Wednesday, December 12, 2012

ရှမ်းနှစ်သစ်ကူးပွဲတက်ရန် ခွန်ထွန်းဦး ရှမ်းပြည် အရှေ့ပိုင်းသို့ ခရီးထွက်

ကော့လီ

ရှမ်းပြည်နယ် အရှေ့ပိုင်း ကျိုင်းတုံမြို့မှာ ကျင်းပမယ့် ၂၁၀၇ ခုနှစ် ရှမ်းရိုးရာ နှစ်သစ်ကူးပွဲ တက် ရောက်ရန်အတွက် ရှမ်းတိုင်းရင်းသားများ ဒီ မိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ခွန်ထွန်းဦး ဟာ ကျိုင်းတုံမြို့သို့ ဒီဇင်ဘာလ ၇ ရက်နေ့က လေ ကြောင်းခရီးနဲ့ ရောက်ရှိခဲ့ပါတယ်။

ကျိုင်းတုံလေဆိပ်ကို ရောက်ရှိလာတဲ့ ခွန်ထွန်းဦး ကို ပရိသတ် အင်အား ၄၀၀ ခန့်က အိုးစည်ဗုံမောင်းများနှင့် လာရောက်ကြိုဆိုကြတာကို တွေ့ရပါတယ်။


လာကြိုတဲ့ လူတွေကတော့ အစုံပါပဲ။ ကျိုင်းတုံ SNLD ပါတီဝင်တွေ၊ ရှမ်းနှစ်သစ်ကူးပွဲ ဖြစ်မြောက်ရေးကော်မတီဝင်တွေ အများဆုံး လာ ကြို ကြတယ်။ ကျားဖြူပါတီနဲ့ NLD ကလူတွေလည်း လာကြိုကြတယ် – လို့ လေဆိပ်ကို သွားကြိုသူ တစ်ဦးက ကော့လီကို ပြောပါတယ်။

ကျိုင်းတုံမြို့မှာ ဆက်ဆံရေးဖွင့်လှစ်ထားတဲ့ RCSS အဖွဲ့ကလည်း ပြည်တွင်းဆက်ဆံရေးရုံးများ တာဝန်ခံ ဗိုလ်မှူးချုပ် စိုင်းလူး နဲ့အဖွဲ့ကလည်း လာရောက်ကြိုဆိုကြတယ်လို့ သိရပါတယ်။

ရှမ်းပြည်နယ် အရှေ့ပိုင်း ခရီးစဉ်ကို ခွန်ထွန်းဦးနဲ့အတူ ဒုတိယဥက္ကဋ္ဌ စိုင်းစောအောင်၊ အထွေထွေအတွင်းရေးမှူး စိုင်းညွန့်လွင်၊ တွဲဖက် အ တွင်းရေးမှူး စိုင်းလိတ် တို့လည်း လိုက်ပါသွားတယ်လို့ သိရပါတယ်။

No comments: