊ တင့်ကားများ၊ အဏုမြူနှင့် ဓာတုလက်နက်များကို ပြသခဲ့ကြသည်။

ဗိုလ်ချုပ်ရွှေမန်းနှင့်အတူ လေကြောင်းရန် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်လှိုင်၊ ဗိုလ်ချုပ်လှဋ္ဌေးဝင်း၊ ဗိုလ်ချုပ် ခင်အောင်မြင့်၊ ဗိုလ်ချုပ်သိန်းဋ္ဌေး၊ ဗိုလ်ချုပ်မြဝင်း နှင့် အကြီးစား စက်မှုလုပ်ငန်းမှ အခြား အဆင့်မြင့် အရာရှိများ ပါဝင်ကြသည်။ သေချာသည်မှာ ဤကိုယ်စားလှယ်အဖွဲ့၏ ခရီးစဉ်သည် မြောက်ကိုရီးယားနှင့် စစ်ရေးအရ ပို၍ ခိုင်မာစွာ ဆက်ဆံပြီး မဟာမိတ်ဖွဲ့ရန်ပင် ဖြစ်သည်။

နိုဝင်ဘာလ ၂၇ ရက်နေ့တွင် ဗိုလ်ချုပ်ရွှေမန်းနှင့် မြောက်ကိုရီးယားမှ စစ်ဦးစီး အရာရှိချုပ် ဗိုလ်ချုပ် ကင်မ်ကျုတ်ဆစ် (Kim Kyok-sik) တို့ နှစ်နိုင်ငံ နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးကြပြီး၊ မြန်မာနှင့် မြောက်ကိုရီးယား အကြား စစ်ရေး အရ ပူးပေါင်း ဆောင်ရွက်မှုပြုလုပ်ရန် သဘောတူခဲ့ကြသည်။

မြန်မာနိုင်ငံရှိ အရေးပါသော စစ်ရေး အဆောက်အဦး တချို့ ဆောက်လုပ်ရာ၌ မြောက်ကိုရီးယားက ကူညီ ဆောက်လုပ်ခြင်း သို့တည်းမဟုတ် ကြီးကြပ်ပေးခြင်း ပြုမည်ဟူသော သဘောတူညီချက် အရ ဤသို့သော အဆောက် အဦးများတွင် ဒုံးပျံများ၊ လေယာဉ်များ၊ သင်္ဘောများ သိုဝှက်ထားနိုင်ရန် ဥမင်များ၊ လိုဏ်ဂူများလည်း ပါဝင်မည် ဖြစ်သည်။ ထိုမျှမက မြန်မာ့တပ်မတော် အထူး တပ်ဖွဲ့များ အတွက် ကျွမ်းကျင်မှုဆိုင်ရာ သင်တန်းများကိုလည်း မြောက်ကိုရီးယားက ကူညီပေးမည် ဖြစ်သည်။ ဤ သင်တန်းများတွင် လေကြောင်းရန် ကာကွယ်ရေး သင်တန်းများနှင့် နှစ်နိုင်ငံ တပ်မတော် အရာရှိများ အကြား ဘာသာ စကား ဖလှယ်မှု သင်တန်းများလည်း ပါဝင်မည် ဖြစ်သည်။

အနာဂတ်တွင် မြန်မာ့တပ်မတော်ကို ဆက်လက် ဦးဆောင်မည့်သူဟု သတင်း ထွက်နေသည့် ဗိုလ်ချုပ်ရွှေမန်းက ၇ ရက်ကြာ ခရီးစဉ်အတွင်း မြိုယမ်းရှိ ရေဒါနှင့် ကြားဖြတ် ပိတ်ဆို့မှုဌာန (radar and jamming units) များ၊ ပြုံယမ်းရှိ လေကြောင်းရန် ကာကွယ်ရေး တပ်များ၊ လေကြောင်းတပ်ဖွဲ့များ၊ ကွန်ပျူတာဖြင့် ထိန်းချုပ် အမိန့်ပေး ဌာနများသို့လည်း သွားရောက် ကြည့်ရှုခဲ့သည်။

ဤကိုယ်စားလှယ်အဖွဲ့က ပြုံးယမ်းမြို့ပြင်ရှိ ဥမင်လိုဏ်ခေါင်း အတွင်းရှိ အဆောက်အဦးများတွင် ထုတ်လုပ်နေသည့် မြေပြင်မှ မြေပြင်ပစ် စကဒ် (SCUD) ဒုံးကျည် စက်ရုံများသို့ သွားရောက်၍ ဒုံးကျည် ထုတ်လုပ်နေမှုများကိုလည်း လေ့လာကြသေးသည်။ ၁၉၈ဝ ပြည့်နှစ်များ နှောင်းပိုင်းမှစ၍ မြောက်ကိုရီးယားက အီရန်၊ ဆီးရီးယားနှင့် အီဂျစ်နိုင်ငံများသို့ စကဒ် ဒုံးကျည်များ၊ ဒုံးကျည် ထုတ်လုပ်သည့် နည်းပညာများကို ပေးပို့ရောင်းချခဲ့သည်ဟု ယူဆရပေသည်။

D အမျိုးအစား စကဒ်ဒုံးကျည် (SCUD-D) က ကီလိုမီတာ ၇ဝဝ အကွာအဝေးသို့ ပစ်ခတ်နိုင်ပြီး၊ E အမျိုးအစား စကဒ်ဒုံး (SCUD-E) က ကီလိုမီတာ ၁၅ဝဝ အထိ ပစ်ခတ်နိုင်သည်။ သို့ဆိုလျှင် ထိုင်းနိုင်ငံ အပါအဝင် မြန်မာနိုင်ငံ၏ အိမ်နီးချင်း နိုင်ငံများကို မြန်မာစစ်အစိုးရက ကောင်းစွာ ခြိမ်းခြောက်ထားနိုင်လိမ့်မည် ဖြစ်သည်။ မြန်မာ-ထိုင်း နယ်စပ်တလျှောက်တွင် ယခုအခါ လေကြောင်းရန် ကာကွယ်ရေး ရေဒါစခန်း အနည်းဆုံး ၆ ခု တပ်ဆင် နေရာချထားပြီး ဖြစ်သည် ဟုလည်း ယုံကြည်ရသည်။

ခရီးစဉ်အတွင်း မြန်မာကိုယ်စားလှယ်များက တာတိုပစ် ၁ဝ၇ မမ နှင့် ၂၄ဝ မမ ဒုံး အများအပြားကို တပြိုင်နက် ပစ်လွှတ်နိုင်သည့် ပစ်စင်များ၊ နိုင်ငံရပ်ခြားမှ ကျူးကျော်လာပါက ခုခံနိုင်မည့် အထွေထွေသုံး ဒုံးကာကွယ်ရေး စနစ်များကိုလည်း စိတ်ဝင်တစား လေ့လာမှု ပြုခဲ့ကြသည်ဟု လေ့လာ သုံးသပ်သူများက ဆိုကြသည်။

ထို့အပြင် ၎င်းတို့ အထူး စိတ်ဝင်စားခဲ့ကြသည်မှာ ခြေလျင်တပ်ရင်းများတွင် တွဲဖက်သုံးနိုင်သော တင့်ကားဖျက် လေဆာ ပဲ့ထိန်း နည်းပညာသုံး နောက်ဆုံးပေါ် ဒုံးကျည်များ ဖြစ်သည်ဟု ဆိုသည်။ မြန်မာနိုင်ငံက မြောက်ကိုရီးယားထံမှ တာတိုနှင့် တာလတ်ပစ် ဒုံးကျည်များကို ကုန်ဖလှယ်သည့်စနစ်ဖြင့် ဝယ်ယူခဲ့ကြပြီး ဖြစ်သည်ဟုလည်း မြန်မာ့တပ်မတော် ကာကွယ်ရေး ဆိုင်ရာ လေ့လာသုံးသပ်သူများက ဆိုနေကြသည်။

စစ်အစိုးရခေါင်းဆောင်များက D အမျိုးအစား စကဒ် ဒုံးကျည်များ၊ သို့မဟုတ် ၎င်းထက် ပြင်းအား များပြီး ကီလိုမီတာ ၃ဝဝဝ မျှ ပြေးနိုင်သည့် F အမျိုးအစား စကဒ် ဒုံးကျည်(SCUD-F) များ မှာယူထားခြင်း ရှိမရှိကိုမူ အတိအကျ မသိနိုင်ပါ။ အကယ်၍ တိုင်းရင်းသား လက်နက်ကိုင် သူပုန်များကို နှိမ်နင်းရန် ဆိုပါက ဤမျှ အဆင့်မြင့်သည့် လက်နက်များ မလိုအပ်ပါ။ သို့သော်လည်း မြန်မာနိုင်ငံက ဒုံးကျည်များ၊ ရေဒါများ၊ လေကြောင်း ကာကွယ်ရေး အေဝက် AWAC စနစ်များ၊ ဂြိုဟ်တု ဆက်သွယ်ရေး ဟန့်တား နှောင့်ယှက်သည့် စက်များ (GPS communication jammers)၊ ရှာဖွေ ရေး ရေဒါများ ရလိုသည်။ ဤအချက်ကို ကြည့်ခြင်းအားဖြင့် နေပြည်တော်ရှိ စစ်ခေါင်းဆောင်များက ခံစစ်အတွက်ရော၊ ထိုးစစ်အတွက်ပါ ပြင်ဆင်နေသည်မှာ သိသာပါသည်။

သမိုင်းကြောင်းအရ ပြန်ကြည့်လျှင် မြန်မာနိုင်ငံက အနောက်နိုင်ငံများမှ အထူးသဖြင့် အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်၊ ဆွစ်ဇာလန်၊ ဟော်လန် အပါအဝင် ဥရောပနိုင်ငံ တချို့ ထံမှ လက်နက်ငယ်များ၊ ဂျက်တိုက်လေယာဉ်များ၊ စစ်သင်္ဘောများ ဝယ်ယူ ဖြည့်တင်းခဲ့သည်။ သို့သော်လည်း ၁၉၈၈ ခုနှစ် ဒီမိုကရေစီ အုံကြွတောင်းဆိုမှုအပေါ် အကြမ်းဖက် ဖြိုခွဲ နှိမ်နင်းပြီးသည့် အချိန်မှစ၍ မြန်မာနိုင်ငံသည် အနောက်နိုင်ငံများ၏ ဒဏ်ခတ် ပိတ်ဆို့မှု ခံခဲ့ရပြီး၊ စစ်တပ်ကို ခေတ်မီစေရန် ပြုပြင်ရေးအတွက် လက်နက်၊ ခဲယမ်းများကို တခြား ရနိုင်သည့် နေရာများမှ အငမ်းမရ ရှာဖွေ စုဆောင်းခဲ့သည်။ တရုတ်နိုင်ငံမှ ဂျက်တိုက်လေယာဉ်များနှင့် စစ်သင်္ဘောများ ဝယ်ယူခဲ့သော်လည်း၊ အရည် အသွေး နိမ့်ခြင်း နှင့် ဝယ်ယူပြီး နောက်ပိုင်း ဝန်ဆောင်မှု ညံ့ဖျင်းခြင်း တို့ကြောင့် အခြား လက်နက်များ ဝယ်ရန် ဈေးကွက်ကိုလည်း ရှာဖွေနေခဲ့သည်။

ယခင်က ရုရှားနိုင်ငံလုပ် "ပီချိုရာ" (Pechora) လေကြောင်းရန် ကာကွယ်ရေးစနစ်မျိုး ဝယ်ယူခဲ့ဖူးပြီး၊ မြေပြင်မှ ဝေဟင်ပစ် လေကြောင်းရန် ကာကွယ်ရေး စနစ်များလည်း ဝယ်ယူခဲ့သည်။ လေ့လာသူများအဆိုအရ ရုရှားနိုင်ငံက မြန်မာစက်မှု ပညာရှင်များကို နည်းပညာဆိုင်ရာ လေ့ကျင့်ပေးမှုများ၊ ဘာသာစကား သင်တန်းများ ပို့ချခဲ့သည်။

စစ်အစိုးရက ၎င်း၏ စစ်ရေးစွမ်းရည် ပိုမို တိုးတက်လာစေရန် ဆက်လက် ဖြည့်တင်းနေပြီး၊ နိုင်ငံ၏ အဖိုးတန်သည့် နိုင်ငံခြား အရံငွေများကို သုံးပြီး တပ်မတော်ကို ခေတ်မီ တိုးတက်စေရန် ကြံဆောင်နေသည်ဟု ဆိုရမည် ဖြစ်ပေသည်။ ခေတ်ပေါ်လက်နက် အသစ် အဆန်းများကို ပို၍ ဝယ်ယူ ဖြည့်တင်းနေသည်။

ဒု ဗိုလ်ချုပ်မှူးကြီးမောင်အေးက ၂ဝဝ၆ ခုနှစ်၊ ဧပြီလအတွင်း မော်စကိုသို့ သွားခဲ့ရာတွင် သူက ရုရှားနိုင်ငံ၏ ဝန်ကြီးချုပ် မစ်ခေးလ် ဖရက်ကော့ဖ် (Mikhail Fradkov) ကို ရုရှားလုပ် မစ်၂၉ (MiG-29) ဂျက်တိုက်လေယာဉ်များ ပိုမို ဝယ်ယူရန် ဆန္ဒရှိနေကြောင်း ပြောခဲ့သေးသည်။ (ယခင်ဝယ်ယူပြီး မစ် ၂၉ လေယာဉ် ၁၂ စီးအပြင် ထပ်၍ ဝယ်ရန် စိုင်းပြင်းနေခြင်း ဖြစ်သည်။) ထို့အပြင် တပတ်ရစ် အမ်အိုင် ၁၇ (MI-17) ရဟတ်ယာဉ်များလည်း ဝယ်ယူလိုသည်ဟု ပြောခဲ့သေးသည်။

မော်စကို ခရီးစဉ်အတွင်း ဗိုလ်ချုပ်ကြီးမောင်အေးက မြန်မာနိုင်ငံ အလယ်ပိုင်းတွင် တာတိုပစ် ပဲ့ထိန်းဒုံးစနစ်ကို ရုရှားနိုင်ငံ၏ အကူအညီနှင့် တည်ဆောက်လိုသည်ဟု ဆိုခဲ့သည်။

စိတ်ဝင်စားဖွယ်အချက်မှာ တချို့သော လေ့လာသူများ အဆို အရ ဗိုလ်ချုပ်ရွှေမန်း၏ ခရီးစဉ်တွင် မြောက်ကိုရီးယားနိုင်ငံ၊ ပြုံယမ်းမြို့တော်ရှိ မြေအောက်ရထားစနစ်ကိုလည်း လေ့လာခဲ့သည်။ သဘောတရားအရ ပြောမည်ဆိုလျှင် မြေအောက်ရထား စနစ်က မြို့ပြဒေသများတွင် ပဋိပက္ခ စစ်ပွဲ ကာလအတွင်း တပ်များကို ထိထိရောက်ရောက် ရွှေ့ပြောင်း နေရာချနိုင်သော စနစ်လည်း ဖြစ်သည်။

၂ဝဝ၂-၂ဝဝ၃ ခုနှစ်ကတည်းကပင် မြန်မာနိုင်ငံက မြေအောက်ဥမင်များ နှင့် ဂူများ စတင်ဖောက်လုပ်ခဲ့ပြီး၊ လေယာဉ်များနှင့် လက်နက်များကို ဖုန်းကွယ် သိမ်းဆည်းထားခဲ့သည်။ ထိုမျှမက ဗဟိုစစ်ရုံး အမိန့်ပေးနှင့် ထိန်းချုပ်ရေးစနစ်များကို ဖုံးကွယ် ထားရန် ရည်ရွယ်ခဲ့ခြင်းလည်း ဖြစ်သည်။

နိုင်ငံရပ်ခြား လေ့လာသူများ၏ အဆိုအရမူ ၂ဝဝ၁-၂ဝဝ၂ ခုနှစ် ကာလများအတွင်းက ထိုင်းနိုင်ငံနှင့် ဖြစ်ပွားခဲ့သည့် နယ်စပ် ပဋိပက္ခများ တွင် ရှက်ဖွယ်လိလိ အရေးနိမ့်ခဲ့ရသည့်အပေါ် စစ်အစိုးရက အခဲမကျေ ဖြစ်နေသည်ဟုလည်း ဆိုသည်။ ထိုင်းနိုင်ငံက ဤ တိုက်ပွဲများ တွင် အက်ဖ် ၁၆ ဂျက်တိုက်လေယာဉ်များကို နယ်စပ် တလျှောက် အသုံးပြုခဲ့ပြီး၊ မြန်မာ စစ်တပ်များ၏ ရှေ့တန်း တပ်ဖွဲ့များနှင့် ဗဟို ထိန်း ချုပ်မှုစနစ် အကြား ဆက်သွယ်ရေးကို ကောင်းစွာ ဟန့်တား နှောင့်ယှက်နိုင်ခဲ့သည်ဟုလည်း ဆိုသည်။

နောက်တကြိမ် ကြုံရလျှင် ပို၍ သာလွန်သောတပ် မဟုတ်လျှင်သော်မှ အင်အားတူ ဆင်နွှဲနိုင်ရန် မြန်မာ စစ်ဗိုလ်ချုပ်များက ကြံစည် ထား ကြဟန် ရှိနေသည်။

အောင်ဇော် ရေးသားသည့် Asia’s ‘Axis of Evil’ Flexes Its Muscles ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြပါသည်။


အမေ့ကို သတိရလို့ တပ်ထဲကနေ အိမ်ပြန်ချင်တယ်

ကိုဝိုင်း

ချင်းမိုင် (မဇ္ဈိမ)။ ။ ဦးလေးဖြစ်သူ၏ နေအိမ်သို့ ဝက်သားသွားပို့ရင်း ပြီးခဲ့သည့် နှစ်ကုန်ပိုင်း၌ တပ်သားအသစ်အဖြစ် စုဆောင်းခံခဲ့ရသူ ပဲခူးတိုင်း ဒိုက်ဦးမြို့ ရွှေအင်ဒုံကျေးရွာအုပ်စုရှိ လက်ပံသုံးခွရွာသစ်မှ အသက် ၁၇ နှစ်အရွယ် မောင်ကျော်မျိုးပိုင်အား မိဘများက သူ တာဝန်ကျနေသည့် မွန်ပြည်နယ် သထုံမြို့ အ ခြေစိုက် ခြေမြန်တပ်ရင်း - ခမရ ၁၁၈ မှ နေအိမ်သို့ ပြန်လည် ခေါ်ဆောင် လာနိုင်ပြီ ဖြစ်သည်။

တပ်အတွင်းသို့ ရောက်ရှိသွားပုံနှင့် အတွေ့အကြုံများ၊ ပြန်လည်အပ်နှံသည့် ပုံစံများကို သိရှိနိုင်ရန် မောင်ကျော်မျိုးပိုင်နှင့် မိခင် ဒေါ်စန်း ဝင်း တို့အား မဇ္ဈိမ သတင်းထောက် ကိုဝိုင်းက ဆက်သွယ်မေးမြန်းထားသည်။

မောင်ကျော်မျိုးပိုင်အား မေးမြန်းချက်

တပ်ထဲကနေ မိဘတွေဆီ ဘယ်တုန်းက ပြန်ရောက်တာလဲ။ တပ်ထဲမှာ ဘယ်လောက်ကြာသွားလဲ။

ဒီလ ၂ဝ ရက်နေ့က အိမ်ပြန်ရောက်ပါတယ်။ သထုံက ခမရ ၁၁၈ တပ်ထဲမှာ ၁၈ ရက်ကြာတယ်။

တပ်ထဲကို ဘယ်လိုပါသွားတယ်ဆိုတာ အကျဉ်းချုံးလေး ပြောပြပေးပါလား။

ဒိုက်ဦးကနေ ကျနော့်ဦးလေးဆီ ဝက်သားသွားပို့တာ။ စည်ပင်ကလူက ကျနော့်ကို ဖမ်းသွားတယ်။ သူတို့က ကျနော့်ကို စစ်ဆေးတယ်။ ပြီးတော့ ဒဏ်ငွေဆောင်နိုင်ရင်ဆောင် မဆောင်နိုင်ရင် ထောင်တနှစ်ကျမယ် ဆိုတာနဲ့ ကြောက်ပြီး ထွက်ပြေးတာ။ နောက်ပြီး အဖေကြီးကိုလည်း ကြောက်လို့။ ရထားနဲ့ နေပြည်တော်သွားတာ။ နေပြည်တော် မရောက်ဘဲ သာစည် ရောက်သွားတယ်။ သာစည်ဘူတာမှာ ရထားပေါ်မှာ ရဲ ၂ ယောက်က ကျနော့်ကို ခေါ်သွားတယ်။ သာစည်က ဦးခင်မောင်ညိုကတဆင့် မန္တလေး စုဆောင်းရေးကို ရောက်သွားတယ်။ ဦးခင်မောင်ညိုလည်း စစ်သားပဲ။ ကျနော့်လိုပဲ နိုင်ထွန်းဆိုတာ တခြားတယောက် ပါသေးတယ်။ သူလည်း သာစည်ဘူတာမှာပဲ ဆွဲစိခံရတာ။

သထုံက ခမရ ၁၁၈ ကို ဘယ်လိုရောက်သွားလဲ။

သပိတ်ကျင်းမှာ သင်တန်းက ၄ လခွဲ ကြာတယ်။ သင်တန်းပြီးတဲ့အခါကျတော့ သထုံတပ်ကလူတွေ လာခေါ်တယ်။

သင်တန်းက ဘာတွေ သင်ပေးလိုက်လဲ။ သင်တန်းတက်နေတုန်း ဘယ်လို ခံစားရလဲ။

သေနတ်ပစ်ရတယ်။ သေနတ် ဖြုတ်-တပ်တွေ လုပ်ရတယ်။ ပစ်-ထောက်-မှောက်-လှိမ့်တို့ဘာတို့၊ ပြီးတော့ စစ်ရေးပြလေ့ကျင့်ရတယ်။ သူတို့ (သင်တန်းဆရာ) သင်ပေးတဲ့ဟာတွေကို လိုက်ကြည့်ပြီး အဲဒီအတိုင်းပဲ လေ့ကျင့်ရပါတယ်။ ပင်ပန်းတော့ ဝမ်းနည်းတယ်။ အမေကို သတိရလို့ အိမ်ကိုပြန်ချင်တာပဲ သိတယ်။

စုဆောင်းရေးတို့၊ သင်တန်းတို့မှာရော ကျော်မျိုးပိုင်တို့ အသက်အရွယ်မျိုး တခြားသူတွေ တွေ့ခဲ့သေးလား။

ရှိတယ်။ များတယ်။ ၁ဝ ယောက်လောက် ရှိတယ်။

စုဆောင်းရေးတို့၊ တပ်ထဲတို့ ရောက်တော့ အသက်အရွယ် ဖော်ပြရတဲ့ ပုံစံတွေ ဖြည့်ရလား။

မဖြည့်ရဘူး။ အသက်မေးရင် ၁၈ နှစ်လို့ ပြောရမယ်လို့ သာစည်က စစ်သား ဦးခင်မောင်ညိုက ပြောခိုင်းတယ်။ အဲဒီအတိုင်းပဲ ပြောရတယ်။

သထုံတပ်ထဲကို မိဘတွေလိုက်လာတုန်းက အရာရှိတွေက ဘာပြောလဲ။

ပထမဦးဆုံး တခေါက်လာတွေ့တာ ဘာမှမပြောဘူး။ နောက်တခေါက်ကျတော့ သူတို့ ပြန်ထည့်ပေးပါမယ်တဲ့။ ဘေးကို မတိုင်ပါနဲ့လို့ ပြောပါတယ်။ အရာရှိတွေ ဆက်ဆံရေးက ကောင်းပါတယ်။


မိခင်ဖြစ်သူ ဒေါ်စန်းဝင်းအား မေးမြန်းချက်


မောင်ကျော်မျိုးပိုင်က အိမ်ကို ကောင်းကောင်းမွန်မွန် ပြန်ရောက်လားခင်ဗျာ။

အေးအေးဆေးဆေးပဲ ပြန်ရောက်ပါတယ်။ မိဘတွေကို လှမ်းပြီးတော့ ဗိုလ်ကြီးတွေက ဆက်သွယ်မှုပေးတယ်လေ။ လာခေါ်ပါတော့ဆိုလို့ ကျမတို့ သွားခေါ်တာ။ ၁၉ ရက်နေ့က ဖုန်းဆက်တော့ ၂ဝ ရက်နေ့က ထွက်သွားတယ်။ အဲဒီညပဲ ပြန်ရောက်တယ်။

ကျော်မျိုးပိုင်ကို ပြန်အပ်တော့ စာရွက်စာတမ်းနဲ့ စနစ်တကျပဲလားဗျာ။

ကလေးကို စာရွက်စာတမ်းတွေနဲ့အတူ ဓာတ်ပုံတွေရိုက်ပြီးတော့ အဆင့်အဆင့်ပေါ့နော်။ မှတ်တမ်းစာတွေနဲ့ မိဘတွေကို ပြန်အပ်နှံတဲ့ ပုံစံမျိုးကို ဓာတ်ပုံရိုက်ပြီးတော့ ကလေးကို ပြန်ထည့်ပေးလိုက်တာပဲလေ။ ဗိုလ်ကြီး ၂ ယောက်နဲ့တော့ ကျမတို့ စကားပြောခဲ့ရပါတယ်။ အေးအေးဆေးဆေးပဲနေပါ၊ ကိုယ့်သား ပြန်ရောက်ပြီပဲပေါ့နော်၊ အမတို့ အကိုတို့ စိတ်ချမ်းသာအောင်ပဲ နေကြပါပေါ့။ သူတို့ကတော့ ဒါပဲပြောတာပေါ့။

