သျှမ်းသံတော်ဆင့်
သျှမ်းပြည်တပ်မတော် SSA ဋ္ဌာနချုပ်ဝမ်ဟိုင်းအား မြန်မာစစ်တပ် ထိုးစစ်ဆင်နေချိန် SSA က တန်ပြန် သည့် အနေဖြင့် မြန်မာစစ်တပ် နောက်ကျောကို ပြန်လည်တိုက်ခိုက်နေကြောင်း သျှမ်းတပ်သတင်း ရပ်ကွက်က အဆိုအရ သိရသည်။
သျှမ်းပြည် (မြောက်ပိုင်း) မိုင်းရယ်မြို့အနီး မြန်မာစစ်တပ် လုံခြုံရေးစခန်းများကို SSA က ယမန်နေ့ တစ်ရက် အတွင်း ၂ ကြိမ် တိုင်တိုင်စီးနင်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
မိုင်းရယ်မြို့အဝင် စစ်တပ်လုံခြုံရေးဂိတ်နှင့် မိုင်းရယ်မြို့နယ် လွယ်ငင်းကျေးရွာအုပ်စု နားဟီးရွာအနီး ယာယီ တပ်စခန်းချထားသော မြန်မာတပ်တို့အား တိုက်ခိုက်ခဲ့သည်ဟု သျှမ်းတပ်အရာရှိတစ်ဦးကဆိုသည်။
“ ၁၉ ရက်နေ့ ညနေ ၆ နာရီလောက်က နားဟီးရွာနားမှာ ဗမာတပ်တွေ ထမင်းစားနေတုန်း SSA က ၀င်ပစ် တာပေါ့။ အဲဒီမှာ ဗမာစစ်သား ၃ ယောက်သေတယ်။ အဲဒီညပိုင်းပဲ လားရှိုးကနေ မိုင်းရယ်မြို့အဝင်ဂိတ်ကို ၀င်ပစ်တယ်။ အသေအပျောက်တော့ မသိရဘူး ဂိတ်စခန်းတစ်ခုလုံး ပျက်စီးသွားတယ်” - ဟု ဆိုသည်။
ယခုလ ၁၈ ရက်နေ့ကလည်း မိုင်းရယ်မှ မိုင်းရှူးဘက်အထွက် မြို့လုံခြုံရေးဂိတ်အား တိုက်ခိုက်ခဲ့ရာ မြန်မာစစ် သည် ၂ ဦး သေဆုံးကြောင်း သိရသည်။
ရက်သတ္တတစ်ပတ်ကျော်ကြာ SSA ဋ္ဌာနချုပ် ၀မ်ဟိုင်းအနီးဖြစ်ပွားနေသည့် တိုက်ပွဲများယခုရက်ပိုင်းခေတ္တငြိမ် သက်သွားသော်လည်း မြန်မာတပ်များ ၀မ်ဟိုင်းဌာနချုပ်အနီးမှ ပြန်လည်ရုပ်သိမ်းခြင်း မရှိသေးကြောင်းသိရ သည်။
No comments:
Post a Comment