Monday, December 17, 2012

၁၀ နှစ်တာ ရပ်နားထားခဲ့သော စဝ်ဆေခန်ဖ ဆု စိုင်းဖအား ပ ထမဆုံး ပြန်လည်ချီး မြှင့်

ကော့လီ

မူစယ် ရှမ်းစာပေနှင့် ယဉ်ကျေးမှုအသင်းက ချီးမြှင့်ပေးအပ်တဲ့ စဝ်ဆေခန်ဖ ဆု ပေးအပ်ခြင်းကို ၁၀ နှစ်တာမျှ ရပ်နားထားခဲ့ပြီးနောက် ယခုနှစ်တွင် ရှမ်းစာပေ ပညာရှင် စိုင်းဖ ကို စဝ်ဆေခန်ဖ ဆု ပထမဆုံး ပြန်လည် ချီးမြှင့်ပေးအပ် လိုက် တယ်လို့ သတင်းရရှိပါတယ်။

ဒီဇင်ဘာလ ၁၅ ရက်နေ့မှာ ကျင်းပခဲ့တဲ့ မူစယ်မြို့နယ် ရှမ်းနှစ်သစ်ကူးပွဲတော် အခမ်းအနားမှာ မူ စယ် ရှမ်းစာပေနှင့် ယဉ်ကျေးမှု အသင်း နာယက စိုင်းမောင်စိန် က စိုင်းဖ ကို အခုလို ချီးမြှင့်ပေး အပ်ခဲ့တာ ဖြစ်ပါတယ်။

စိုင်းဖဟာ နှစ်ပေါင်း လေးဆယ်ကျော်ကြာ ရှမ်းစာပေ သင်ကြားရေးကို အခုအချိန်အထိ တစိုက် မတ်မတ် ဆောင်ရွက်ခဲ့ပြီး ရှမ်းသမိုင်းနှင့် ယဉ်ကျေးမှု သုတေသန စာအုပ်များစွာကို ရေးသား ထုတ်ဝေခဲ့ပါတယ်။ ၁၉၈၈ ခုနှစ်မှာ တည်ထောင်ဖွဲ့စည်းခဲ့တဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်တွင် ဗဟိုစည်းရုံးရေးမှူးအဖြစ် ပါဝင်ခဲ့ပြီး ၁၉၉၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲတွင် ကျောက်မဲ မဲဆန္ဒနယ် အမှတ်(၂) ကနေ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်အဖြစ်ရွေးကောက် တင်မြှောက်ခံ ခဲ့ရပါတယ်။

စဝ်ဆေခန်ဖ ဆု သည် ရှမ်းသမိုင်းတွင် အထင်ရှားဆုံး ဧကရာဇ်တစ်ဦးရဲ့ နာမည်ကိုယူပြီး မူစယ် ရှမ်းစာပေနှင့် ယဉ်ကျေးမှုအသင်းကနေ ရှမ်း သက္ကရာဇ် ၂၀၉၅ (ခရစ်သက္ကရာဇ် ၂၀၀၀ ခုနှစ်) ကနေ စပြီး ချီးမြှင့်ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။

၂၀၀၀ ခုနှစ်တွင် ရှမ်းလင်္ကာ ပညာရှင် စိုင်းမောဝ်ခမ်း၊ ၂၀၀၁ ခုနှစ်တွင် ရှမ်းစာပေ ပညာရှင် ဦးတန်း ကဲ၊ ၂၀၀၂ ခုနှစ်တွင် ရှမ်းသမိုင်း ပညာ ရှင် စိုင်းအောင်ထွန်း၊ ၂၀၀၃ ခုနှစ်တွင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ စိုင်းသာအေး (ဆေဟုမ်မိန်း) တို့အား ချီးမြှင့် ပေးအပ်ခဲ့ပြီး နိုင်ငံရေး အခြေအနေ ရှုပ်ထွေးမှုကြောင့် ၁၀ နှစ်ကြာ ပေးအပ်ချီးမြှင့်နိုင်ခြင်း မရှိဘဲ ယခုနှစ်မှသာ ပြန်လည် စတင်ပေးအပ်နိုင် ခြင်း ဖြစ်တယ်လို့ မူစယ် ရှမ်းစာပေနှင့် ယဉ်ကျေးမှုအသင်း တာဝန်ရှိသူ တစ်ဦးက ကော့လီကို ပြောပါတယ်။

မိုင်းမော ဘုရင် ဆေခန်ဖ သည် ရွှေလီမြစ်ဝှမ်းတွင် အေဒီ ၁၃၁၁ က စတင်နန်းစံခဲ့ပြီး ရှမ်းသမိုင်းတွင် အထင်ရှားဆုံးနဲ့ အကျယ်ပြန့်ဆုံး လက် နက်နိုင်ငံတော်ကို တည်ထောင်နိုင်ခဲ့တဲ့ ရှမ်းဧကရာဇ် တစ်ဦး ဖြစ်ပါတယ်။ 

1 comment:

Unknown said...

ဦးစိုင်းဖကို ဂုဏ်ပြုအားကျပါကြောင်း လျန်းခုံ့း့ 