တပ်ထဲလိုက်ခေါ်တော့ တာဝန်ရှိသူတွေက ဘာကြောင့် ပြန်လွှတ်ပေးတယ်လို့ ပြောလဲဗျာ။

သူတို့ကတော့ ဘာကြောင့် ပြန်လွှတ်ပေးလဲဆိုတော့ နဂိုကတည်းက သွားတော့ ကလေးက မပျော်ပါဘူး။ အမေကြီးတို့နဲ့ ပြန်နေချင်တယ်ပြောတော့ ကျမတို့ကလည်း သားနေခဲ့ပါဦး ဆိုပြီးတော့ ပြန်လာတယ်လေ။ ပြန်လာတဲ့အခါမှာ ကလေးက ထွက်ပြေးတယ်။ ထွက်ပြေးတဲ့အခါမှာ ဗိုလ်ကြီးတွေက သိသွားတယ်။ သူတို့က အထက်ကို စာတင်ပေးတယ်။ ပြန်ခွင့်ရတဲ့ အချိန်ကျလာတဲ့ အခါကျတော့ သူတို့က ဆက်သွယ်ပေးတယ်။ လာခေါ်ပါတော့ ကလေးပြန်လို့ရပြီဆိုပြီး ပြောပေးပါတယ်။

ကျော်မျိုးပိုင်က တပ်ထဲက ထွက်ပြေးသေးတယ်ဆိုတဲ့ အကြောင်းလေး ထပ်ရှင်းပြပေးပါလား။

ဟုတ်ကဲ့။ မပျော်ဘူးဆိုပြီးတော့ မနေချင်လို့ဆိုပြီး ထွက်ပြေးတာလေ။ အဲဒီမှာ ကွာတားကျတာ။ ၆ လပိုင်း ၁ဝ ရက်နေ့က ကျမတို့ သထုံကို ထွက်သွားတယ်။ ၁၁ ရက်နေ့က ကလေးနဲ့ စကားပြောပြီး ပြန်လာတယ်။ ၁၂ ရက်နေ့ကျတော့ သူက ထွက်ပြေးတာ။ ကွာတားထဲမှာ ၇ ရက်ပြည့်တော့ လွှတ်ပေးလိုက်တယ်။

ကျော်မျိုးပိုင်ရဲ့ ကျန်းမာရေးကရော ဘယ်လိုရှိပါသလဲ။

ပထမတခေါက်သွားတော့ ဝမ်းသွားတာတော့ ရှိတာပေါ့နော်။ နောက်တခေါက်သွားတော့ ဝမ်းက ကောင်းသွားပြီ။ ကျန်းမာရေး ကောင်းသွားတာပေါ့နော်။

အခုလို သားကို ပြန်ရပြီဆိုတော့ ဒေါ်စန်းဝင်းအနေနဲ့ ဘယ်လိုများ ခံစားရပါသလဲ။ ဘာများပြောချင်ပါသလဲဗျာ။

မိသားစု စုံစုံလင်လင်နေရတော့ ဝမ်းသာပါတယ်။ လုပ်ပေးကိုင်ပေးတဲ့ လမ်းပြကြယ်အဖွဲ့က ဖြစ်ကြတဲ့ ဦးမြင့်သိန်းရယ်၊ အဘ ဦးအေး မြင့်ရယ်ကို ကျမတို့ဘက်ကနေပြီးတော့လေ ကျေးဇူးတင်ပါတယ်လို့။ ဌာနအသီးသီးက အကိုတွေ၊ အမတွေကိုရောပေါ့နော်။ သားလေးနဲ့ အမြန်ဆုံး ပြန်လည်ဆုံတွေ့အောင်လို့ လုပ်ပေးတာကို ကျေးဇူးတင်ပါတယ်၊ ကျမတို့က။