ကိုထွေး
မြန်မာ နိုင်ငံမှာရှိတဲ့ ကျောက်မီး သွေးသုံး လျှပ်စစ် ဓာတ်အားပေး စက်ရုံနဲ့ စီမံကိန်းတွေ အားလုံး ရပ်တန့် ပေးဖို့ ပတ်ဝန်းကျင် အရေး ဆောင်ရွက် နေတဲ့ သူတွေက ဒီကနေ့ တောင်းဆို လိုက်ပါတယ်။
သဘာဝပတ်ဝန်းကျင်အပေါ် ဆိုးကျိုးသက်ရောက်တာတွေ ရှိလာနိုင်တဲ့အတွက် မြန်မာနိုင်ငံက ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံနဲ့ လုပ်ဆောင်နေတဲ့ စီမံကိန်းတွေအားလုံး ရပ်တန့်ပေးဖို့ ထိုင်းနိုင်ငံ အခြေစိုက် ပအိုဝ့်လူငယ် အစည်းအရုံးနဲ့ ရှမ်းသဘာဝ ပတ်ဝန်းကျင်အဖွဲ့က ဒီကနေ့ ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်တာပါ။
ဇန်နဝါရီလ ၉ ရက်နေ့က လျှပ်စစ်စွမ်းအင် ဝန်ကြီး ဦးခင်မောင်စိုးက သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဆိုးကျိုးတွေ ဖြစ်လာနိုင်တဲ့အတွက် ထားဝယ် စီးပွားရေးဇုန်က မဂ္ဂါဝပ် ၄၀၀၀ ထွက်ရှိမယ့် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ စီမံကိန်းကို ရပ်တန့်လိုက်ပြီးတဲ့နောက် အခုလို တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။ ပအိုဝ့်လူငယ်အစည်းအရုံး ပြောခွင့်ရသူ ခွန်မျိုးထိုက တောင်းဆိုရတဲ့ ရည်ရွယ်ချက်ကို ခုလို ပြောပြပါတယ်။
“ကျနော်တို့ ပအိုဝ့်လူငယ် အစည်းအရုံးကတော့ ဒီကိစ္စကို ရပ်တန့်ပေးပါ။ မရပ်တန့်ပေးရင်တောင် စက်ရုံရဲ့ ဆိုးကျိုး ဘယ်လောက်ရှိ တယ် ဆိုတာကို ပြန်လည် ဆန်းစစ်ပြီးတော့မှ ဒီဒေသခံတွေရဲ့ လုံခြုံမှုရှိတဲ့ နေရာတို့၊ နောက်ပြီး သူတို့ရဲ့ ကျန်းမာရေးအတွက်လည်း အားလုံးပြန် လည် ပြုလုပ်ပေးပေါ့။”
မြန်မာနိုင်ငံမှာ ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံပေါင်း ၇ ခု တည်ဆောက်ဖို့ရှိတဲ့အနက် ၂ ခုက လည်ပတ်နေပြီ ဖြစ်ပါ တယ်။ လက်ရှိ အကြီးဆုံး ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံကတော့ ရှမ်းပြည်တောင်ပိုင်းက တီကျစ် ကျောက်မီးသွေး စက်ရုံဖြစ်ပြီးတော့ မဂ္ဂါဝပ် ၁၂၀ ထုတ်ပေးနေပါတယ်။
အဲဒီ့ ကျောက်မီးသွေးစက်ရုံကြောင့် ပတ်ဝန်းကျင်က လူဦးရေ ၁၂,၀၀၀ ကျော်ရဲ့ ကျန်းမာရေးနဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေကို ခြိမ်းခြောက်နေတယ်လို့ သူတို့နှစ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ရေးပါတယ်။
ရှမ်းပြည်အရှေ့ပိုင်း မိုင်းကုတ်မှာလည်း အီတာလျံထိုင်း ကုမ္ပဏီကနေပြီးတော့ ၃၆၉ မဂ္ဂါဝပ် ထုတ်လုပ်ပေးနိုင်မယ့် လျှပ်စစ်ဓာတ်အား စီမံ ကိန်းကို အကောင်ထည်ဖော် ဆောင်ရွက်နေပါတယ်။
No comments:
Post a Comment