Tuesday, January 24, 2012

စီအဲန်အေ တပ်မှူးများ အစည်းအဝေး ကျင်းပပြီးစီး

KHONUMTHUNG NEWS

ချင်း အမျိုးသား တပ်မတော် တပ်မှူးများ အ စည်း အဝေးကို ဇန္န၀ါရီလ ၁၈ ရက် နေ့မှ ၂၁ ရက် နေ့အထိ ၄င်း တို့ဌာန ချုပ်စ ခန်းတွင် အောင်မြင်စွာ ကျင်းပ ပြီးစီး ကြောင်း သ တင်း ရရှိ သည်။

အစည်း အဝေးသို့ ချင်း အမျိုးသား တပ်ဦး၏ အဓိပတိ ကောင်စီ ၀င်များ၊ စစ်ရေးရာ ကော်မီတီ ၀င်များနှင့် အထွေထွေ အတွင်း ရေးမှူး ချုပ်၊ လက်ထောက် အထွေထွေ အတွင်း ရေးမှူးချုပ် များ ပါဝင်တက် ရောက်ကြ သည်။

အစည်း အဝေးက တပ်မတော်ကို တိုင်းဖြင့် ဖွဲ့စည်းထား ခြင်းကို ဗျူဟာ ဖြင့် ပြန်လည်ဖွဲ့စည်းကြပြီး တပ် စည်းကမ်း ပိုမို ကြပ်မတ် ရေး၊ ပြည်သူနှင့် ချစ်ကြည် ရင်းနှီး မှုပိုမို ရယူရေး၊ ဒေသ အတွင်း အစိုးရ တပ်မတော် သားများနှင့် တိုက်ခိုက်မှု မပြု ရေးတို့ ဆွေးနွေးကြ ကြောင်း သိရသည်။

“ တပ်တွင်း မွမ်းမံသင်တန်းတွေကို မကြာခင်ပြုလုပ်ဖို့ ဆွေးနွေးတယ်၊ အဓိက က တပ်တွင်း စည်းကမ်းပိုမို ရှိရေးပေါ့ နော် ” ဟု တပ်မ တော်အရာရှိတဦးက ပြောသည်။

ထို့အပြင် ဇန္န၀ါရီလ ၅ ရက်နေ့မှ ၆ ရက်နေ့အထိ ချင်းပြည်နယ်အစိုးရနှင့် ပဏာမ ငြိမ်းချမ်းရေး သဘော တူညီချက်နှင့် ပါတ်သက်ပြီး ပြန်လည်ရှင်းလင်းမှုပြုလုပ်ကြကြောင်း သိရသည်။

ပဏာမ သဘောတူညီချက်တွင် ချင်းပြည်နယ်အတွင်း ချင်းအမျိုးသားတပ်မတော်ကို တီးတိန်မြို့နယ်၊ ထန်တလန်မြို့နယ်၊ ပလက်ဝမြို့နယ်အတွင်း ကျေးရွာအုပ်စု နှစ် ခု၊ သုံးခု စီတွင် နေထိုင်ခွင့်ပြုထား သည်။

No comments: