Wednesday, July 20, 2011

အရေးပေါ် အသုံးပြုနိုင်ရန် လူထုကားများ စတဲန်းပိုင် စောင့်ခိုင်း

မွေခေါဝ်

သျှမ်းပြည်တပ်မတော် SSPP/SSA နှင့်မြန်မာ စစ်တပ် တို့အကြား တိုက်ပွဲများ ပြင်းထန်လာသည့် ယခုလ ဆန်းမှစ၍ ကျေးသီးမြို့ရှိကားများအရေးပေါ် အသုံးပြုနိုင်ရန် ခလရ ၁၃၁ အတွင်း၌ အသင့်ပြင် စောင့် ဆိုင်းထားခိုင်းကြောင်း သိရှိရပါသည်။

“ဗင်ကားတစီး၊ ဟိုင်းလက်တစီး၊ ထော်လာဂျီတစီး၊ မြို့ထဲမှာရှိတဲ့ ကားအားလုံး အလှည့်ကျ တမျိုးတစီးစီ နေ့တိုင်းတပ်ထဲမှာ သွားစောင့်ခိုင်းတယ်။ သူတို့လိုတဲ့အခါ ချက်ချင်းစီးနိုင်ဖို့ပေါ့” ဟု ကျေးသီးကားဆရာ တစ်ဦးက ပြောပါသည်။

ခလရ ၁၃၁ အတွင်း သွားရောက်စောင့်ဆိုင်းနေရသောကြောင့် ကားသမားများ ဝမ်းစာအတွက် လွတ်လွတ် လပ်လပ် မလုပ်ကိုင်နိုင်သဖြင့် ညည်းညူနေကြသည်ဟုဆို၏။

တဖက်၌လည်း လားရှိုး-မိုင်းရှူးသို့ ပြေးဆွဲသော ကားများကို ခရီးလမ်းနီး/မြန်သည့် လားရှိုး-မိုင်းရယ်ကျေးသီး- ဝမ့်ဟိုင်း-မိုင်းရှူးလမ်းကြောင်း ဖြတ်သန်းခွင့်မပေးသည့်အတွက် ကားသမားများ အခက်ကြုံ နေရကြောင်း ရဲမာန်အောင်လိုင်း ကားသမားတစ်ဦးက ဤကဲ့သို့ ပြောပါသည်။

“ခရီးဝေးတဲ့ လားရှိုး-နမ့်လန်-ပန်ကေတု-ကျေးသီး-မိုင်းရှူးလမ်းကိုဘဲ သုံးခိုင်းတယ်။ ကျေးသီး-မိုင်းရှုးဘက်ဆွဲ တဲ့ အလတ်စား မှန်လုံဘတ်စ်ကားက ၄-၅ စီးဘဲရှိတာ။ ကား ၂ စီးလဲ ချောဆွဲတာမိထားတော့ ခရီးစဉ် ပုံမှန် လည်ပတ်လို့ မရဘူးဖြစ်နေတယ်။”


လမ်းခရီး၌လည်း မြန်မာစစ်သားများ လိုက်ပါစီးနင်းလာသဖြင့် နေရာကျဉ်းကြပ်ကာ ခရီးသည်များ ကြောက် လန့်ကြ ကြောင်း၊ တိုက်ပွဲဖြစ်ပွားနေချိန်ဖြစ်သည့်အတွက် ခရီးသည်များအတွက် လုံခြုံမှုမရှိကြောင်း ၎င်းက ဆက်ပြောပါသည်။

လားရှိုးမှ ကျေးသီးဖက်သို့ ပြေးဆွဲသော ရဲမာန်အောင် အဝေးပြေးဘတ်စ်ကားနှစ်စီးကို မြန်မာစစ်တပ်မှတိုက်ပွဲ ဖြစ်ပွား နေသည့် နမ့်ပုတ်၊ နမ့်ကိုင်ဖိတ်ဖက်သို့ လွန်ခဲ့သည့် တပတ်အတွင်း ချောဆွဲသွားရာ ယနေ့ တိုင် ပြန်လွတ်မပေးသေး ကြောင်းလည်း သိရှိရပါသည်။

No comments: