Thursday, July 21, 2011

ဝမ့်ဟိုင်းဌာနချုပ် သိမ်းပိုက်ရန် စစ်တိုင်း ၃ တိုင်း တာဝန်ခွဲဝေ

သျှမ်းသံတော်ဆင့်

သျှမ်းပြည်တပ်မတော်နှင့် မြန်မာစစ်တပ်အကြား ၄ လကျော်ကြာတိုက်ပွဲဖြစ်ပွါးနေခဲ့ပြီးနောက် ယခုရက် ပိုင်းအတွင်း ဝမ့်ဟိုင်း ဌာနချုပ် အား သိမ်းပိုက်ရန် မြန်မာစစ်တပ်၏ စစ်တိုင်း ၃ တိုင်းတို့ ခွဲဝေတာဝန် ယူကြကြောင်း ရမခ တိုင်း လက်အောက်ခံပြည်သူ့ စစ် အသိုင်း အဝိုင်းက ပြောသည်။

ယခုတစ်ပတ် နှစ်ပတ်အတွင်း အဆိုပါသတင်းထွက်ပေါ်လာခြင်းဖြစ်ပြီး ရမခ၊ ရပခ နှင့် အသစ်တိုးချဲ့သည့် ရလခ တိုင်းပါခွဲဝေတာဝန်ယူရကြောင်း အမည်မဖော်လိုသည့် အဆိုပါပြည်သူ့စစ်က ပြောသည်။

“ရမခတိုင်း စကခ ၁ လက်အောက်ခံတပ်ရင်းတွေက ကျိန်းလိန် - ကျေးဆီး(ကျေးသီး) ကားလမ်းမြောက် ဖက်ခြမ်းကို တာဝန်ယူရမယ်။ ရပခတိုင်း စကခ ၂ လက်အောက်ခံတပ်ရင်းတွေက ကားလမ်းတောင်ဖက်ခြမ်း ပေါ့။ ရလခ အရှေ့ အလယ်ပိုင်းတိုင်းရဲ့ တပ်တွေကျတော့ ဝမ့်ဟိုင်းဌာနချုပ် တောင်ဖက်ခြမ်းနဲ့ပါတ်ဝန်းကျင် အနီးတဝိုက်မှာပေါ့။ အဲလိုရှိတယ်။” ဟု ၎င်းလားရှိုးမြို့သား ကပြောသည်။

အတည်မပြုနိုင်သေးသည့်သတင်းအရ အဆိုပါ စစ်တိုင်း ၃ တိုင်းအကြား လွှဲချမှု စွပ်စွဲမှု အပြစ်ပုံချမှုများရှိ နေသော ကြောင့် ဝမ့်ဟိုင်းဌာန ချုပ်အား သိမ်းပိုက်ရန်ကြန့်ကြာနေရခြင်းလည်းဖြစ်နိုင်သည်ဟု သိရသည်။

“ ဝမ့်ဟိုင်းကိုသိမ်းပိုက်နိုင်ဖို့ ရမခတိုင်းက နည်းဗျူဟာတစ်ခုက မနေ့ကဘဲ ဝမ့်ဟိုင်းမြောက်ဖက် နမ့်ပုတ် မှာရောက် လာတယ်။ ရပခ တိုင်းက တစ်ဗျူဟာလဲ မိုင်းနောင်မှာ ချထားတယ်။ ရလခတိုင်း လက်အောက်ခံ တစ်ဗျူဟာကတော့ မိုင်းအောတ် မှာချထားတယ်။ သူတို့ ၃ တိုင်းထဲမှာဘဲ အတိုင်အဖေါက်မရှိဘူး။လက်တွဲပူး ပေါင်းလို့မရတဲ့ ပြဿနာရှိနေ တယ်လို့ ရိုးတိုးရိပ်တိပ် ကြားနေရတယ်” ဟု နီးစပ်သူတဦးကလည်း ပြောသည်။

သျှမ်းပြည်တပ်မတော် ဝမ့်ဟိုင်းဌာနချုပ်အနောက်မြောက်ဘက်ရှိ နမ့်ကိုင်ဖိတ်၊ လွယ်ကုန်၊ လွယ်ကျိုင်း ခံတပ်စခန်းအား မြန်မာ စစ်တပ် အပြင်းအထန်ထိုးစစ်ဆင်တိုက်ခိုက်ပြီးနောက်ဌာနချုပ်သို့ဆက်လက်ဝင် ရောက် တိုက်ခိုက်ရန် အမှတ် ၂ အထူး စစ်ဆင်ရေးအဖွဲ့မှူး သျှမ်းနှင့် ကရင်နီ(ကယား) ပြည်စစ်တိုင်းချုပ်ဗိုလ်ချုပ် အောင်သန်းထွဋ်ကိုယ်တိုင် သျှမ်းပြည် အလယ်ပိုင်း ကျေးသီးမြို့၌အခြေချ ကာတိုက်ရိုက် စီမံကွပ်ကဲ သည်ဟု လည်း ကြားသိရသည်။

သီးခြားအတည်မပြုနိုင်သေးသည့် သတင်းအရ ကျေးလက်ဒေသရှိ ကလေးသူငယ်၊ သက်ကြီးရွယ်အို၊ အမျိုးသား၊ အမျိုး သမီး၊ သျှမ်းစစ်သား (သူပုန်) မခွဲခြားဘဲ နယ်မြေရှင်းလင်းရေးစီမံကိန်းအတွက် မြေလှန်စနစ်ကျင့်သုံ်းရမည်ဟု လည်း စစ်ဆင်ရေးစစ်ဌာနချုပ်မှ ထုတ်ပြန်ထားကြောင်းသိရသည်။



No comments: