Saturday, December 22, 2012

သူတို့ပြောသော ဆက်ကြေးများ အကြောင်း (ပေးစာ)

မောင်တောဒေသခံတဦး

ယခု မောင်တောမြို့နယ် တောင်ပိုင်း နယ်မြေ (၈)ပိုင် ကျေးရွာ အုပ်စုများတွင် စစ်ဦးစီး ဆရာကြီး မြင့် ကိုသည် ဒေသခံ လောင်း (လှေ) သမားများထံမှ လောင်း (လှေ) မှတ်ပုံ တင် စာအုပ် တစ်အုပ်လျှင် ငွေ ၁၀၀၀၀ကျပ် ကောက်ခံ ခြင်း၊ လ စဉ်ပုံမှန် လက်မှတ် ရေးထိုးလျှင်လည်း ၅၀၀၀ကျပ် ကောက်ခံခြင်း၊ ဘက္ကရီ အစ်ပွဲတော်တွင် သတ်ဖြတ် စားသောက်ရန် အတွက် သယ် ဆောင် လာသည့် ကျွဲ၊ နွားများအား တစ်ကောင်လျှင် ကျပ် ၁၀၀၀၀ ကောက်ခံခြင်း၊ ကျေးရွာ အုပ်စုများရှိ ပြည်သူများ ထံမှ တရားမ၀င် ဘင်္ဂလာ မိုဘိုင်းလ်ဖုန်း ကိုင်ဆောင်ခ ဆိုပြီး အိမ်ထောင်စု (၁) စုလျှင် ကျပ်ငွေ ၃၀၀၀မှ ၅၀၀၀ ထိ ကျေး ရွာ အုပ်ချုပ်ရေးမှူးမှ ကောက်ခံ ၍ နယ်မြေခံ စစ်ဦးစီးသို့ အုပ်စု (၁)ခုမှ တလလျှင် ကျပ်(၁၀) သိန်း စီပေး သွင်းရပါသည်။

နယ်မြေ (၈) အပိုင် သပြေတော ကုန်းဂုံကာရာရွာမှ ရခိုင်ပြည်နယ်မှ ဘင်္ဂလား ဒေ့ခ်ျ နိုင်ငံပြေးသူ အ ဘူလာရှိမ်း ဆိုသူသည် ဆော် ဒီနိုင်ငံမှ ပြန်လာပြီး မိ သားစုနှင့် (၅)ရက်နေထိုင်ရန် နယ်မြေရုံးသို့ ငွေ (၅) သိန်း ပေးသွင်း ရပါ သည်။ ဆ ရာကြီး မြင့်ကို၊ ဆရာကြီး အောင်သာထွန်းနှင့် အဒူလာတို့သည် ကျေးရွာရှိ ဘင်္ဂလားဒေ့ခ်ျ ပြေးများ တရားမ၀င် ပေါင်းသင်းနေသူ များထံမှ ကိုယ်ကျိုး အတွက် ငွေကြေးများ ကောက်ခံပြီး အရေးယူဆောင်ရွက်မှုများ တစ်စုံတစ်ရာ ပြုလုပ် ခြင်းမရှိပါ။ စစ်ဦးစီးရုံးမှ အဒူလာ သည် ယခင်နယ်မြေမှူး သီမင်းထိုက် လက်ထက်တွင် ဘင်္ဂလားဒေ့ခ်ျပြေး ပယ်ဖျက်ပြီး သူတစ်ဦး ဖြစ်ပြီး ကျေးရွာများတွင် စစ်ဦးစီး အမည်ခံ၍ တရားမ၀င် ငွေကြေးများအား ၄င်းကိုယ်တိုင် လိုက်လံ ကောက်ခံလျှက် ရှိပါသည်။ စစ်ဦးစီးရုံးမှ ဆရာကြီး မြင့်ကိုနှင့် နယ်မြေမှူး PA(ပီ အေ)ဆိုသူ ဆရာကြီး အောင်သာထွန်း တို့မှလည်း တရားမ၀င် မှောင်ခို လုပ်ငန်း ဆောင်ရွက်သူများနှင့် ညှိနှိုင်း၍ ကိုယ်ကျိုးစီးပွား အ တွက် ငွေကြး တောင်းခံခြင်းများကို အမြဲဆောင်ရွက်လျှက်ရှိကြသည်။ ဤစာမှာ နစက တပ်ဖွဲ့ဝင်များ ပြုလုပ်နေသော ဆပ်ကြေး ကောက် ခံ ခြင်းများ ဖြစ်ပါ ကြောင်း ရေးသား တင်ပြ လိုက်ရပါသည်။

No comments: